Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Mobile App Center ကို Facebook စတင်မိတ်ဆက်



ကမ္ဘာပေါ်က လူ သန်းပေါင်း ၉၀၀ ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်က သုံးစွဲသူတွေ ပိုပြီး အလွယ် တကူဖြစ်စေဖို့ အပလီကေးရှင်း App Center ဆိုတဲ့တခုကိုလည်း တွဲဖက် အသုံးပြုနိုင်ပါပြီ လို့ ဆိုပါတယ်။

ဒီ အပလီကေးရှင်းကို လွန်ခဲ့တဲ့ မေလက စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒါကို ပထမဆုံး အသုံးပြုနိုင်ရာက ပြီးရင်တော့ ဥရောပ တခွင် ကနေ ကမ္ဘာတ၀ှမ်း ဖေ့စ်ဘုတ်အဖွဲ့ဝင်များက သုံးစွဲ သွားနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဂိမ်းတွေ၊ ဗွီဒီယိုတွေ အတွက် အထူး အသုံး တည့်မှာလည်းဖြစ်ပါတယ်။

Angry Birds Space Premium

Angry Birds Space Premium
ဒါကတော့ နာမည်ကျော်Angry Birds ဂိမ်းဖြစ်ပါတယ်။အခုဂိမ်းအသစ်လေးမို့ မျှဝေပေးလိုက်တာပါ။ဖိုင်ဆိုဒ်23M ရှိပြီး ဗားရှင်း1.6နဲ့အထက် ကိုအသုံးပြုနိုင်ပါတယ်။သူရဲ့ FEATURES တွေကိုသိချင်ရင်တော့
• 60 interstellar levels!
• Regular free updates!
• Brand new birds!
• Brand new superpowers!
• Zero-gravity space adventures!
• Trick shots using planets’ gravity!
• Hidden bonus levels!
• Beautifully detailed backgrounds!

AccuWeather Platinum

AccuWeather Platinum

Android အသုံးပြုသူတွေအတွက် ရာသီဥတုအခြေအနေများကို အလွယ်တကူကြည့်ရူနိုင်ဖို့ ဒီapkလေးက အကူညီပေးပါလိမ့်မယ်။နေ့စဉ်နေ့တိုင်း ရာသီအခြေနေတွေကို Updateလုပ်ပေးနိုင်ပါတယ်။informationတွေကို ၁၅ရက်စာအတွက်ထိအောင် Update လုပ်ထားပေးနိုင်ပါတယ်။ဘာသာပေါင်း၂၇မျိုးနဲ့ အသုံးပြုနိုင်သလို၊မိမိဒေသစံတော်ချိန်နဲ့ကိုက်ညီမယ့် တည်နေ၇ာများကိုလည်းရွေးချယ်နိုင်ပါသေးတယ်။ဖိုင်ဆိုဒ်ကတော့ 7.7Mဗားရှင်း2.0.1 အထက်အသုံးပြုနိုင်ပါလိမ့်မယ်။

SmartShift Lockscreen

SmartShift Lockscreen
မိမိတို့ Androidဖုန်းရဲ့ Lockscreen ခပ်လန်းလန်းလေးထားချင်သူများအတွက် အသုံးတည့်တဲ့ apkလေးဖြစ်ပါတယ်။Lockပုံစံများကို စိတ်ကြိုက်ပြင်ဆင်သက်မှတ်နိုင်ပါတယ်။settingမှာ မိမိတို့ကြိုက်နှစ်သက်ရာဒီဇိုင်းနဲ့ အရောင်းလေးတွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါလိမ့်မယ်။ဖိုင်ဆိုဒ်6.3Mရှိပြီး ဗားရှင်း2.1အထက်အသုံးပြုနိုင်ပါတယ်။

Period Tracker® Deluxe

Period Tracker® Deluxe 

အမျိုးသမီးများကျန်းမာရေးအတွက်ဒီapkလေးကတော့ကူညီပေးပါလိမ့်မယ်။အမျိုးသမီးများ ရာသီသွေး ပေါ်သော ဓမ္မတာ စက်ဝန်းကို အလွယ်တကူမှတ်ထားနိုင်ပါတယ်။မိမိဖုန်းထဲမှာတင် မိမိရဲ့ကျန်းမာရေးအခြေနေကိုသိရှိနိုင်ပါတယ်။ဒီထဲမှာပဲအလွယ်တကူမှတ်သားထားနိုင်ပါလိမ့်မယ်။ဖိုင်ဆိုက်က8.3Mလောက်ရှိပြီးဗားရှင်း 2.1နဲ့အထက် အသုံးပြုနိုင်ပါ။သူရဲ့အသေးအစိတ် FEATURESတွေကတော့

နေ့စဉ်ငွေပေါက်ဈေး ကြည့်ရူ့နိုင်မယ့် XE Currency

XE Currency 

XE Currencyဟာဆိုရင် နေ့စဉ်ပေါက်ဈေးဖြစ်တဲ့ ဒေါ်လာဈေး၊ မြန်မာကျပ်ငွေ ၊ စင်္ကာပူဒေါ်လာ စတဲ့ ငွေ exchange rates တွေကို မှန်မှန်ကန်ကနု ဖော်ပြပေးတဲ့ apk လေးဖြစ်ပါတယ်။ ငွေကြေးလဲလည်နူန်းထားတွေကို တွက်ချက်လို့လည်းရပါတယ်။OFFLINE အသုံးပြုလို့လဲရပါသေးတယ်။OFFLINEပြုမယ်ဆိုရင်တော့ အရင်ဆုံး ဒီ APK လေးကို နောက်ဆုံuးpdated လုပ်ပေး၇ပါလိမ့်မယ်။ဖိုင်ဆိုဒ်ကတော့1.0M ၇ှိပြီး ဗားရှင်း2.1နဲ့အထက်အသုံးပြုနိုင်ပါတယ်။

ဖုန်းBattery တွေကို တာရှည်အသုံးပြုနိုင်ဖို့ အတွက်Battery Repair (Doctor Boost)

Battery Repair (Doctor Boost)
ဒီ apkလေးကတော့ မိမိတို့ဖုန်းBattery တွေကို တာရှည်အသုံးပြုနိုင်ဖို့ ကူညီပေးတဲ့ Battery Repairလေးဖြစ်ပါတယ်။ဒီကောင်လေးကို အသုံးပြုမယ်ဆို၇င်တော့ အရင်ထက် သိသိသာသာBattery အသုံးခံတာကိုတွေ့ရပါတယ်။ဖိုင်ဆိုဒ် 19M ရှိပြီး ဗားရှင်း2.2နဲ့ အထက်အသုံးပြုနိုင်ပါတယ်။

Android deviceတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ History Eraser Pro

History Eraser Pro 
 ဒီ apkလေးကတော့ Android deviceတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ ကောင်လေးဖြစ်ပါတယ်။ကျွန်တော်တို့ PC တွေမှာသုံးတဲ့ccleaner လိုပဲ စက်ကို သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ phoneတွေကို cleanupလုပ်ပေးမယ်၊ရှာဖွေထားတဲ့ history တွေကို deleteလုပ်ပေးမယ်၊ ဖုန်းရဲ့calllogတွေ ဖယ်ရှားတာတို့၊ မလိုအပ်တဲ့ smsတွေကို deleteလုပ်ပေးတာတို့၊ နောက်ပြီး ဖိုင်တွေရဲ့cacheတွေကို သန့်ရှင်းပေးတာတို့, စက်ထဲမှာ မလိုအပ်တဲ့ဖိုင်တွေကို ရှင်းလင်းပေးတာတို့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။နောက်ပြီးမိမိတို့ဖုန်းတွေရဲ့memory တွေကို ကောင်းမွန်စေသလို နောက်ထပ်ဖိုင်တွေထားဖို့ နေရာတွေကိုလည်း ပိုမို ရရှိစေပါတယ်။သူရဲ့ အသေးစိတ်Featureတွေအနေနဲ့ကတော့:

သင်ထည့်သွင်းသင့်သော Free Android App (၁၃) ခု



Smart Phone ဈေးကွက်ကို အပြိုင်အဆိုင်လုနေကြတဲ့ ယနေ့ခေတ်အချိန်အခါမှာ Android ဖုန်းအသုံးပြုသူများ အနေနဲ့ iPhone သုံးသူတွေထက် အားသာနေတဲ့အချက်က Free App ပေါင်းများစွာကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Free ထည့်သွင်းအသုံးပြုနိုင်တဲ့ Android App (၁၃) ခုကို ဖော်ပြပေးချင်ပါတယ်။

Google Play (Market) ကနေ apk ဖိုင်တွေကို ကွန်ပျူတာပေါ် ဒေါင်းလုပ်ချကြည့်ရအောင်

 How to download APK files from Google Play to Pc
ကဲဒီတစ်ခါတော့GooglePlay(Market)ကနေAPKfiles တွေကိုPc ပေါ်ဒေါင်းလုပ်ပုံစံချကြည့်ရအောင်လား။Google Play(Market)ဟာဒီအတိုင်းဆိုရင်ဖုန်းပေါ်မှာပဲ ဒေါင်းလုပ်ချခွင့်ရှိတာပါ။PCကွန်ပျူတာပေါ်ကို ဒေါင်းလုပ်ချခွင့်ပေးမထားပါဘူး။အခုဖော်ပြမယ့် ဟာလေးကတော့ဖုန်းထဲတင်မကပဲPCကွန်ပျူတာထဲမှာပါသိမ်းထားချင်တဲ့သူများအတွက်အသုံးဝင်ပါလိမ့်မယ်။ လိုအပ်တာတွေကတော့....
Chrome browser ဖြစ်ဖို့လိုပါတယ်(Chrome သမားတွေအတွက်အကြိုက်ပေါ့)
ပြီးရင် APK Downloader Google Chrome Extension 
 လေးကို   Chrome မှာ ထည့်ထားပေးရပါမယ်။Chrome ဗားရှင်း17 အထက်ဆို အဆင်ပြေပါလိမ့်မယ်။Extensionပြန်ကြည့်ရင် အောက်ကပုံလေးလို ဖြစ်နေပါလိမ့်မယ်။

Arenas trial of valor

Arenas trial of valor 
ဒီဂိမ်းလေးလည်း ဂိမ်းဝါသနာရှင်တွေ အကြိုက်တွေ့စေမဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 9.3M လောက်ရှိပြီး ဗားရှင်း 2.1 နဲ့အထက် အသုံးပြုလို့ သင့်တော်ပါတယ်။သူရဲ့ အသေးစိတ်အချက်အလက်တွေပါတဲ့ အဓိက FEATURESကတော့:

sms ပေးပို့ ပြီး ရခိုင် အတွက် အလှူ ငွေ ထည့် နိုင်


ကြိုတင် ငွေ ပေးချေကတ် အသုံးပြုသည့် မိုဘိုင်း ဖုန်းများ အနေဖြင့် Yantanarpon Call Center သို့ Donate ဟူသော စာသား SMS တစ်ကြိမ်ပေးပို့ လိုက်သည် နှင့်  အလှူ ငွေ ၅၀၀ကျပ် အလိုလျောက် လှူ ဒါန်းပြီး ဖြစ် မည့် အစီစဉ် စတင်သွားမည်ဖြစ်ပါ တယ် ။
Message Center နံပတ် 18815 သို့ SMS တစ်စောင်ပေးပို့ ပြီး လှူ ဒါန်းနိုင်ပါတယ် ။

Ringdroidကိုသုံးပြီးringtone, alarm တွေ လုပ်မယ်


ဒီapkလေးကတော့ ကိုယ်ပိုင်ringtoneတွေ, alarmတွေ, နဲ့ notification အသံလေးတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။android ဖုန်းထဲကို mp3ဖြတ်ပြီး roington တွေပြုလုပ်နိုင်ပါတယ်။နောက်ပြီး
audio fileတွေ record လုပ်ထားတာတွေကိုလည်း တည်းဖြတ်ပြင်ဆင်နိုင်ပါလိမ့်မယ်။ မိမိစိတ်ကြိုက်ပြင်ဆင် သက်မှတ်နို်င်တာမို့ အသုံးဝင်တဲ့ apkလေးဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။

Asphalt 7: Heat ကားဂိမ်းလေး

 
ဒီကောင်းကတော့ ဂိမ်းဝါသနာရှင်များ သိကြမှာပါ။ နောက်ဆုံးဗားရှင်းလေး တင်ပေးလိုက်ပါတယ်။ အမျိုးအစား ၆၀ကျော်လောက်ကို အသုံးပြု ဆော့ကစားနို်င်ပါတယ်။ Graphic ပိုင်းလည်း ပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်။ဖိုင်ဆိုဒ်အနေနဲ့9Mbလောက်ရှိပြီး ဗားရှင်း ၂.၁နဲ့အထက် အသုံးပြုလို့ရနို်င်ပါတယ်။

ကြော်ငြာတွေ မြင်နေရလို စိတ်ညစ်နေသူတွေ အတွက်AdAway

AdAway 
Android ဖုန်းမှာ အင်တာနက်သုံးတဲ့ အခါ applications တွေမှာ ကြော်ငြာတွေ မြင်နေရလို စိတ်ညစ်နေသူတွေ အတွက် အသုံးဝင်ပါတယ်။  ဒီကောင်လေးကို သုံးနိုင်ဖို့ အတွက် Root လုပ်ထားဖို့ လိုအပ်ပါတယ်။မိမိစက်နဲ့ အမြဲတမ်းအင်တာနက်သုံးပြီး ၀က်ဆိုဒ်တွေ ဖွင့်တတ်တဲ့ သူများအတွက်တော့ အဆင်ပြေတာကို တွေ့ရမှာပါ။ဒီကောင်လေးသုံးပြီး အင်တာနက်အသုံးပြုမယ်ဆိုရင်  ပိုမိုပေါ့ပါးတာကို တွေ့ရပါတယ်။ဖိုင်ဆိုဒ်ကတော့ 1.4M လောက်ရှိပြီး ဗားရှင်း ၂.၁နဲ့အထက်အသုံးပြုနိုင်ပါတယ်။

ဇာတ်လမ်း၊သီချင်းတွေ နားစဉ်ဖို့ အတွက်TTPod

TTPod 
ဒီကောင်လေးကတော့ သိကျတဲ့အတိုင်း Media player လေးဖြစ်ပါတယ်။ဒီကောင်လေးနဲ့musicတွေ,MP3တွေ,songတွေ,radioတွေ,စတာတွေ ကြည့်နိုင်၊နားဆင်နိုင်ပါတယ်။အသုံးပြုရလွယ်ကူပြီး အဆင်ပြေတာကို တွေ့ရပါတယ်။အရည်သွေး ကောင်းကောင်းနဲ့mp3,mp4/m4a,wma,flac , ape စတဲ့ အမျိုးအစားတွေကို အထောက်ပံပေးထားပါတယ်။သူရဲ့အသေးစိတ် features တွေကတော့:

- Built in graphic and customize EQ;
- High accurate lyrics and album acts downloads;
- Plenty of skins to chose from;
- Minilyrics style floating lyrics.

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်


ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တိုင်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။

Comparison of the Three OS (Android, iOS and Windows)















အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ဒီပို့စ်မှာတော့ ယခုအချိန်မှာ အဓိကအသုံးပြုနေကြတဲ့ Mobile OS တွေဖြစ်တဲ့ iOS 5, Android 4.0 Ice Cream Sandwich နဲ့ Windows Phone 7.5 Mango တို့ကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ User များရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာမျိုးနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘဲ Features သက်သက်တွေကိုသာ နှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။


20 Tips for Android Users (Android User များအတွက် အချက် '၂၀')

Android ဖုန်းတိုင်းဟာ တခြားဖုန်းတစ်လုံးနဲ့ မတူပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အရွယ်အစား၊ အသုံးပြုထားတဲ့ Hardware စတာတွေ ကွာပါတယ်။ Android ဖုန်းတိုင်းမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လိုရအောင် ထုတ်သုံးရမလဲ ဆိုတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ကိုတင်ပြထားပါတယ်။ ဒီအချက်တွေကနေတဆင့် မိမိဖုန်းမှာ မိမိမသိတဲ့ Features လေးတွေ ဘာတွေရှိမလဲဆိုတာ သိနိုင်သလို မိမိဖုန်းကိုလဲ အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Five Best Android Phones (အကောင်းဆုံး Android ဖုန်း ၅ မျိုး)

 ယနေ့ ဈေးကွက်ထဲမှာ Android OS အသုံးပြုထားတဲ့ Smart Phone အမျိုးအစားပေါင်း တစ်ရာကျော် ရှိနေနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အသုံးပြုရတာလွယ်ကူပါတယ်၊ တစ်ချို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝယ်ယူရရှိနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီထဲကမှ အမျိုးအစားအနည်းငယ်ကသာ ထိပ်တန်းဖုန်းများဖြစ်ကြပါတယ်။ ဒီနေ့ ကျနော်က မိတ်ဆွေများကို လေ့လာဆန်းစစ် စစ်တမ်းကောက်ယူမှုများအရ ထိပ်တန်းရောက် Android Phone (၅)မျိုးအကြောင်း ပြောပြချင်ပါတယ်။ ဒီဖုန်းများဟာ အသုံးပြုထားတဲ့ Hardware များမြင့်မားမှုကြောင့်တင်မဟုတ်ဘဲ သူတို့မှာ ပြီးပြည့်စုံတဲ့ Features တွေပါဝင်နေမှုကြောင့် ထိပ်တန်းဖုန်းများအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Android သမားတွေအတွက် Adobe® Photoshop

Adobe® Photoshop® Touch 
Android သမားတွေအတွက် Adobe® Photoshop လေးကိုမျှဝေပေးလိုက်ပါတယ်။ မိမိတို့ပုံလေးတွေကို စိတ်ကြိုက်ပြင်ဆင် အလှဆင်နိုင်ပါလိမ့်မယ်။ Effect မျိုးစုံနဲ့ Functionများစွာကို ကိုယ်တိုင် ပြုပြင် ပြုလုပ်နိုင်ပါလိမ့်မယ်။layers, selection tools, adjustments, and filters to create mind-blowing image စတာတွေလည်းအသုံးပြုနိုင်ပါတယ်။ဖိုင်ဆိုဒ်က49M လောက်ရှိပြီး ဗားရှင်း 3.1 နဲ့အထက်ပဲ အသုံးပြုနိုင်ပါလိမ့်မယ်။

Android ထဲမှာပြည့်နှက်နေတာကို တခြားSDထဲကို ရွေ့ပေးဖို့App 2 SD Pro (move apps to SD) သုံးမယ်

App 2 SD Pro (move apps to SD) 
ဒီapkလေးကတော့ မိမိဖုန်းထဲမှာရှိနေတဲ့ apkတွေ(ဖုန်းထဲမှာ Installလုပ်ထားတာတွေ)ကို external or internalကဒ်တွေထဲမှာ ထည့်ချင်တာတွေ၊မိမိဖုန်းမှာ storage နည်းလို့ တခြား SD card ထဲကို ထည့်ချင်တာတွေ ကိုပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ နောက်ပြီး Uninstall လုပ်လိုက်လို့ cache တွေကျန်နေသေးတာတွေကို ရှင်းလင်းပေးနိုင်ပါသေးတယ်။ဖိုင်ဆိုဒ်က879k ရှိပြီး ဗားရှင်း၂.၂နဲ့အထက်ကို အထောက်ပံရနိုင်ပါတယ်။သူရဲ့ အသေးစိတ်ကို အောက်မှာလေ့လာနိုင်ပါတယ်။

ဖုန်းမျက်နှာပြင်ပေါ်မှာ ကမ္ဘာမြေကြီး ထားကြည့်ရအောင်

 
Android သမားတွေ အတွက် မျက်နှာပြင်ပေါ်မှာ ကမ္ဘာမြေကြီး ထားကြည့်လို့ရအောင် Live Wallpaper လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။3D ပုံစံများ၊ ကမ္ဘာမြေကြီး နဲ့ ဂြိုလ်တွေ ရဲ့ သဘောသဘာဝ တွေကို တွေ့မြင်ရမှာပါ။မျက်နှာပြင်မှာ ဆွဲဆောင်မူရှိသလို ဗဟုသုတအနေနဲ့လည်း ရရှိနိုင်ပါတယ်။အာကာသယာဉ်ကြီးနဲ့ အာကာသထဲရောက်နေသည့်နယ် ခံစားမူတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီEarth Wallpaper တွေထဲက Rating များပြီး အသုံးများတဲ့ Apkလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Puzzle Alarm Clock PRO

Puzzle Alarm Clock
Android အသုံးပြုတွေ အချိန်ကုန်ဆုံးသွားတာတွေကို သိရှိနိုင်ဖို့ရယ်၊အလုပ်တာဝန်တွေကို မလစ်ဟင်းရအောင် အချက်ပြလေးတွေ လုပ်ပေးနိုင်ဖို့ရယ်။ အင်တာနက်သုံးပြီး အိပ်ချိန်မှန်ဖို့နဲ့ အချိန်မှန်မှန် အလုပ်လုပ်နိုင်ဖို့ကို ကူညီပေးတဲ့ အရာလေးဖြစ်ပါတယ်။မိမိရဲ့ဘေးနားမှာ သူငယ်ချင်းကောင်းတစ်ယောက်လို ကူညီပေးသွားပါလိမ့်မယ်။အဆင်ပြေတဲ့ အလန်းအသံလေးတွေကို  ကိုယ်တိုင်ပြုလုပ်လို့လည်း ရပါသေးတယ်။ဖိုင်ဆိုဒ်က5.4M လောက်ရှိပြီး ၂.၂နဲ့အထက်အသုံးပြုနိုင်ပါတယ်။သူရဲ့  features ကတော့:
• No ads,
• Widget with the next set alarm and "Sleep" button for recording stats,
• More puzzles to solve with every alarm,
• 3 puzzle difficulty levels,
• 3 soothing melodies in Calm mode for soft alarms,
• Increasing alarm volume,
• Loud explosion sound (amazing effect with external speakers),
• Shake phone a number of times to dismiss an alarm or flip the phone for snooze.

DicePlayer နဲ့ ဇာတ်ကားတွေကြည့်မယ်

ဒီVideoPlayer လေးကတော့SWမှာအခြေခံထားတာမို့Videoတွေကို ကောင်းကောင်းမွန်မွန်ကြည့်ရူ့နိုင်သလို ၊အင်တာနက်ပေါ်ကVideoတွေပါ အထောက်ပံ ပေးထားပါတယ်။Formats တွေစုံစုံလင်လင်နဲ့ ကြည့်ရူ့နိုင်ပါတယ်။ပါဝင်တဲ့Formats တွေကတော့AVI,MOV,MKV,FLV,AVI,3GP,3G2,ASF,WMV,MP4,M4V,TS,MTP,M2TS
SSA,SMI,SRT,MKV စတဲ့စာသားများ ကိုအထောက်ပံပေးထားသလို ၊Unicode ကိုအထောက်ပံ့ပေးထားတာမို့ အလွန်သင့်တော်တဲ့ Player ဖြစ်ပါတယ်။5.4Mရှိပြီး ဗားရှင်း၂.၂နဲ့ အထက်အသုံးပြုလို့ရပါလိမ့်မယ်။

X-Bugs

X-Bugs
 ဒီဂိမ်းလေးကတော့ဇာတ်လမ်းသွားလေးရယ်၊နောက်ခံတီးလုံးတွေက နှစ်လိုဖွယ်ရှိပါတယ်။တိုက်ခိုက်ရတဲ့ ဂိမ်းလည်းဖြစ်နေပါတယ်။ levels ပေါင်း၆၀ကစားနိုင်သလို၊လက်နက်ပေါင်းစုံလည်း အသုံးပြု ဆော့ကစားနိုင်ပါလိမ့်မယ်။

G Data MobileSecurity

G Data MobileSecurity 2 
ဒီကောင်လေးကတော့ Securityလေးဖြစ်ပါတယ်။malwareတွေ virus တွေရန်က ကာကွယ်ပေးနိုင်သလို၊filter တွေပါဝင်တာကြောင် မိမိ မသိတဲ့SMS တို့ ဖုန်းဝင်လာတို့ကိုလည်း မလိုအပ်ပါက ပိတ်ထားလို့ရနိုင်ပါသေးတယ်။ အလွယ်တကူSIM cardချိန်းတာတွေမလုပ်နိုင်အောင် လည်း Lockချထားနိုင်ပါတယ်။နောက်ပြီး မိမိဖုန်းထဲက မသိစေချင်တဲ့app တွေကိုလည်း Password ပေးထားနိုင်ပါလိမ့်မယ်။

FrequenSee HD





ဒီ apk လေးကတော့ voiceတွေ, musicတွေနဲ့ audio equipment တွေရဲ့  frequency အနိပ်အမြင့်လေးတွေကို ဖော်ပြပါလိမ့်မယ်။သူရဲ့featuresအနေနဲ့ကတော့:
- 256 high-quality frequency bands [20Hz to 22kHz]
- Logarithmic frequency scale to match human perception
- Low latency for high responsiveness
- High framerate to see smooth frequency and amplitude movements
- High performance native code using OpenGL ES 2.0
- FFT window size 4096 @ 58 frames per second

မေးလ်ကိုစောင့်မျှော်ဖတ်တတ်တဲ့ Android သမားများအတွက်Gmail Widgets

Gmail Widgets

ဒါကတော့ mail အမြဲအသုံးပြုချင်သူတွေ ဆောင်ထားသင့် တဲ့ apk လေးပဲဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 511k ရှိပြီး ၂.၃အထက်အသုံးပြုလို့ ရနိုင်ပါလိမ့်မယ်။မိမိဆီကို  မေးလ်တွေဝင်လာခဲ့ရင်လည်း လျင်လျင်မြန်မြန်ဖော်ပြပေးပါလိမ့်မယ်။setting မှာတော့ မိမိစိတ်ကြိုက် ပြင်ဆင်သက်မှတ်ပေးနိုင်ပါတယ်။မေးလ်အသုံးပြုရတာလည်း ပိုမို လွယ်ကူကူဖြစ်စေပါတယ်။သူ့ရဲ့ အသေးစိတ်Featuresသိချင်ရင်တော့:
- Updates automatically when new mail arrives (it may not update immediately while you read mails)
- Shows the first lines of the message in addition to sender and subject (certain widgets only)
- Supports several inbox types ("classic", important and starred) and labels
- Supports multiple accounts on one device
- Open Gmail or compose a new message quickly from the widget
- Makes your phone look like it has the latest Android 4.0 (ICS)
- Customisable appearance through 4 themes and icons

BlackBerry ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁)


BlackBerry လို့ဆိုလိုက်တာနဲ့ တော်တော်များများရဲ့ အမြင်မှာ Business Traveler တွေ၊ Corporate ရဲ့Management Level တွေအတွက်ဘဲ လို့ မြင်လေ့ ရှိပါတယ်။

တစ်ချို့ကြတော့လည်း BlackBerry ကိုခေတ်နောက်ကျနေတဲ့ ဖုန်း၊ အဘိုးကြီးတွေကိုင်တဲ့ ဖုန်းလို့ဘဲ မြင်ကြပြန်ပါတယ်။

ဘယ်လိုအမြင်မျိုးတွေပဲ ရှိကြပါစေ၊ BlackBerry ရဲ့ အားသာချက်တွေကို သိနားလည်းပြီး တကယ် အကျိုးရှိရှိ အသုံးချနေသူတွေ အတွက်တော့ BlackBerry ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းနှစ်သက်နေကြတုန်းပါပဲ။

BlackBerry ရဲ့ Physical QWERTY Keyboard ရယ်၊ Track Pad ဒါမှမဟုတ် Track Ball ရယ်၊ Push Mail ရယ်၊ BBM လို့ခေါ်တဲ့ BlackBerry Messenger ရယ်၊ မှိတ်တုတ်မှိတ်တုတ် နဲ့လင်းလင်းလာတဲ့ အချက်ပေးမီးလေးရယ်၊ Battery အသုံးခံတာ စတဲ့ အချက်တွေက BlackBerry ရယ် အဓိက အားသာချက် တွေဖြစ်ပြီး၊

တစ်ခြား Smartphone (Android, Apple iOS) စတာ တွေနဲ့ နှိုင်းယှဉ်ရင် Application နည်းနေတာကတော့ BlackBerry ရဲ့ အဓိက အားနည်းချက်ပါဘဲ။

Application နည်းနေပစေ BlackBerry မှ BlackBerry တစ်မျိုးပဲသုံးမယ်ဆိုတဲ့ လူများလည်းရှိသလို၊
BlackBerry ကိုလည်းကြိုက် တစ်ခြား Smartphone (Android, Apple iOS) စတာတွေကိုလည်း သုံးချင်လို့ တစ်ချိန်ထဲ မှာ BlackBerry ရော အခြား Smartphone တစ်မျိုးမျိုးကို လည်းတွဲကိုင်တတ်ကြလေ့ရှိပါတယ်။

အဲသလို အားသာချက် တွေရော၊ အားနည်းချက် တွေရော ယှဉ်တွဲနေတဲ့ BlackBerry ကို Canada နိုင်ငံမှ RIM လို့ အတိုကောက် လူသိများတဲ့ Research In Motion ကုမ္ပဏီကြီးကနေ 1999 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

RIM ရဲ့ ပထမဆုံး BlackBerry 850 ဟာ 2 Way Pager အဆင့်သာရှိပြီး 1999 ခုနစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ၊ 2003 ခုနှစ်မှာမှ Mobile Telephone, Email, Text Message, Web Browsing စတာတွေ ပါဝင်လာတဲ့ Smartphone အဖြစ်နဲ့ စတင် ဖြန့်ချီခဲ့ပါတယ်။

ကိုယ်လက်မခံချင်တဲ့ဖုန်းနံပါတ်တွေကို BlackList သုံးပြီး ဖြေရှင်းရအောင်

BlackList
ကိုယ်လက်မခံချင်တဲ့ဖုန်းနံပါတ်တွေကို blacklist software ကို သုံးပြီးဖြေရှင်းနိုင်ပါတယ်။
ဒီsoftware က blacklist software တွေထဲမှာ အပေါ့ပါးဆုံးနဲ့အဆင်ပြေဆုံးတစ်ခုဖြစ်ပါတယ်။
သင် blacklist လုပ်ထားတဲ့နံပါတ်ကခေါ်လိုက်ရင် သူ့ဆီမှာ သင့်ဖုန်းက busyပြနေပါလိမ့်မယ်။
သုံးရတာလဲ လွယ်ပါတယ်။ software ကို ဖွင့်ပြီး Add Number မှာContact ထဲက နံပါတ်တွေကို blacklist လုပ်လို့ရသလို နံပါတ်ကိုရိုက်ပြီးတော့လဲ blacklist လုပ်ထားလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ contact ထဲမှာ ရှိတဲ့ဖုန်းတွေကလွဲလို့ တစ်နည်းအားဖြင့် ကိုယ်မသိတဲ့ သူစိမ်းဖုန်းနံပါတ်တွေအားလုံးကိုလဲ blacklist လုပ်ထားလို့ရပါတယ်။text/MMS မက်ဆေ့တွေပါ ပိုလို့မရအောင် တားဆီးနိုင်ပါတယ်။

HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုခြင်း

၁။ Hareware လိုအပ်ချက် အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုမည့် သင့် ကွန်ပျူတာသည် Windows XP သို့မဟုတ် Windows 7 စက်မောင်းစနစ်ကို တပ်ဆင်သုံးဆွဲပြီးဖြစ်ရမည်။

၂။ Huawei C5900 Handset ၀ယ်ယူစဉ်က တပါတည်းပါရှိသော Drivers & PC Suite Software ပါရှိသော CD/DVD ခွေနှင့် USB ကြိုးရှိရပါမည်။

အထက်ပါ အချက်များ သင့်တွင်ပြည့်စုံပြီဆိုလျင် သင် စတင်ချိတ်ဆက်၇န် ကြိုးစားဖို့ အဆင်သင့်ဖြစ်ပါပြီ။

Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂)

ဒီတစ်ခေါက် အပိုင်း – ၂ မှာတော့ Android OS များရဲ့ Version များအကြောင်းကို တင်ဆက်သွားပါမယ်။

Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။

Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။

လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ ဖြစ်ပါတယ်။

ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြုဖြစ်ခဲ့ပါဘူး။

အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။