Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Sidecar ဆော့ဖ်ဝဲဖြင့် စမတ်ဖုန်း ဝန်ဆောင်မှု အသစ်ပေးအပ်


Sidecar
Sidecar application ဖြင့် စမတ် ဖုန်းများကို အသုံးပြုရန် ပိုမို လွယ် ကူမည့် အပြင် ပိုမို ကောင်းမွန် လာမည် ဖြစ်ကြောင်း သိရှိရသည်။ သုတေသီ များက ပိုမိုကောင်း မွန်စွာ ဖန်တီး နိုင်ရန် လိုအပ်ချက် များကို စမ်းသပ် တီထွင်နေသည်ဟု ဆိုသည်။ Google Play နှင့် Apple App Store များထံမှအခမဲ့ Download ဆွဲယူ အသုံးပြုနိုင်သည့် အတွက် ယခု နောက်ဆုံးပေါ် Android စမတ် ဖုန်း၊ iPhone များနှင့် iPod Touch တို့၌ အသုံးပြုနိုင်မည်ဖြစ်သည်။

အင်တာနက်အတွက်အသုံးဝင်မယ့် USB Modem


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းငါးသောင်းတန် GSM နဲ့ WCDMA ဖုန်းတွေချပေးနေရာမှာ အင်တာနက်ပါတစ်ပါတည်းသုံးလို့၊ လျှောက်လို့ရနေပြီဖြစ်ပါတယ်။ တချို့ဖုန်းတွေမှာ အင်တာနက်အသင့်သုံးနိုင်တဲ့ Function ပါဝင်ပေမယ့် အသင့်မသုံးနိုင်တဲ့ ဖုန်းမော်ဒယ်တွေအတွက် USB Modem ကတစ်ဆင့် ကွန်ပျူတာနဲ့ အင်တာနက်သုံးနိုင်ပြီဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ရှိနေမယ့် Android


ကမ္ဘာ့ကွန်ရက်ကြီးထဲကနေ နှိုက်ထုတ် ရှာဖွေဖို့ အတွက် ဖန်တီးဆောင်ရွက်ပေးရာမှာ နံပါတ် (၁) အဆင့်လို့ ပြောနိုင်လောက်အောင် ကြိုးစား ဆောင်ရွက်လာတဲ့ Google က  မိုဘိုင်းကွန်ပျူတာ နောက်ကွယ် Android Operating System လို့ ခေါ်တဲ့ လည်ပတ်စနစ်ကိုလည်း ဖန်တီးပေးခဲ့တယ်။ Android ကို စတင် မိတ်ဆက်ရာကနေ စွမ်းဆောင်ချက်တွေ၊ အရည်အချင်းတွေနဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ အစဉ်တစိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးရင်း မကြာသေးတဲ့ လပိုင်းအတွင်းကစပြီး version 4.0 ကို ထပ်မံ မိတ်ဆက် လာခဲ့တယ်။ Android OS ထဲမှာတော့ အမြင့်ဆုံး ပုံစံနဲ့ နောက်ဆုံး ထုတ်ပေးခဲ့တာ ဖြစ်တယ်။ ၂၀၁၂ ခုနှစ်အတွက် Android version လို့ပဲ ဆိုရလေမလား။ နောက်ထပ် အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိသေးလားတော့ မမှန်းဆနိုင်ပါ။ သေချာတာကတော့ ၂၀၁၂ ခုနှစ်မှာ Android အခြေပြု ကိရိယာတွေ အတွက် ထူးခြားတဲ့ ခံစားခွင့်တွေ ပေးမှာတော့ အသေအချာဖြစ်တယ်။ အထူးသဖြင့် ပြိုင်ဘက် iOS ကို ကျော်လွှားနိုင်ဖို့နဲ့ အန္တရာယ်ပေးနိုင်တဲ့ Windows ကို ဆီးကာထားနိုင်ဖို့ အရည်အချင်းတွေ ထုတ်သုံးပေးရပါလိမ့်မယ်။

Android ဆိုတာဘာလဲ

 
ကျွန်တော် ဒီ ပို့စ်ကို မိတ်ဆက်အနေနဲ့ ရေးပေးတာ ဖြစ်ပါတယ်။ iPhone, Android, Windows Mobile စသည်ဖြင့် အဓိကကျတဲ့ Mobile Development တွေ ရှိကြတဲ့အထဲမှာ အနီးစပ်ဆုံး ဖြစ်တဲ့ Open Source ဖြစ်တဲ့ Android ကို မိတ်ဆက် ပေးချင်ပါတယ်။ tutsplus နဲ့ အခြား ကောင်းနိုးရာရာ Android နဲ့ ဆိုင်တဲ့ ဆိုက်တွေအကုန် လေ့လာပြီး မိတ်ဆက်အနေနဲ့ ရေးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုမှ စလေ့လာမှာ ဖြစ်ပါတယ်။ Mobile Development ကို လေ့လာဖို့ သေချာပေါက်လို အပ်နေတဲ့ အချိန်မှာ ကျွန်တော်ကတော့ Android ကို ရွေးချယ် ဖြစ်ပါတယ်။ ဘာကြောင့် ရွေးဖြစ်ရတာလဲ ဆိုရင် Open Source ဖြစ်နေလို့ပါပဲ။

GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ...

 
www.monetine.net GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ
 GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ

             ဖုန်းတွေနဲ့ GPS စနစ်အသုံးပြုတဲ့အခါမှာ တစ်ခါတစ်ရံမှာ ဖော်ပြချက်တွေမှားယွင်းနေတတ်တယ်.....  ဒါပေမဲ့ မှားယွင်းဖော်ပြချက်တွေက အချိန်တိုင်းမမှားပါဘူး။