Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
မြန်မာပြည်ကို ဖုန်းကနေ message ပို.လို. ရပီဆိုပဲ
Profile Pictureမြန်မာပြည်ကို ဖုန်းကနေ messageပို.လို.ရပြီလို့တော့ပြောပါတယ်။စမ်းကြည့်ချင်တယ်၊လိုအပ်တယ်ဆိုရင် သုံးကြည့်နိုင်ပါတယ်။တခြား Apkတွေလို မက်ဆေ့တွေကို copy, paste function လေးတော့ ပါမလာတာတွေ့ရပါတယ်။ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေ အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်မိတယ်ဖိုင်ဆိုဒ်က155kလောက်ရှိပြီးဗားရှင်း၂.၂နဲ့အထက်အသုံးပြုလို့ရပါတယ်။အလွန်အသုံးတဲ့ပါတယ်။အရင်ဆုံးမိမိဖုန်းထဲထည့်ပြီး အကောင့်ဖောက်လိုက်ပါ။txtMyanmar userid : 188XXXXXXXXXXXXXXဆိုတာလေးကို မှတ်ထားပါ။IDကို ဒီအတိုင်းထားပြီး မိမိ passwordနဲ့ဝင်ရပါ့မယ်။ရပြီဆိုရင်တော့ message ပို့ချင် တဲ့ဖုန်းကို 9595xxxxxx, 95973xxxxx,9594xxxxxxx, စသည်ဖြင့်ရိုက်ပို့နိုင်ပါသည်။၀၉-၉ x x  x x  x x  x ဆိုရင်တော့ ဖုန်းနံပါတ်ရိုက်တဲ့ အခါ ရှေ့က ၀မှသုံညမပါပဲ ၉၅ဆိုပြီးရိုက်ထည့်ပေးရပါ့မယ်။၉၅ x  x  x x  x x  xဆိုပြီးတော့ပေါ့။Message လက်ခံသောဖုန်း internet မလိုပါ။ မက်ဆေ့ပို့လိုက်တယ်ဆိုရင်ပဲ မက်ဆေ့ပို့ပြီးကြောင်း ဖော်ပြပါလိမ်မယ်။အခုဆိုရင်trial ကို ၃၁.၇.၂၀၁၂ အထိတိုးပေးလိုက်ပါတယ်။အဲ မက်ဆေ့ ကိုတော့ မြန်ဂလိ(Eng လိုရိုက်) မှ အဆင်ပြေတာတွေ့ရပါတယ်။တဖက်ဖုန်းမှာ မြန်မာဖောင့်ရှိမယ်ဆိုရင် မြန်မာလိုပို့လည်းရပါတယ်။ ပထမ ၇ရက်အလကားပေးထားပါတယ်။ ဒါပေမဲ့ ၂.၉၉ဒေါ်လာပေးရပြီး နောက်ထပ်၇ရက်ပဲထပ်တိုးပြီးသုံးလို့ရတာပါ... အလွန်ဈေးကြီးနေပါသေးတယ်..။စမ်းသပ်ကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။
ဝမ်းဗိုက်ကြွက်သားတွေသန်မာစေဖို့ 6 Pack Promise
ဒါကတော့ကိုယ်ကာယကျန်းမာသန်စွမ်းစေဖို့နည်းပေးလမ်းပြညွန်ကြားပေးတဲ့Apk လေးဖြစ်ပါတယ်။ကျန်းမာရေးလိုက်စားလိုသူများ ဆောင်ထားသင့်တဲ့ apk လေးပါ။အထဲမှာ ၈မိနစ်စာ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြထားပေးပါတယ်။ အခြေခံကစလို့ တွဲခေါ်ပေးမယ့် လေ့ကျင့်ခန်းတွေနဲ့အတူ ၈ပတ်လောက်ကစားလိုက်၇ုံနဲ့တင် မိမိကိုယ်ကို ယုံကြည့်မူ ပိုမိုတိုးတတ်လာပါလိမ့်မယ်။ အချိန်အခက်ခဲဖြစ်နေသူများအတွက်လည်း  ၈မိနစ်စာလောက်နဲ့တင် အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်ပါလိမ့်မယ်။သရုပ်ဖော်ပုံလေးတွေနဲ့ ပြသပေးထားလို့ အခက်ခဲမရှိ လေ့ကျင့်နိုင်ပါလိမ့်မယ်။အဆင့်တစ်ဆင်ချင်းဆီ လုပ်ဆောင်နိုင်ပါတယ်။အထူးသဖြင့် ၀မ်းဗိုက်ကြွက်သားတွေကို ပိုမိုသန်စွမ်းပြီး အားကောင်းစေမှာဖြစ်ပါတယ်။မိမိမှာ ၀မ်းဗိုက်ကြွက်သားတွေ  ပိုင်ဆိုင်ထားမယ်ဆိုရင် မိန်းကလေးတွေ သဘောကျစေမှာလည်း မလွဲပါ။ဒါမို့ မိမိကိုယ်ကို ယုံကြည့်မူအပြည့် ရှိစေချင်ရင်တော့ ဆောင်ထားသင့်ပြီး လေ့ကျင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။နောက်လည်း Fitnessလေကျင့်ခန်း များကို တင်သွားပေးဖို့လည်းရှိပါတယ်။
Android သုံးရတာမြန်ဆန်စေဖို့ Quick CPU Overclock PRO
Android သုံးရတာမြန်ဆန်စေဖို့ကူညီပေးမှာပါ။ဒီ apk လေးကတော့ CPU ပမာဏ လွန်ကဲတာတို့၊စက်လေးကန်သွားတာတို့ ၊Memory လွန်ကဲမူတွေမဖြစ်အောင် လျော့ချထားပေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်75kပဲရှိပြီး Android ၂.၂နဲ့အထက်အသုံးပြုလို့ရနိုင်ပါတယ်။ဘက်ထရီ ကိုလည်းတာရှည်ခံအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ပါဝါစားတဲ့app တွေကိုလည်း လျော့ချထားပေးနိုင်ပါတယ်။သူ့ရဲ့Features တွေကို အသေးစိတ်သိချင်ရင်တော့:
+ Overclock your CPU (more power)
+ Save battery
+ Automatically switch between profiles
+ Advanced real-time device info (kernel, uptime, CPU load, CPU clock, stats, memory, battery, etc.)
Android မှာ မျက်နှာပြင်လှလှလေးသုံးချင်သူများအတွက်Apex Launcher Pro
Apex Launcher Pro
ဒီ Launcher လေးကတော့Androidဗားရှင်း4.0 နဲ့ အထက်ပဲ အသုံးပြုနိုင်ပါတယ်။ အဆင့်မြင့်မြင့်လေး သုံးချင်တဲ့သူများအတွက် အကြိုက်တွေ့စေမှာပါ။သူရဲ့featuresတွေကတော့:
- Multiple configurable drawer tabs
- Unread count notifications
- Dock swipe gestures
- Two finger gestures
- More transition effects
- ADW, LauncherPro, and Go Launcher theme support
- Batch add option for folders
- Option to merge folder contents
- Widgets in dock (1x1 only)
- Overlapping widgets
- More features on the way!
Android ဂိမ်းဝါသနာရှင်များအတွက် Galaxy Wars Defense
Galaxy Wars Defense
ဒီဂိမ်းလေးကတော့ Graphics ကောင်းကောင်းကစားချင်တဲ့သူများအတွက် အရမ်းလန်းပါတယ်။မိမိခံတပ်လေးကို တည်ဆောက်ပြီး ခုခံကွာကွယ်ရတဲ့ဂိမ်း အမျိုးအစားဖြစ်ပါတယ်။မြေပုံအမျိုးမျိုး ပြောင်းလဲ ဆော့နိုင်ပါတယ်။မိမိကြိုက်နှစ်သက်ရာ လက်နက်များကို လည်း ပြောင်းလဲနိုင်ပါတယ်။ သူရဲ့Featuresကတော့:
* Stunning Graphics, Particle Effects and Animations.
* Super big maps with the resolution of 1380x900 and 1980x1200! HD graphics especially for pad.
* 12 maps with three levels of difficulty(coming more).
* Interactive terrain with open path.
* 8 Types of Towers with 3 Upgrade Levels Each.
* 3 game modes: Classic, Extended & Endless.
* Pinch zoom in/out battle field.
* Weapons shop and achievements make game more interesting to play a long time.
Android အသုံးပြုတဲ့သူတွေ အတွက် Paper Camera
Paper Camera
ဒီ apkလေးဟာဆိုရင် ဓာတ်ပုံတွေကို ရိုက်တဲ့အခါ ကာတွန်းပုံစံလေးတွေ၊ခဲပန်းချီပုံစံ စတဲ့ ပုံစံမျိုးလေးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ စက္ကူပေါ်မှာ ရေးဆွဲထားသလိုမျိုး effect လေးတွေ သက်ရောက်စေမှာ ဖြစ်ပါတယ်။ကင်မရာနဲ့တွဲဖက်ပြီး မိမိကြိုက်နှစ်သက် သလို  ဆေးပန်းချီ ရေးချယ်နိုင်ပါလိမ့်မယ်။ နောက်ထပ် ပါဝင်တဲ့ effectတွေကတော့ cartoon/sketch/comic book/half tone/noir/neon စတာတွေလည်းလုပ်နိုင်ပါသေးတယ်။
Android ဖုန်းတွေအတွက် 3D Digital Weather Clock
3D Digital Weather Clock 
လှပတဲ့ရောစပ်မှု ပုံစံသစ်လေးပါ။ Animation တွေ ကအရမ်းကောင်း ပါတယ်။3D Digital clock widget ဟာဆိုရင် Calendar, Time, System info,weather & forecast စတာတွေကို အလှဆင်နိုင်ပါတယ်။ သူရဲ့ features တွေကတော့ :
12/24 hour clock +Color choice on some info displayed
System Stats Information pop-up
Battery icon on clock
Weather & Forecast
2 Forecast layouts
စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
Android Mobile Phone များအတွက်အကောင်းဆုံး Browser များ
သင့်ရဲ့ သေးငယ်သော Screen များဖြင့်အလုပ်လုပ်သော Android Mobile Phone များပေါ်တွင်သင်အသုံးပြုလိုသောလုပ်ငန်းဆိုင်ရာ G-mail,Facebook စသည်တို့ အတွက်လုပ်နိုင်စွမ်းရှိသော,RSS Feeds များအသုံးပြုနိုင်ရန်အတွက် Web Browser ကောင်းကောင်းလိုမှာပါ။ကျွန်တော်ခုပြောမယ့် Web Browser လေးတွေကတော့သင့်အတွက်လိုအပ်မယ့် Browser လေး၊အသုံးတည့်ပြီးဖုန်းထဲမှာရှိသင့်ရှိထိုက်တဲ့ Browser လေးတွေကိုသင်ကိုယ်တိုင်ရွေးချယ်စေနိုင်မှာဖြစ်ပါတယ်။ Apple လိုပါပဲ..သင့် Android Phone များအတွက် third-party web browser software တွေအမြောက်အများရှိပါတယ်။ဒါပေမဲ့ Apple ကသူ့ ရဲ့ IOS မှာ အခြားသော third-party browser တွေကို safari browser နဲ့ အတူရှိခွင့်၊အသုံးပြုနိုင်ခွင့်တို့ ကိုကန့် သတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ က open source ဖြစ်တဲ့ Android ပေါ်မှာအခြားသောအသုံးဝင်နိုင်တဲ့ Web Browser လေးတွေအကြောင်းကိုလေ့လာကြမှာပါ။
မိုဘိုင်းဖုန်းရှိသူများဆောင်ထားသင့်တဲ့ Software တစ်မျိုးပါ (Moblie Edit )
                            မိမိမှာ Mobile ဖုန်းလေးတစ်လုံးရှိရင် ဒီ Software လေးကိုဆောင်ထားသင့်ပါတယ်။
သူကဘာကောင်းလဲဆိုတော့ Computer နဲ့ Mobile ချိတ်ဆက်ပြီး အချက်လက်များပေါင်းထည့်ခြင်း။
Copyကူးခြင်း၊ Phone Book ထဲမှ Data တွေသိမ်းဆည်းခြင်း၊ Phone ကို Backup လုပ်ခြင်း၊ Ring Tone များတီးဖြတ်ခြင်း၊ Live view of phone and card memory, battery, signal, IMEI ၊ Photo , Video တွေကိုပွားယူခြင်း၊ Download, read, store and print text messages ၊ ကွန်ပြူတာ Keyboard သုံးပြီး Message ပို့နိုင်ခြင်း၊ PC ကနေ Software တွေကို Install လုပ်ပေးနိုင်ခြင်း၊ စတဲ့ လုပ်ဆောင်ချက်တော်တော်များများကို လုပ်ဆောင်ပေးနိုင်ပါတယ်။
Android သမားတွေအတွက် ကီးဘုတ်စတိုင်လေးပြောင်းသုံးကြည့်ရအောင်
 iTap Keyboard 
အိုင်ဖုန်း ကီးဘုတ် စတိုင်တွေ ၊ Gingerbread ကီးဘုတ်စတိုင်တွေ Stone layoutစတိုင်တွေ
စတဲ့ ပြောင်းသုံးလို. ရတဲ့ keyboardလေးဖြစ်ပါတယ်။ စာလုံးလေးတွေရိုက်ရတာလည်း ပို မြန်ဆန်ပါတယ်။ကီးပတ်လေးကလည်း အရမ်းလန်း၊အရမ်းလှပါတယ်။1.4M ရှိပြီး ဗားရှင်း၂.၂နှင့်အထက်အသုံးပြုနိုင်ပါ့မယ်။ 
Android အသုံးပြုတဲ့သူတွေ အတွက်Beejive IM
Beejive IM Live Messenger MSN
Facebook IM, Google Talk, ICQ, Jabber, MSN/Windows Live, Myspace IM နဲ့ Yahoo! Messenger တွေကို တစ်ပြိုင်တည်း အသုံးပြုလို့ရတဲ့ Beejive IM ကို Android အသုံးပြုသူတွေကိုမျှဝေလိုက်ပါတယ်။
Android OS Battery မခံလို့ စိတ်ညစ်နေကျတဲ့သူတွေအတွက်
JuiceDefender - battery saver
Smart ဖုန်းတွေအတွက် JuiceDefender app ကိုဝေမျှလိုက်ပါတယ်။ JuiceDefender battery save ကတော့ တစ်ခြား battery saver တွေထက်များစွာသာလွန် ကောင်းမွန်တာကိုတွေ့ရမှာဖြစ်ပါတယ်။
Android ပေါ်မှာRynga နဲ့ဖုန်းခေါ်ကြမယ်
MobileVOIP - Cheap calls
ဆွစ်ဇာလန် အခြေစိုက် Rynga Online Phone အသစ်တစ်မျိုးဖြင့် မလေးရှား၊ တရုတ် ၊ ထိုင်း နှင့် အမေရိကန်၊ရုရှားစတဲ့ ဥရောပ အချို့နိုင်ငံများသို့ အခမဲ့ ခေါ်ဆိုခွင့်ပေးထားပါသည်။ အချို့နိုင်ငံများအတွက် ဖုန်းစနစ်တစ်မျိုးအတွက်သာ ရရှိပြီး ခေါ်ဆိုခွင့် ကာလ လေးလဖြစ်ပါသည်။တစ်ပါတ်လျှင် နှစ်နာရီ အခမဲ့ ရရှိပါမည်။ ပိုမိုခေါ်ဆိုလိုပါက credit ၀ယ်ယူပြီး ကမ္ဘာနိုင်ငံအသီးသီးသို့ ဈေးနုန်းချိုသာစွာဖြင့် ခေါ်ဆိုနိုင်ပါတယ်။အောက်ဖော်ပြထားတဲ့နိုင်ကံတွေကိုတော့ Free ပေါ့။အကောင့်တစ်ခုလုပ်ပြီးရင်တော့ Free  ၅မိနစ်တော့ပြောလို့ရပါ့မယ်။
Argentina ,Canada ,China (Mobile),Czech Republic (Mobile),Finland ,Hungary,Iran (Mobile),Israel ,Netherlands ,Poland,Singapore (Mobile),Sweden ,Thailand,United Kingdom ,United States
မိုဘိုင်းဖုန်းများတွင် VZO Chat ကဲ့သို့ ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်
မိုဘိုင်းဖုန်းများပေါ်တွင် VZO Chat ကဲ့သို့ စကားပြောသူနှစ်ဦး ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့အသုံးပြုရာတွင် ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
KakaoTalk Free Calls & Text
KakaoTalk Free Calls & Text
ဒီapkလေးကလည်း Android အသုံးပြုသူတွေ သဘောတွေ့စေမှာ အမှန်ပါ။အများစုသိကြတဲ့ viberလိုပဲ ဖုန်းဖရီးcall ခေါ်လို့ရသလို  အုပ်စုလိုက်စကားပြောချင်တာလည်း ရနိုင်ပါတယ်။ဖုန်းထဲမှာ ဒီApkလေးရှိတဲ့ ဖုန်းအချင်းချင်း အုပ်စုလိုက်ဖြစ်ဖြစ် one-to-oneဖြစ်ဖြစ် 3G ၊ Wifi ရှိတဲ့ ဘယ်နေရာကိုမဆို ဖုန်းဖရီး စကားပြောဆိုင်နိုင်ပါတယ်။အသုံးပြုတာကတော့viberလိုပါပဲ ၊ မိမိဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Activate ကီးလေး ကို ပြန်ထည့်ပေးလိုက်တာနဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ အချင်းချင်းဆက်သွယ်ချင်ရင်တော့ ကိုယ်က သူ့ရဲ့ ဖုန်းနံပါတ်ကို သိထားရပါ့မယ်။သူ့ရဲ့ Featureတွေကတော့
Google Drive
Google Drive တဲ့.....online က ကိုယ့် gmail acccount နဲ့  stick လိုမျိုးသိမ်းထားနိုင်ဖို့ 
google Drive logo လေးGoogle Drive
Search Engine ဘုရင်ကြီး google က mobile လောကမှာ Android ကိုထုတ်ပြီးအအောင်မြင်ဆုံး Mobile OS Emperor ကြီးကိုတည်ထောင်ခဲ့ရုံမကဘူး..ခုလည်းပဲလုပ်ချလိုက်ပြန်ပီဗျာ....Google Drive တဲ့ဗျာ...အဟဲ...( Drive ဆိုမှတော့ကျွန်တော်တို့ တွေသိနားလည်နေတဲ့ ...pen drive, hard drive,
ဂိမ်းဝါသနာရှင်များအတွက် AngryBirds Space
Angry Birds Space 
ဂိမ်းဝါသနာရှင်များအတွက် ဒီဂိမ်းလေးကိုတော့ ပြောစရာတောင်မလိုတော့ပါဘူး။နာမည်ကြီးဂိမ်းဖြစ်တဲ့  AngryBirds Space ကိုဝေမျှလိုက်ပါတယ်။
Samsung Galaxy Mobile ဖွဲ့ စည်းပုံလေး
Samsung Galaxy Mobile ဖွဲ့ စည်းတည်ဆောက်ပုံ
အတွင်းပိုင်းဖွဲ့ စည်းတည်ဆောက်ပုံ Block Diagram ပါ.....အဓိကကတော့ Application Processor ပါ.....
Audio Codec ရှိပါတယ်.......အပြင်နဲ့ တိုက်ရိုက်ထိစပ်တဲ့ အပိုင်းတွေကိုအဖြူရောင်တွေနဲ့ ပြထားပြီးတော့
IC ပေါ်မှာတွဲစပ်တည်ဆောက်ထားတဲ့အပြာရောင် IC Block တွေကိုတော့ Phone ရဲ့ circuit ပိုင်းမှာ IC သေးသေးတွေတွေအဖြစ်မြင်တွေ့ ရမှာဖြစ်ပါတယ်.........
Pre-Paid Phone Card စနစ်အကြောင်း
Pre-paid Phone Card ဆိုတာဘာလဲ?
အရိုးရှင်းဆုံးပြောရရင်တော့ Pre-Paid Card ဆိုတာ ရောင်းတဲ့တစ်နေရာရာ(စတိုးဆိုင်၊ဖုန်းဆိုင်၊super market ,……)ကနေ၀ယ်ယူထားပြီးCall minutesသတ်မှတ်ထားတဲ့ဂဏာန်းတွေပါဝင်တဲ့ကတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ပိုက်ဆံတန်ဖိုးတွေပါဝင်ပါတယ်(စကားပြောလို့ ရတဲ့ အချိန်တွေကို Bill ကြိုရှင်းထားတဲသဘောပေါ့)တကယ်တော့ ဒီ Pre-paid Phone Card ဆိုတာက ကတ်ထုတ်လုပ်သူဆီကနေ telephone service (call,receive,message,….) တွေကို advance (ကြိုတင်ပေးငွေ) အနေနဲ့   account ဖွင့်ပြီး ပေးထားတဲ့နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။(ဥပမာ- MPT ကထုတ်တဲ့ MPT Phone Pre-paid Cards, Redlink ကထုတ်တဲ့ Wi-Fi net-now Wireless Pre-paid Card, Yatanarpon ကထုတ်တဲ့ Dial-up Access Kit  )
ရေစိုဖုန်း handset တွေကိုဘယ်လို ပြင်မလဲ
ဟဲ...ဟဲ....ဒါလေးကတော့လူတော်တော်များများစိတ်ဝင်စားကြမှာပါ.....
သင်္ကြန်ပြီးပြီးချင်းဖုန်းဆိုင်ကြော်ငြာတွေမှာရေစိုဖုန်းတွေကိုပြင်တယ်..
ဆိုတဲ့ကြော်ငြာတွေတော့စိတ်ဝင်စားမိတယ်ဗျာ၊ နောက်ခုလိုမိုးတွင်း
တွေဆိုဖုန်းတွေရေငွေ့ ရိုက်တာတို့ ၊ရေစိုတာတို့ ဖြစ်တတ်တယ်လေ
ဘယ်လိုများပြင်လဲပေါ့....အဓိကကတော့နည်းပညာပါပဲဗျာ.......
ကျွန်တော်လည်းဒီနည်းပညာသိရဖို့ တော်တော့်ကိုရှာဖွေလေ့လာပြီး
သုတေသနပြုခဲ့ရပါတယ်...ဒါလေးကိုဖတ်ပြီး တစ်စုံတစ်ရာအကျိုးရှိမယ်
ဆိုရင်ကျေနပ်ဝမ်းမြောက်လှပါပြီ.......
Android OS Setting စနစ်များအသုံးပြုခြင်း ၁
Android OS နဲ့ပတ်သက်ပြီး အသုံးပြုနိုင်မယ့်စနစ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဖော်ပြပေးတဲ့နေရာမှာတော့ အဓိကအနေနဲ့ Android ရဲ့ Setting စနစ်တွေကို အဓိကထားပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Android OS ရဲ့ Setting ထဲကို ၀င်လိုက်တယ်ဆိုရင်တော့ ဒီထဲမှာအသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့တော့ Wireless & Network ဆိုတဲ့စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Android OS Setting စနစ်များအသုံးပြုခြင်း
Mobile Network ထဲက နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Accesspoint ဆိုတာကတော့ မိုဘိုင်းဖုန်း အင်တာနက်စနစ်တွေအတွက် Accesspoint တွေကို အသစ်ပြုလုပ်ခြင်း ဖြည့်စွက်ခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။
Voice Reminder
Voice Reminder
ဒီ software လေးက ချိန်းထားတဲ့အလုပ်တစ်ခုခုကို ဘယ်အချိန်မှာ ဘာလုပ်စရာရှိတယ်ဆိုပြီး Alarm နဲ့ အချက်ပြပေးပါလိမ့်မယ်။
သာမန်အချက်ပြပေးတဲ့ Function ကမထူးဆန်းပေမဲ့ ဒီ software လေးကတော့ သင်ကိုယ်တိုင် Record လုပ်ထားတဲ့ အသံနဲ့ ပြန်ပြီးသင့်ကို Remind လုပ်ပေးမှာဖြစ်ပါတယ်။
လုပ်စရာရှိတာတွေကို တစ်ခုချင်းအသံနဲ့မှတ်သားပေးနိုင်ပြီး သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ဘာလုပ်စရာရှိတယ်ဆိုတာကို အသံနဲ့ သတိပေးမှာဖြစ်လို့ ဘေးနားမှာလူတစ်ယောက် ရှိနေသလိုပါပဲ။
Remind လုပ်တဲ့နေရာမှာလည်း နာရီအတိအကျနဲ့သတ်မှတ်ပေးထားနိုင်သလို၊ နောက်ဘယ်မိနစ်မှာ Remind လုပ်ပါဆိုပြီးတော့လည်း Edit လုပ်ထားနိုင်ပါတယ်။
Rising Mobile Security
Mobile Security လေးပါ သူက ဖုန်းမှာမရှိမဖြစ်လိုအပ်တဲ့ ဆောစ့်ဝဲလေးပါ။
 သို့မဟုက်
PCဒေါင်းလုပ်
Android V3.2.6 Phone များအတွက် Spider-Man Total Mayhem HD Game
           Android ဖုန်း ရှိသူများ အတွက် Game လေးတစ်ခုတွေ့လို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။ Game ကတော့ Spider Man Total Mayhem HD Game အမျိုးအစားဘဲဖြစ်ပါတယ်။ကျွန်တော့် သူငယ်
ချင်း Phone မှာတော့ ကစားလို့ ကောင်းတယ်ဗျ။ HD Game ဆိုတော့လည်း ရုပ်ထွက်ကပြောစရာမလိုပါ
ဘူးဗျာ။
Face Swap Ver 1.1 For Android
uuuuuuuuuuu
Android ချစ်သူတွေအတွက် ပျော်စရာ App လေးတခုဝေမျှလိုက်ပါတယ် ။ချစ်သူစုံတွဲ ဖြစ်ဖြစ် ၊
သူငယ်ချင်း အချင်းချင်းတွေပဲဖြစ်ဖြစ် ..အတူတူ တွဲရိုက်ထားတဲ့ ပုံလေးတွေကို မျက်နှာခြင်း ပြောင်းလဲနိုင်တဲ့
App လေးပါ…အသုံးပြုရတာလဲလွယ်ကူလို့  ပျော်ရွှင်စရာလဲကောင်းပါတယ်။ ဒီ APP လေး က Play မှာ €0.79 ပေးရမှာပါ။ လိုအပ်ပါက အောက်က လင့်မှာ ဒေါင်းယူနိုင်ကြောင်းပါ ခင်ဗျာ။
Andriod ကို မြန်ဆန်စေမယ့်AutoKiller Memory Optimizer
AutoKiller Memory Optimizer
ဒီဟာကတော့ဖုန်းထဲမလိုအပ်တဲ့ဆောစ့်ဝဲလ်တွေကိုပိတ်ပေးတဲ့ ဆောစ့်ဝဲလ်လေးပါ။ဖုန်းတွေဟန်းသွားတဲ့အခါ၊နှေးကွေးလေးလံသွားတဲ့အခါ ဒီကောင်လေးက မလိုလားအပ်တာတွေကို အလွယ်တကူပိတ်ထားပေးပြီးMemoryကို တိုးမြှင့်နိုင်အောင်  ကူညီပေးပါလိမ့်မယ်။Android 2.1နဲ့အထက် အသုံးပြုနိုင်ပြီး Root လုပ်ထားရင်ပိုအဆင်ပြေပါလိမ့်မယ်။ သူ့မှာပါဝင်တဲ့ features တွေကတော့:
- no ads
- Chuck Norris mode enabled
- apply kernel tweaks on boot
- alternate preset (while screen is off)
- all widgets
- quick restart
- memory reclaim စတာတွေပဲဖြစ်ပါတယ်။
Open Source ရဲ့  နောက်ဆုံးproduct phone os( Android ) အလားအလာ
OpenSourceလို့ ဆိုတာနဲ့ linuxကြီးကိုတန်းမြင်မှာပါ...ဟိုးအရင်ကပေါ်ပေါက်လာခဲ့တဲ့Unixကိုကွန်ပျူတာကျောင်းသား linux က ဖန်တီးပေးလာခဲ့လို့  linux kernel တွေလည်းပေါ်ထွက်လာပြီး source code တွေကိုပါ online တင်ပေးလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Programmerတွေဝိုင်းဝန်းပြင်ဆင်ဖြည့်စွက်လို့ လည်းဒီနေ့ အထိ linux ဟာတည်ရှိနေပြီး အကောင်းဆုံး OSတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်နေခဲ့ပါတယ်...
Linux အမျိုးအစားတစ်မျိုး ဖြစ်တဲ့ google android
linux မျိုးကွဲတစ်မျိုးဖြစ်တဲ့ google android 
ခုချိန်မှာတော့ Linux ကတစ်ခေတ်ဖြစ်နေချိန်လို့ ပဲပြောရမလား...Linux တစ်ခေတ်ဆန်းဖို့  အခြေအနေ
တွေကဖြစ်လာပြီဆိုပဲဆိုရမလားဗျာ....ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးထုတ်ကုန်ဖြစ်တဲ့ apple ၇ဲ့ IOS သုံး
ီDevice တွေနဲ့ ( ipad,iphone,ipod) ယှဉ်လာပြီလေ...နည်းပညာအရတော့ Linux အမျိုးအစားတစ်မျိုး
ဖြစ်တဲ့ google android ကလိုအပ်ချက်တွေရှိကောင်းရှိပေမယ့် open source ဖြစ်လေတော့ခုနောက်
ပိုင်း hand phone တော်တော်များများမှာအသုံးပြုလာခဲ့တဲ့အတွက် Android ကတော့လူသုံးများလာခဲ့
ပါပြီ။ Apple ကတော့အကြံတူနောက်လူသာစမြဲဆိုတာကိုလက်မခံချင်တာကိုလည်းတွေ့ နေရပါတယ်။
Android ကို Wallpaper လန်းလန်းလေးနဲ့ အလှဆင်ကြည့်မယ်
aniPet Aquarium LiveWallpaper
ဒီတစ်ခါတော့အလှငါးမွေးကန် လေးထဲမှာ ရွှေငါးလေးတွေ မွေးကြရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။Animation တွေ ကအရမ်းကောင်းမွန်တာကြောင့်Wallpaperလန်းလန်းလေးကိုမျှဝေပေးလိုက်ပါတယ်။အလှငါးမွေးတာကိုဝါသနာပါတဲ့သူများအတွက်ငါးကန်လေးထဲမှာချစ်စရာငါလေးတွေကိုAndroid ပေါ်မှာ မွေးမြူ နိုင်ပါတယ်။ကန်လေးထဲမှာ ၁၅ကောင်၊အကောင်၂၀ထည့်ထားလို့ရပြီး အများကြီး ပွားအောင် မွေးမြူနိုင်ပါတယ်။ Setting များကိုလည်း လိုအပ်သလိုရွေးချယ် နိုင်ပါတယ်။ 
Chess ထိုးကြည့်ရအောင်
Screenshots
 ဒီတစ်ခါတော့ Chess လေးထိုးပြီး စဉ်းစားကြည့်ရအောင်လို့ Chess Live လေးကို မျှဝေပေးလိုက်ပါတယ်။Chess ၀ါသနာရှင်များ ရယူနိုင်ပါတယ်။ကစားသူတစ်ယောက်တည်းကစားနိုင်သလို၊
အဖော်ရှိမယ်ဆို၇င်လည်း နှစ်ယောက်တွဲပြီး ကစားနိုင်ပါတယ်။Option မှာလည်း ကစားသူစိတ်ကြိုက်ပြင်ဆင် သက်မှတ်ပေးလို့ရပါတယ်။levels ၅ မျိုးတောင် ကစားနိုင်ပါတယ်။ အင်တာနက်ချိတ်ဆက်ထားမယ်ဆိုရင်တော့ အွန်လိုင်းမှာပါ ကစားလို့ရပါတယ်။Undo/Redo လုပ်ပြီး ကစားနိုင်တာမို့ Chessကို အခုမှစပြီး ကစားချင်သူများပါ အဆင်ပြေစေမှာဖြစ်ပါတယ်။
Mobile Phones တွေဘယ်လိုအလုပ်လုပ်သလဲ
ပြထားတာပါ
Kaspersky Antivirus
 Kaspersky Mobile Security 
မိမိတို့ရဲ့ Android device တွေကို ကာကွယ်ဖို့ Antivirus ထဲက ဒီတခါတော့ Kaspersky Antivirus  ကိုစမ်းသပ်သုံးကြည့်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်။အသုံးပြုရတာလည်း လွယ်ကူတာမို့ Kaspersky နှစ်သက်သူများ သဘောတွေ့စေမှာပါ။ဒီကောင်လေးကို Android Version 2.2 အထက်မှာသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။
ကြောင်ကလေး Tom နဲ့ စကားပြောကြမယ် For Android
Talking Tom Cat Free
iPhone မှာလို စက်ရုပ်တွေလဲ ကြောင်ကလေး Tom နဲ့ စကားပြောကြရအောင်။ တစ်ယောက်ထဲ နေတဲ့ အခါပဲဖြစ်ဖြစ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်နေတဲ့အခါပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် အပျင်းအပြေ ကြောင်ကလေးနဲ့ စကားစမြီးပြောရတာ ပျော်စရာကောင်းပါတယ်။ ကိုယ်က ဘာပဲပြောပြော တလုံးမကြံပြန်ပြောတဲ့ ကြောင်ကလေးက ချစ်စရာလေးပါ။ ယုတ်စွအဆုံး သူမသိအောင် အိပ်ငိုက်လို့ သန်းတာကိုတောင် ကြားမိအောင်ကြားလိုက်လို့ ကိုယ့်ကို ပြန်သန်းပြတာလေးကလဲ ကြောင်ကလေး Tom ရဲ့ ချစ်စရာ အမူအရာလေးပါ။ စိတ်တိုရမလိုလို ရယ်ပဲရယ်တော့ မလိုလိုနဲ့ နောက်ဆုံး ကြောင်ကလေး Tom အချစ်ပိုသွားတာကတော့ သုံးဖူးသူတိုင်းကို လက်တို့ပြီး မေးကြပေတော့ ။
Applications များကို Android Phone & Tablet ဖုံးထဲသို့ PC မှ တိုက်ရိုက် Install လုပ်နည်း
နေ့စဉ် ကျနော်တို့အသုံးပြုံးနေတဲ့ Android Phone & Tablet ထဲကို လိုချင်တဲ့ App များကို နည်းအမျိုးမျိုးနဲ့ ထည့်သွင်း ယူကြတယ်ဆိုတာ မိတ်ဆွေများ သိပြီးသားဖြစ်ပါတယ်။ အခု ကျနော် ပြောမဲ့ နည်းကတော့ တစ်ခါတည်းနဲ့ အလုပ် ၂ခုပြီးတဲ့ နည်းလမ်းလေးပါ။ Android Phone & Tablet ကို PC နဲ့ USB Cable အသုံးပြုပြီး ချိတ်လိုက်တဲ့အခါမှာ မိမိရဲ့ Android Phone & Tablet ကို Charge သွင်းပြီးသားဖြစ်သလို ၊ မိမိလိုချင်တဲ့ App များကို Android Phone & Tablet ကို Google Play ဆိုက်ကနေ တပြိုင်နက် ထည့်သွင်းယူလိုလဲပါတယ်။
GSM Message ကို Free ပို့လို့ရပါပြီ
တိုတိုတုတ်တုတ်ပဲပြောမယ်နော်
၁။သင့်ဖုန်းကGSMဖုန်းဖြစ်ပါစေ။
၂၊ဖုန်းရဲ့ Message ကိုသွားပါ။
၃။Message Setting ကိုဝင်ပါ။
၎။Message Center ကိုသွားပါ။
၅။အဲဒိမှာ *********003 လို့တွေ့ပါလိမ့်မယ်။
Android Phone အတွက် Bluetooth Chat
ချက်ဝါသနာအိုးများအတွက် Bluetooth Chat လေးပါ။ အသုံးချတတ်ရင် အသုံးချတတ်သလို အသုံးတည့်တယ်။ အသေးစိတ်တော့ မရေးတော့ဘူးဗျာ။ ချက်အိုးတွေ ဒီလောက်ဆို သဘောပေါက်ပါတယ်။ ဘာတွေကောင်းသလဲ ဘာတွေလုပ်လို့ရသလဲ မေးရင် ကောင်းမှကောင်း။ အကုန်ကောင်း။  သူ့ထက် ကောင်းတာတောင် သူ့လောက် မကောင်းဘူး :P
Android Phone & Tablet များအတွက် Internet Download Manager
PC တွေမှာလို မိမိလိုချင်တဲ့ ဖိုင်တွေကို Download ရယူသလိုမျိုး စက်ရုပ်အမျိုးစား Android Phone & Tablet တွေမှာလဲ Internet Download Manager ကို အသုံးပြုပြီး လိုချင်တဲ့ ဖိုင်တွေကို Download ရယူနိုင်ပါပြီ။ ဖုံးတွေမှာသုံးတဲ့ Applications တွေရဲ့ အားသာချက်က ဘာ Key မှ ထည့်စရာလိုပါဘူး။ သူတို့တောင်းတဲ့ ဈေးပေးပြီး ၀ယ်ချင်ရင်ဝယ် ဒါမှမဟုတ် မိမိလိုချင်တဲ့ Applications များကို ဖုံးထဲက Market မှာ ရှာဖွေပြီး Download လုပ်ပြီး ယူချင်ယူ။ အဲ တခုရှိတာက မိမိသုံးနေတဲ့ Software က အချိန်တန်ရင်တော့ Update လုပ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ Update လုပ်တဲ့အခါမှာ Connection ကောင်းဖို့တော့ လိုအပ်တာပေါ့ဗျာ..:P ပုံလေးတွေကိုကြည့်ပြီးသာ အသုံးပြုကြပေတော့။
SMS Messaging in Android
 Section Feature image
အခု ကျူတိုရီရယ်လေးကတော့ Posted by weimenglee ရဲ့ SMS Messaging in Android ကို ပြန်စမ်းထားတာပါ။ author ရဲ့ original ကိုကြည့်ချင်သူများကတော့ ဒီလိပ်စာ အတိုင်းသွားနိုင်ပါတယ်။
ဒီ ကျူတိုရီရယ်လေးကို စမ်းတဲ့အခါ တကယ် Devices မလိုအပ်ဘဲ Emulator လေးနှစ်ခုကို port နံပါတ်လေးခွဲပြီး စမ်းနိုင် တဲ့အတွက် အကျိုးများမယ်ထင်ပြီး မျှဝေလိုက်ပါတယ်။