![]() |
Pre-paid Phone Card ဆိုတာဘာလဲ?
အရိုးရှင်းဆုံးပြောရရင်တော့ Pre-Paid Card ဆိုတာ ရောင်းတဲ့တစ်နေရာရာ(စတိုးဆိုင်၊ဖုန်းဆိုင်၊super market ,……)ကနေ၀ယ်ယူထားပြီးCall minutesသတ်မှတ်ထားတဲ့ဂဏာန်းတွေပါဝင်တဲ့ကတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ပိုက်ဆံတန်ဖိုးတွေပါဝင်ပါတယ်(စကားပြောလို့ ရတဲ့ အချိန်တွေကို Bill ကြိုရှင်းထားတဲသဘောပေါ့)တကယ်တော့ ဒီ Pre-paid Phone Card ဆိုတာက ကတ်ထုတ်လုပ်သူဆီကနေ telephone service (call,receive,message,….) တွေကို advance (ကြိုတင်ပေးငွေ) အနေနဲ့  account ဖွင့်ပြီး ပေးထားတဲ့နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။(ဥပမာ- MPT ကထုတ်တဲ့ MPT Phone Pre-paid Cards, Redlink ကထုတ်တဲ့ Wi-Fi net-now Wireless Pre-paid Card, Yatanarpon ကထုတ်တဲ့ Dial-up Access Kit )
![]() |
MPT -GSM Pre-paid Card |
![]() |
MPT CDMA 800 Pre-paid Card |
![]() |
MPT CDMA 450 Card |
Pre-paid Phone Card အမျိုးအစားက နှစ်မျိုးရှိပါတယ်….ပထမတစ်မျိုးက Disposable ဖြစ်ပြီးတော့ Recharageable ဖြစ်ပါတယ်…..ပထမအမျိုးအစားဖြစ်တဲ့ Disposable က call minutes သတ်မှတ်ထားတဲ့ဂဏာန်းတွေကိုတစ်ခါထည့်သုံးပြီးရင်လွှင့်ပစ်ပေါ့……နောက်တစ်ခါသုံးချင်ရင်နောက်တစ်ကတ်ထည့်သုံးပေါ့….ဖုန်းနံပါတ်ကအသေမရှိဖူးပေါ့ဗျာ……(ဥပမာ- FEC 20 တန်ဖုန်းကတ်တွေပေါ့) ၊ ရောက်တဲ့နေရာမှာဝယ်ထည့်၊ကုန်အောင်သုံး၊ပြီးရင်လွှင့်ပစ်၊ကုန်ရင်နောက်တစ်ကတ်ထည့်သုံး…အဲလိုမျိုးပေါ့။ Recharageable ဆိုတာကတော့ကတ်ဝယ်ပြီး call minutes ဂဏာန်းတွေဖြည့်ရင် call minutes တွေတိုးလာတာမျိုးပါ။ဥပမာပြောရရင်ကိုယ့်ဖုန်းထဲမှာ ပိုက်ဆံလက်ကျန်နည်းနေပြီဆိုရင် အဲဒီ Recharageable ကတ်ထည့်လိုက်..ကိုယ့် call minutes ထပ်တိုးလာမယ်….credit ထပ်တိုးတဲ့သဘောမျိုးပေါ့….နံပါတ်အသေ မှာ call minutes ကိုပဲသတ်မှတ်ထားတာဖြစ်ပါတယ်….ကျွန်တော်တို့ နိုင်ငံမှာသုံးတဲ့ Pre-paid Phone စနစ်ကတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ Recharageable အမျိုးအစားဖြစ်ပါတယ်……(MPT GSM, MPT CDMA 450 MHz, MPT CDMA 800MHz)
![]() |
(1) Disposable Card အမျိုးအစားအားတွေ့ ရပုံ |
![]() |
(2)Rechargeable Phone Card အားတွေ့ ရပုံ |
Pre-paid Phone Card တွေဘယ်လိုအလုပ်လုပ်ကြလဲ?
သင်ဟာ Pre-paid Pone Card ၀ယ်မယ်ဆိုရင် ကတ်ပေါ်မှာ သီးသန့်  PIN (Personal Identify Number) Number နဲ့ Toll-free Access Number တို့ ပါဝင်ပါတယ်…ကိုယ်ကအဲဒီကတ်ကိုသုံးဖို့ ဆိုရင် Call ကိုနှိပ်ပြီး PIN ထည့်ပြီး သတ်မှတ်ထားတဲ့ Toll-free Access Number ကိုခေါ်ပါ။(ခေါ်ပုံခေါ်နည်းကတော့ GSM ဆိုရင် *124#(message) ဖြစ်ပြီး CDMA ဆိုရင်တော့ *161(voice),*162(message) တို့ ဖြစ်ပြီး call ခေါ်ရင်အလုပ်လုပ်ပါတယ်။အဲဒါကတော့မြန်မာပြည်ရဲ့ Pre-paid system ဖြစ်ပါတယ်။
![]() |
GSM ငွေဖြည့်ကတ်တွင်ငွေဖြည့်နည်းအားဖော်ပြထားပုံ |
![]() |
CDMA ငွေဖြည့်ကတ်တွင်ငွေဖြည့်နည်းဖော်ပြထားပုံ |
အခြားနိုင်ငံတွေမှာဆိုရင်တော့သက်ဆိုင်ရာသတ်မှတ်ထားတဲ့ဂဏာန်းသင်္ကေတတွေနဲ့ ဖြစ်ပါလိမ့်မယ်)အဲသလို Toll-free Access Number ကိုခေါ်လိုက်လို့ ရှိရင် Pre-paid Card ထုတ်လုပ်တဲ့ Service Provider (မြန်မာပြည်မှာတော့ MPTပေါ့, နိုင်ငံခြားမှာတော့ third-party တွေများတယ်) ဆီမှာရှိတဲ့ Computer ဆီကိုရောက်သွားကိုရောက်သွားပါတယ်၊(တစ်နည်းအားဖြင့်ပြောရရင်တော့ Pre-paid စနစ်အတွက်အသုံးပြုတဲ့ computer ဆီရောက်သွားတာပါ….အဲလိုနဲ့ ချိတ်ဆက်မိသွားလို့ ရှိရင်သင့်ပိုက်ဆံလက်ကျန်ဘယ်လောက်ရှိလဲဆိုတာကိုအဲဒီ computer ကပြန်လည်ဖြေကြားပေးတဲ့စနစ်ဖြစ်ပါတယ်။အဲဒီနောက်မှာတော့သင်ဖုန်းခေါ်ချင်တဲ့ဆီဖုန်းခေါ်စနစ်အသုံးပြုလို့ ရပါပြီ။
အဲဒီ Computer ကတော့ call ကြာမြင့်ချိန်နဲ့ call minutes စုစုပေါင်းကနေ အသုံးပြုချိန်ကိုနှုတ်ပြီးတော့လက်ကျန်ရှိတဲ့ call minutes ကိုတွက်ချက်ပေးပါတယ်။ကတ်ကိုမိနစ်ကုန်ဆုံးချိန်အထိအသုံးပြုပြီးတဲ့နောက်မှာတော့မိနစ်ထပ်တိုးဖို့ အတွက်ကတ်သစ်ထပ်ဖြည့်ပြီးရင်ကတ်ကိုစွန့် ပစ်ရုံပါပဲ။
Pre-paid Card Phone ရဲ့ ကောင်းကျိုးတွေကရော?
ဖုန်းဆက်ဖို့ အတွက်ငွေအကြွေစေ့လဲလှယ်ရခြင်း၊အကြွေစေ့ဆောင်ရခြင်းကင်းဝေးစေပါတယ်။
သီးခြားဂဏာန်းနဲ့ Account လေးတစ်ခုပါတဲ့ကတ်လေးဆိုတော့အလွယ်တကူဝယ်ယူလို့ ရပါတယ်။
သမားရိုးကျ Post Paid တွေထက်ကိုဈေးသက်သာပြီးသုံးရအဆင်ပြေပါတယ်။
ကိုယ်တစ်ယောက်တည်းသိတဲ့ PIN code တွေနဲ့ ထည့်သွင်းအသုံးပြုထားတာဖြစ်လို့  ကိုယ်မသိပဲနဲ့  call တွေခေါ်ဆိုခွင့်မရှိပါဖူး….လုံခြုံမှုစနစ်လည်းကောင်းတယ်။(ဆိုလိုတာကဖုန်းလိုင်းပွားသုံးတာတို့ …ဖုန်း SIM ကတ်ပွားသုံးတာတို့ လုပ်ထားခဲ့ရင်တောင်အဲဒီ PIN မရှိရင်သုံးလို့ မရပါ)
ပထမဆုံးခေါ်ဆိုချိန်ကို အပိုဆောင်းငွေပေးစရာမလိုသလိုအခွန်အတွက်ကိုလည်းကတ်တန်ဖိုးထဲမှာတစ်ခါတည်းထည့်သွင်းထားပြီးသားဖြစ်ပါတယ်။
ဘာတွေကိုဂရုပြုထားသင့်သလဲ? (Pre-paid Card Phone အားနည်းချက်များ)
ကတ်သက်တမ်းမကုန်ဆုံးခင်မှာပဲ ကတ်ကအလုပ်မလုပ်တော့ဖူး။ (ဒါမျိုးကတော့ကျွန်တော်တို့ ဆီမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။)
အချို့ သောကတ်တွေမှာတော့ မမျှော်မှန်း၊မမျှော်လင့်ထားပဲအပိုဆောင်းငွေတွေထပ်မံဖြည့်တင်းထားပါတယ်( ကျွန်တော်တို့ နိုင်ငံမှာတော့သိပ်မကြားမိသေးပါ)
တစ်ခါတစ်လေကျရင် Phone service နှေးသွားတာတို့ …အသံမကြည်..လိုင်း Detection အားနည်းတာတို့ ဖြစ်တတ်ပါတယ်။
အချို့ သော third-party pre-paid card ထုတ်လုပ်ရောင်းချတဲ့ company တွေဟာ ဒီကတ်တွေရဲ့ စနစ်အကြောင်း၊ချို့ ယွင်းမှုဖြစ်နိုင်တဲ့အကြောင်းကိုမ၀ယ်ခင်ကတည်းကရှင်းပြထားသင့်တယ်။(အရင်တုန်းက ကတ်တွေမှာခြစ်ရတဲ့ခဲတွေပျက်တာတို့ ……ခဲခြစ်ကြမ်းလို့ ဂဏာန်းတွေပျက်စီးသွားတာ……)
ကတ်သက်တမ်းကုန်ဆုံးရက်ထက်ကိုစောပြီး expire ဖြစ်သွားတာ (ခဏခဏကြားရပါတယ်)
PIN (သို့ ) Toll-Free Access Number က အလုပ်မလုပ်တာတို့ ၊ Access Number က busy ဖြစ်နေလို့ ထည့်မရ ၊သုံးမရဖြစ်တာတွေ
Customer Service Number က busy ဖြစ်တာ(သို့ )အလုပ်မလုပ်တာ
ကြော်ငြာသတ်မှတ်ထားပေးတာထက်ကိုပိုတဲ့ဝယ်လိုအားကြောင့်( လူတွေကတ်များများဝယ်တော့) ဈေးကွက်မှာကတ်တွေဝယ်မရဖြစ်တတ်တာ
Hidden Connection Charges (Internet အသုံးပြုခတွေ),အခွန်တွေနဲ့ အပိုဆောင်းငွေတွေကိုကိုယ်သုံးသလောက်ကိုယ့်ရဲ့ call minutes ထဲကဖြတ်ဖြတ်သွားတာ
နောက်တစ်ခုကကတ်ထည့်ထားပြီးသတ်မှတ်ထားတဲ့ ကာလအတွင်းမှာမသုံးမိပဲကျော်သွားရင်လည်းပြန်အမ်းငွေမရှိပါ….(ကတ်ထည့်ထားပြီးသုံးရင်သုံး၊မသုံးရင်ဆုံးပေရော့ ပဲ)
ဘယ်လိုစိတ်ချရအောင်လုပ်သင့်လဲ?
ကိုယ်ဖုန်းဝယ်မယ့် company ကထုတ်တဲ့ Pre-paid Phone Card တွေဟာ PIN Number တွေ, Toll-Free တွေတကယ်အလုပ်လုပ်မလုပ်..ကတ်ပေါ်မှာသူတို့ ကိုဆက်သွယ်ရန်တို့ ပါမပါစစ်ပါ။တကယ်လို့ ကတ်ပေါ်မှာသူတို့ ကိုဆက်သွယ်ရန်လည်းမပါဖူး၊ Toll-Free Number ကလည်းအလုပ်မလုပ်ဖူးဆိုရင်တော့ကိုယ်ပဲတိုင်ပတ်မှာလေ..ဒီတော့သိပ်အခြေအနေမဟန်ရင်ဝယ်မသုံးပါနဲ့ (နိုင်ငံခြားမှာပြောပါတယ်…နိုင်ငံခြားမှာကကတ်ဖုန်းတွေပေါများတာကိုး..ဒီမှာကတော့ MPT ပဲရှိနေတော့ ….)နောက်ပြီးတော့သူတို့ တွေဟာ ၂၄ နာရီဝန်ဆောင်မှုရှိမရှိ…..activation fee ပေးဖို့ လိုမလို…..ကိုယ်မထည့်ရသေးပဲနဲ့ ကတ်ပျောက်သွားခဲ့ရင်အစားထိုးပေးဖို့ ရှိမရှိ…..တစ်မိနစ်ကိုဘယ်လောက်ကျသလဲ…..expire date ကမှန်ကန်ရဲ့ လားဆိုတာတွေကိုစဉ်းစားပြီး ၀ယ်ယူသင့်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်…..
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ….
http://alanster.blogspot.com/
http://alanster.blogspot.com/
No comments:
Post a Comment