Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
Showing posts with label Android သတင်းများ. Show all posts
Showing posts with label Android သတင်းများ. Show all posts

Mobile App Center ကို Facebook စတင်မိတ်ဆက်



ကမ္ဘာပေါ်က လူ သန်းပေါင်း ၉၀၀ ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်က သုံးစွဲသူတွေ ပိုပြီး အလွယ် တကူဖြစ်စေဖို့ အပလီကေးရှင်း App Center ဆိုတဲ့တခုကိုလည်း တွဲဖက် အသုံးပြုနိုင်ပါပြီ လို့ ဆိုပါတယ်။

ဒီ အပလီကေးရှင်းကို လွန်ခဲ့တဲ့ မေလက စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒါကို ပထမဆုံး အသုံးပြုနိုင်ရာက ပြီးရင်တော့ ဥရောပ တခွင် ကနေ ကမ္ဘာတ၀ှမ်း ဖေ့စ်ဘုတ်အဖွဲ့ဝင်များက သုံးစွဲ သွားနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဂိမ်းတွေ၊ ဗွီဒီယိုတွေ အတွက် အထူး အသုံး တည့်မှာလည်းဖြစ်ပါတယ်။

sms ပေးပို့ ပြီး ရခိုင် အတွက် အလှူ ငွေ ထည့် နိုင်


ကြိုတင် ငွေ ပေးချေကတ် အသုံးပြုသည့် မိုဘိုင်း ဖုန်းများ အနေဖြင့် Yantanarpon Call Center သို့ Donate ဟူသော စာသား SMS တစ်ကြိမ်ပေးပို့ လိုက်သည် နှင့်  အလှူ ငွေ ၅၀၀ကျပ် အလိုလျောက် လှူ ဒါန်းပြီး ဖြစ် မည့် အစီစဉ် စတင်သွားမည်ဖြစ်ပါ တယ် ။
Message Center နံပတ် 18815 သို့ SMS တစ်စောင်ပေးပို့ ပြီး လှူ ဒါန်းနိုင်ပါတယ် ။

Android နှင့် iPhone တို့၏ စိန်ခေါ်ပွဲကြီး

 
Apple iPhone နဲ့ Google’s Android smartphones တွေရဲ့ တိုက်ပွဲကတော့ avatar ထဲက လူသားနဲ့ ဂြိုလ်သား တိုက်ပွဲလို ဖြစ်မလား၊ ဒါမှမဟုတ် နှုးညံ့မှုတွေနဲ့ အထိအတွေ့တွေ ဆွဲဆောင်မှု အပြည့် မင်သမီးလေးတွေနဲ့ ခေတ်ရှေ့ပြေး စက်ရုပ်မင်းသား လေးတွေရဲ့ တိုက်ပွဲ ဖြစ်မလား မပြော တတ်ဘူး။ တိုက်ပွဲကတော့ တံဗိုးခရာသံတွေ စီစီညံပြီး တိုက်ပွဲခေါ်သံတွေ ညံနေတာ လူတိုင်း အသိပဲ ဖြစ်ပါတယ်။
တကယ့်ကို ကြီးမား ကျယ်ပြန့်လွန်းတဲ့ ဈေးကွက်ကြီး ဖြစ်နေတာ တစ်ကြောင်း တကယ့် အထင်ကရ ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ပွဲဖြစ်နေတာ တစ်ကြောင်း ဈေးကွက်ကို နည်းမျိုးစုံနဲ့ လုဖို့ တိုက်ပွဲကို စစ်မျက်နှာစုံက ဖွင့်ပြီးတိုက်ဖို့ ပြင်ဆင် နေကြပါတယ်။အရင်ရှိပြီးသားတွေကလည်းဆရာကြီး နောက်ဝင်လာမယ့် ကောင်တွေကလည်း ဆရာကြီးတွေ ဆိုတော့ မတိန်းမစောင်း ဗိန်းမောင်းနဲ့သာ လိုက်ပေတော့လို့ ဆိုရမလို ဖြစ်နေပါတယ်။ (တကယ်တော့ ကျွန်တော်မှာ Android Phone လည်း မရှိ၊ iPhone လည်း မရှိပါ၊ ဟမ်းဖုန်းကိုင်ရတာထက် Android Tablet ကိုင်ချင် သောကြောင့် စောင့်နေတာလည်း ပါသည်။ :P )

သတင်းနှင့် အချက်အလက် အသစ်တွေကို အချိန်တိုတိုနဲ့ ဖတ်မယ်

Pulse News
 Screenshots

ဒီPulse Newsဆိုတဲ့Apk လေးဟာဆိုရင်Updateဖြစ်တဲ့သတင်းအသစ်ပေါင်းများစွာကို  ပေးစွမ်းနိုင်ပါတယ်။
သတင်းနှင့် အချက်အလက်..... Source ပေါင်းမြောက်များစွာကို အချိန်ကုန်သက်သက်သာသာနဲ့ Headline တွေကြီးပဲ ...တခါတည်း ဖတ်လို့ရတယ်... offline ဖြစ်နေချိန်ပါ ဖတ်လို့ရတယ်။ သတင်းUpdate အသစ်တွေကို စောင့်မျှော် ဖတ်ရူ့နေတဲ့ Android အသုံးပြုများ အဆင်ပြေစေပါတယ်။ပီးတော့လည်း မိမိတို့ ဖတ်လိုက်ရတဲ့ သတင်းလေးတွေ စတဲ့အကြောင်းအရာပေါင်းများစွာ  မိမိတို့ သူငယ်ချင်းတွေကိုလည်း Facebook,Twitter စတဲ့ လူ့မူကွန်ယက်ပေါ်မှာလည်း မျှဝေပေးနိုင်ပါတယ်။

အင်တာနက်အတွက်အသုံးဝင်မယ့် USB Modem


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းငါးသောင်းတန် GSM နဲ့ WCDMA ဖုန်းတွေချပေးနေရာမှာ အင်တာနက်ပါတစ်ပါတည်းသုံးလို့၊ လျှောက်လို့ရနေပြီဖြစ်ပါတယ်။ တချို့ဖုန်းတွေမှာ အင်တာနက်အသင့်သုံးနိုင်တဲ့ Function ပါဝင်ပေမယ့် အသင့်မသုံးနိုင်တဲ့ ဖုန်းမော်ဒယ်တွေအတွက် USB Modem ကတစ်ဆင့် ကွန်ပျူတာနဲ့ အင်တာနက်သုံးနိုင်ပြီဖြစ်ပါတယ်။

Mozilla Firefox ကို Android App တစ်ခုအနေဖြင့် စတင်အသုံးပြု

alt
Mozilla Firefox ကို Android OS ပေါ်က Application တစ်ခုအနေနဲ့ စတင်အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက Firefox OS ထုတ်လုပ်မယ်လို့ ကြေညာထားတဲ့ Mozilla ဟာ အချိန်တော်တော်ကြာနေပါပြီ။ အမှန်ဆို OS တစ်ခုထွက်ရှိ လုံလောက်တဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပေမဲ့ ဖြစ်မလာသေးပါဘူး။ သို့ပေမဲ့ တိုးတက်မှုတစ်ခုတော့ ရှိလာပါတယ်။ ဒါကတော့ Android OS သုံး စမတ်ဖုန်းတွေပေါ်မှာ App တစ်ခုအနေနဲ့ အသုံးပြုနိုင်ရန် ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။

Web အခြေပြု Anroid market ကို စတင် လိုက်တဲ့ Google

Google က app တွေကို Android အသုံးပြုတဲ့ မိုဘိုင်းဖုန်း စတဲ့ device တွေက နေသာ ဝင်ပြီး ဝယ်ယူခွင့်၊ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး အသုံးပြုခွင့် စတာတွေ ပေးထာတဲ့ Android Market ကို သာမန် ကွန်ပျူတာ ကနေ လည်း ဝင်ရောက် ရှာဖွေ၊ ခွင့် ရအောင်  web အခြေပြု Android Market တစ်ခု အဖြစ် စတင် ပေး လိုက်ပြီ ဖြစ်ပါ တယ်။

Google က Android app အရွယ်အစားကို 4GB အထိတိုးမြှင့်ပေးခဲ့

Google ကုမ္ပဏီက Android app ၏ အများဆုံးအရွယ်အစားပမာဏကို 50MB မှ 4GB သို့တိုးမြှင့်ပေးခဲ့ကြောင်း Android Developers blog တွင်ဖော်ပြခဲ့သည်။