Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Comparison of the Three OS (Android, iOS and Windows)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
ဒီပို့စ်မှာတော့ ယခုအချိန်မှာ အဓိကအသုံးပြုနေကြတဲ့ Mobile OS တွေဖြစ်တဲ့ iOS 5, Android 4.0 Ice Cream Sandwich နဲ့ Windows Phone 7.5 Mango တို့ကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ User များရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာမျိုးနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘဲ Features သက်သက်တွေကိုသာ နှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။
Five Best Android Phones (အကောင်းဆုံး Android ဖုန်း ၅ မျိုး)
 ယနေ့ ဈေးကွက်ထဲမှာ Android OS အသုံးပြုထားတဲ့ Smart Phone အမျိုးအစားပေါင်း တစ်ရာကျော် ရှိနေနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အသုံးပြုရတာလွယ်ကူပါတယ်၊ တစ်ချို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝယ်ယူရရှိနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီထဲကမှ အမျိုးအစားအနည်းငယ်ကသာ ထိပ်တန်းဖုန်းများဖြစ်ကြပါတယ်။ ဒီနေ့ ကျနော်က မိတ်ဆွေများကို လေ့လာဆန်းစစ် စစ်တမ်းကောက်ယူမှုများအရ ထိပ်တန်းရောက် Android Phone (၅)မျိုးအကြောင်း ပြောပြချင်ပါတယ်။ ဒီဖုန်းများဟာ အသုံးပြုထားတဲ့ Hardware များမြင့်မားမှုကြောင့်တင်မဟုတ်ဘဲ သူတို့မှာ ပြီးပြည့်စုံတဲ့ Features တွေပါဝင်နေမှုကြောင့် ထိပ်တန်းဖုန်းများအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
BlackBerry ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁)
BlackBerry လို့ဆိုလိုက်တာနဲ့ တော်တော်များများရဲ့ အမြင်မှာ Business Traveler တွေ၊ Corporate ရဲ့Management Level တွေအတွက်ဘဲ လို့ မြင်လေ့ ရှိပါတယ်။
တစ်ချို့ကြတော့လည်း BlackBerry ကိုခေတ်နောက်ကျနေတဲ့ ဖုန်း၊ အဘိုးကြီးတွေကိုင်တဲ့ ဖုန်းလို့ဘဲ မြင်ကြပြန်ပါတယ်။
ဘယ်လိုအမြင်မျိုးတွေပဲ ရှိကြပါစေ၊ BlackBerry ရဲ့ အားသာချက်တွေကို သိနားလည်းပြီး တကယ် အကျိုးရှိရှိ အသုံးချနေသူတွေ အတွက်တော့ BlackBerry ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းနှစ်သက်နေကြတုန်းပါပဲ။
BlackBerry ရဲ့ Physical QWERTY Keyboard ရယ်၊ Track Pad ဒါမှမဟုတ် Track Ball ရယ်၊ Push Mail ရယ်၊ BBM လို့ခေါ်တဲ့ BlackBerry Messenger ရယ်၊ မှိတ်တုတ်မှိတ်တုတ် နဲ့လင်းလင်းလာတဲ့ အချက်ပေးမီးလေးရယ်၊ Battery အသုံးခံတာ စတဲ့ အချက်တွေက BlackBerry ရယ် အဓိက အားသာချက် တွေဖြစ်ပြီး၊
တစ်ခြား Smartphone (Android, Apple iOS) စတာ တွေနဲ့ နှိုင်းယှဉ်ရင် Application နည်းနေတာကတော့ BlackBerry ရဲ့ အဓိက အားနည်းချက်ပါဘဲ။
Application နည်းနေပစေ BlackBerry မှ BlackBerry တစ်မျိုးပဲသုံးမယ်ဆိုတဲ့ လူများလည်းရှိသလို၊
BlackBerry ကိုလည်းကြိုက် တစ်ခြား Smartphone (Android, Apple iOS) စတာတွေကိုလည်း သုံးချင်လို့ တစ်ချိန်ထဲ မှာ BlackBerry ရော အခြား Smartphone တစ်မျိုးမျိုးကို လည်းတွဲကိုင်တတ်ကြလေ့ရှိပါတယ်။
အဲသလို အားသာချက် တွေရော၊ အားနည်းချက် တွေရော ယှဉ်တွဲနေတဲ့ BlackBerry ကို Canada နိုင်ငံမှ RIM လို့ အတိုကောက် လူသိများတဲ့ Research In Motion ကုမ္ပဏီကြီးကနေ 1999 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
RIM ရဲ့ ပထမဆုံး BlackBerry 850 ဟာ 2 Way Pager အဆင့်သာရှိပြီး 1999 ခုနစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ၊ 2003 ခုနှစ်မှာမှ Mobile Telephone, Email, Text Message, Web Browsing စတာတွေ ပါဝင်လာတဲ့ Smartphone အဖြစ်နဲ့ စတင် ဖြန့်ချီခဲ့ပါတယ်။
Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂)
ဒီတစ်ခေါက် အပိုင်း – ၂ မှာတော့ Android OS များရဲ့ Version များအကြောင်းကို တင်ဆက်သွားပါမယ်။
Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။
Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။
၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။
လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ ဖြစ်ပါတယ်။
ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြုဖြစ်ခဲ့ပါဘူး။
အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
Samsung Galaxy Mobile ဖွဲ့ စည်းပုံလေး
Samsung Galaxy Mobile ဖွဲ့ စည်းတည်ဆောက်ပုံ
အတွင်းပိုင်းဖွဲ့ စည်းတည်ဆောက်ပုံ Block Diagram ပါ.....အဓိကကတော့ Application Processor ပါ.....
Audio Codec ရှိပါတယ်.......အပြင်နဲ့ တိုက်ရိုက်ထိစပ်တဲ့ အပိုင်းတွေကိုအဖြူရောင်တွေနဲ့ ပြထားပြီးတော့
IC ပေါ်မှာတွဲစပ်တည်ဆောက်ထားတဲ့အပြာရောင် IC Block တွေကိုတော့ Phone ရဲ့ circuit ပိုင်းမှာ IC သေးသေးတွေတွေအဖြစ်မြင်တွေ့ ရမှာဖြစ်ပါတယ်.........
Pre-Paid Phone Card စနစ်အကြောင်း
Pre-paid Phone Card ဆိုတာဘာလဲ?
အရိုးရှင်းဆုံးပြောရရင်တော့ Pre-Paid Card ဆိုတာ ရောင်းတဲ့တစ်နေရာရာ(စတိုးဆိုင်၊ဖုန်းဆိုင်၊super market ,……)ကနေ၀ယ်ယူထားပြီးCall minutesသတ်မှတ်ထားတဲ့ဂဏာန်းတွေပါဝင်တဲ့ကတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ပိုက်ဆံတန်ဖိုးတွေပါဝင်ပါတယ်(စကားပြောလို့ ရတဲ့ အချိန်တွေကို Bill ကြိုရှင်းထားတဲသဘောပေါ့)တကယ်တော့ ဒီ Pre-paid Phone Card ဆိုတာက ကတ်ထုတ်လုပ်သူဆီကနေ telephone service (call,receive,message,….) တွေကို advance (ကြိုတင်ပေးငွေ) အနေနဲ့   account ဖွင့်ပြီး ပေးထားတဲ့နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။(ဥပမာ- MPT ကထုတ်တဲ့ MPT Phone Pre-paid Cards, Redlink ကထုတ်တဲ့ Wi-Fi net-now Wireless Pre-paid Card, Yatanarpon ကထုတ်တဲ့ Dial-up Access Kit  )
Open Source ရဲ့  နောက်ဆုံးproduct phone os( Android ) အလားအလာ
OpenSourceလို့ ဆိုတာနဲ့ linuxကြီးကိုတန်းမြင်မှာပါ...ဟိုးအရင်ကပေါ်ပေါက်လာခဲ့တဲ့Unixကိုကွန်ပျူတာကျောင်းသား linux က ဖန်တီးပေးလာခဲ့လို့  linux kernel တွေလည်းပေါ်ထွက်လာပြီး source code တွေကိုပါ online တင်ပေးလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Programmerတွေဝိုင်းဝန်းပြင်ဆင်ဖြည့်စွက်လို့ လည်းဒီနေ့ အထိ linux ဟာတည်ရှိနေပြီး အကောင်းဆုံး OSတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်နေခဲ့ပါတယ်...
Linux အမျိုးအစားတစ်မျိုး ဖြစ်တဲ့ google android
linux မျိုးကွဲတစ်မျိုးဖြစ်တဲ့ google android 
ခုချိန်မှာတော့ Linux ကတစ်ခေတ်ဖြစ်နေချိန်လို့ ပဲပြောရမလား...Linux တစ်ခေတ်ဆန်းဖို့  အခြေအနေ
တွေကဖြစ်လာပြီဆိုပဲဆိုရမလားဗျာ....ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးထုတ်ကုန်ဖြစ်တဲ့ apple ၇ဲ့ IOS သုံး
ီDevice တွေနဲ့ ( ipad,iphone,ipod) ယှဉ်လာပြီလေ...နည်းပညာအရတော့ Linux အမျိုးအစားတစ်မျိုး
ဖြစ်တဲ့ google android ကလိုအပ်ချက်တွေရှိကောင်းရှိပေမယ့် open source ဖြစ်လေတော့ခုနောက်
ပိုင်း hand phone တော်တော်များများမှာအသုံးပြုလာခဲ့တဲ့အတွက် Android ကတော့လူသုံးများလာခဲ့
ပါပြီ။ Apple ကတော့အကြံတူနောက်လူသာစမြဲဆိုတာကိုလက်မခံချင်တာကိုလည်းတွေ့ နေရပါတယ်။
Mobile Phones တွေဘယ်လိုအလုပ်လုပ်သလဲ
ပြထားတာပါ
Touch ဖုန်းသုံးသူတို.သိထားသင်.သောအချက်
အခုဟန်းဆက်ဆိုရင်တော်တော်များများက Touch Screen ဟန်းဆက်များကိုသာ ကိုင်ဆောင်လာကြပါတာကိုတွေ.ရပါတယ်။ Touch Screen ဟန်းဆက်များမှာဆိုရင် GSMအတွက်ကော CDMA အတွက်ပါ ဈေးကွက်မှာဝင်ရောက်နေပါတယ်။
လူတိုင်းပြောနေကြတဲ့ Android
အခုဆိုရင် Smart Phone တွေကလည်း အရမ်းများလာပြီဆိုတော့ Android ဆိုတာကို မသိ့တဲ့ နည်းပညာသမား မရှိတော့ သလောက်ဖြစ်သွားခဲ့ပါပြီ။ ဟိုလူလည်း Android ဒီလူလည်း Android ဆိုတော့ ကျွန်တော်လည်း Android နဲ့ပတ်သက်ပြီး လေ့လာမိသလောက် ရေးချင်စိတ်ဖြစ်လာတာနဲ့ ဒီ Post လေးကို ရေးလိုက်တာပါ။ ကျွန်တော်က Android ဆိုတာ ဘယ်လိုမျိုး ၊ Android OS ကိုဘယ်လို တင်ရတယ်။ OS ကို ဘယ်လို Backup လုပ်ရတယ်။ ဘယ်လို Restore ပြန်လုပ်ရမယ်။ ဘယ်လို အသုံးပြုရတယ်။ ဘယ် Application တွေက ကောင်းတယ်။ အဲဒါတွေ ရေးမှာတော့ မဟုတ်ပါဘူး။ Android ကိုလေ့လာမဲ့ လူတစ်ယောက်အတွက် ဒီ Android ကဘယ်ကနေ ဘယ်လို စလာခဲ့တယ် ဆိုတာကို စလေ့လာမယ် နည်းပညာသမားတစ်ယောက်အတွက် သိ့သင့်တယ်ထင်လို့ ကျွန်တော် လေ့လာမိခဲ့တာလေးကို အတိုချုန်းပြီး ပြန်ချရေးပြလိုက်ခြင်းမျိုးသက်သက်ပါ။ ကြီးကျယ် ခန်းနားတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ 
Android Vs iOS (သင်ဘာကိုရွေးမလဲ)
Apple ရဲ့ iPhone Generation များဟာ အခုအချိန်ထိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းအဖြစ်အသိအမှတ်ပြုထားကြတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ဒါပေမယ့် အခုနောက်ပိုင်းမှာ
Google ရဲ့Android Operating System သုံးဖုန်းများဟာ ဖုန်းဈေးကွက်ထဲမှာ အများအပြားနေရာယူလာပါတယ်။
Android နှင့် iPhone တို့၏ စိန်ခေါ်ပွဲကြီး
Apple iPhone နဲ့ Google’s Android smartphones တွေရဲ့ တိုက်ပွဲကတော့ avatar ထဲက လူသားနဲ့ ဂြိုလ်သား တိုက်ပွဲလို ဖြစ်မလား၊ ဒါမှမဟုတ် နှုးညံ့မှုတွေနဲ့ အထိအတွေ့တွေ ဆွဲဆောင်မှု အပြည့် မင်သမီးလေးတွေနဲ့ ခေတ်ရှေ့ပြေး စက်ရုပ်မင်းသား လေးတွေရဲ့ တိုက်ပွဲ ဖြစ်မလား မပြော တတ်ဘူး။ တိုက်ပွဲကတော့ တံဗိုးခရာသံတွေ စီစီညံပြီး တိုက်ပွဲခေါ်သံတွေ ညံနေတာ လူတိုင်း အသိပဲ ဖြစ်ပါတယ်။
တကယ့်ကို ကြီးမား ကျယ်ပြန့်လွန်းတဲ့ ဈေးကွက်ကြီး ဖြစ်နေတာ တစ်ကြောင်း တကယ့် အထင်ကရ ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ပွဲဖြစ်နေတာ တစ်ကြောင်း ဈေးကွက်ကို နည်းမျိုးစုံနဲ့ လုဖို့ တိုက်ပွဲကို စစ်မျက်နှာစုံက ဖွင့်ပြီးတိုက်ဖို့ ပြင်ဆင် နေကြပါတယ်။အရင်ရှိပြီးသားတွေကလည်းဆရာကြီး နောက်ဝင်လာမယ့် ကောင်တွေကလည်း ဆရာကြီးတွေ ဆိုတော့ မတိန်းမစောင်း ဗိန်းမောင်းနဲ့သာ လိုက်ပေတော့လို့ ဆိုရမလို ဖြစ်နေပါတယ်။ (တကယ်တော့ ကျွန်တော်မှာ Android Phone လည်း မရှိ၊ iPhone လည်း မရှိပါ၊ ဟမ်းဖုန်းကိုင်ရတာထက် Android Tablet ကိုင်ချင် သောကြောင့် စောင့်နေတာလည်း ပါသည်။ :P )
အင်တာနက်အတွက်အသုံးဝင်မယ့် USB Modem
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းငါးသောင်းတန် GSM နဲ့ WCDMA ဖုန်းတွေချပေးနေရာမှာ အင်တာနက်ပါတစ်ပါတည်းသုံးလို့၊ လျှောက်လို့ရနေပြီဖြစ်ပါတယ်။ တချို့ဖုန်းတွေမှာ အင်တာနက်အသင့်သုံးနိုင်တဲ့ Function ပါဝင်ပေမယ့် အသင့်မသုံးနိုင်တဲ့ ဖုန်းမော်ဒယ်တွေအတွက် USB Modem ကတစ်ဆင့် ကွန်ပျူတာနဲ့ အင်တာနက်သုံးနိုင်ပြီဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရှိနေမယ့် Android
ကမ္ဘာ့ကွန်ရက်ကြီးထဲကနေ နှိုက်ထုတ် ရှာဖွေဖို့ အတွက် ဖန်တီးဆောင်ရွက်ပေးရာမှာ နံပါတ် (၁) အဆင့်လို့ ပြောနိုင်လောက်အောင် ကြိုးစား ဆောင်ရွက်လာတဲ့ Google က  မိုဘိုင်းကွန်ပျူတာ နောက်ကွယ် Android Operating System လို့ ခေါ်တဲ့ လည်ပတ်စနစ်ကိုလည်း ဖန်တီးပေးခဲ့တယ်။ Android ကို စတင် မိတ်ဆက်ရာကနေ စွမ်းဆောင်ချက်တွေ၊ အရည်အချင်းတွေနဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ အစဉ်တစိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးရင်း မကြာသေးတဲ့ လပိုင်းအတွင်းကစပြီး version 4.0 ကို ထပ်မံ မိတ်ဆက် လာခဲ့တယ်။ Android OS ထဲမှာတော့ အမြင့်ဆုံး ပုံစံနဲ့ နောက်ဆုံး ထုတ်ပေးခဲ့တာ ဖြစ်တယ်။ ၂၀၁၂ ခုနှစ်အတွက် Android version လို့ပဲ ဆိုရလေမလား။ နောက်ထပ် အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိသေးလားတော့ မမှန်းဆနိုင်ပါ။ သေချာတာကတော့ ၂၀၁၂ ခုနှစ်မှာ Android အခြေပြု ကိရိယာတွေ အတွက် ထူးခြားတဲ့ ခံစားခွင့်တွေ ပေးမှာတော့ အသေအချာဖြစ်တယ်။ အထူးသဖြင့် ပြိုင်ဘက် iOS ကို ကျော်လွှားနိုင်ဖို့နဲ့ အန္တရာယ်ပေးနိုင်တဲ့ Windows ကို ဆီးကာထားနိုင်ဖို့ အရည်အချင်းတွေ ထုတ်သုံးပေးရပါလိမ့်မယ်။
GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ...
www.monetine.net GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ
 GPS စံနစ်က ဘာကြောင့် မှား ယွင်းဖေါ် ပြနေပါသလဲ
             ဖုန်းတွေနဲ့ GPS စနစ်အသုံးပြုတဲ့အခါမှာ တစ်ခါတစ်ရံမှာ ဖော်ပြချက်တွေမှားယွင်းနေတတ်တယ်.....  ဒါပေမဲ့ မှားယွင်းဖော်ပြချက်တွေက အချိန်တိုင်းမမှားပါဘူး။