Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုခြင်း

၁။ Hareware လိုအပ်ချက် အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုမည့် သင့် ကွန်ပျူတာသည် Windows XP သို့မဟုတ် Windows 7 စက်မောင်းစနစ်ကို တပ်ဆင်သုံးဆွဲပြီးဖြစ်ရမည်။

၂။ Huawei C5900 Handset ၀ယ်ယူစဉ်က တပါတည်းပါရှိသော Drivers & PC Suite Software ပါရှိသော CD/DVD ခွေနှင့် USB ကြိုးရှိရပါမည်။

အထက်ပါ အချက်များ သင့်တွင်ပြည့်စုံပြီဆိုလျင် သင် စတင်ချိတ်ဆက်၇န် ကြိုးစားဖို့ အဆင်သင့်ဖြစ်ပါပြီ။


စတင်ချိတ်ဆက်ကြည့်ခြင်း

ပထမဦးစွာ Driver & Pc Suite CD/DVD ကို ကွန်ပျူတာ DVD drive ထဲသို့ထည့်ပါ။
CD/DVD ခွေထဲမှ သင့် ကွန်ပျူတာစက်မောင်းစနစ်နှင့်ကိုက်ညီသော Modem driver ကို install လုပ်ပါ။
PC Suite ကို ထည့်သွင်းပါ။
ပြီးလျှင် Handset နှင့် Computer ကို USB ကြိုးကို အသုံးပြုပြီး ချိတ်ပါ
လိုအပ်သော hardware setting များကို ကွန်ပျူတာက CD/DVD မှ ကူးယူသွားပြီး install လုပ်ပေးသွားပါမည်။
handset ကို modem mode တွင်ထားပါ။ USB Storage mode ကိုရောက်နေလျှင် ပြောင်းပေးပါ။ ( connectivity setting ထဲမှ Phone mode တွင် ပြောင်းနိုင်သည်။
သင်၏ ကွန်ပျူတာတွင် dial up connection တစ်ခုပြုလုပ်ပါ။
Windows 7 တွင် Network icon ကို right click ပြုလုပ်ပြီး Properties ကိုရွေးပါ။
Setup a new connection or network ကိုရွေးပါ။
Set up a Dial-up connection ကိုရွေးပေးပါ။
Next လုပ်ပါ/
Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးပါ။
User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )
password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
Connection name တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
တခြားသူများကိုပါ connection ကို အသုံးပြုခွင့် ပေး/ မပေးကို ဆုံးဖြတ်၍ check box တွင် check / uncheck ကြိုက်သလိုလုပ်ပါ။
အားလုံးပြီးသွားလျှင် သင်၏ကွန်ပျူတာရှိ internet browser တွင် proxy server setting အား no proxy ရွေးပေးပါ။

သင်သည် HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သည်။

    HUAWEI C5900 Handset Modem driver ကို အောက်ပါ Link အတိုင်း Download လုပ်ယူနိုင်ပါသည်။
http://www.mediafire.com/?t789w301cdkgwlj
    HUAWEI PC Suit Software ကို အောက်ပါ Link အတိုင်း Download လုပ်ယူနိုင်ပါသည်။
http://www.mediafire.com/?tn4x1p2csc351x7

Ref:https://myothantzaw.wordpress.com

No comments:

Post a Comment