- Argentina ,Canada ,China (Mobile),Czech Republic (Mobile),Finland ,Hungary,Iran (Mobile),Israel ,Netherlands ,Poland,Singapore (Mobile),Sweden ,Thailand,United Kingdom ,United States
- Screenshots
- အောက်ကဆောင်းပါးလေးကတော့ Myanmar's ICT မှာတွေ့တာနဲ့ ဖော်ပြပေးလိုက်တာပါ။
- အင်တာနက်လိုင်းများနှေးကွေးနေချိန်မှာပင် အသုံးပြုနိုင်မည့် Rynga VOIP စနစ်ကိုပြည်တွင်း၌ စတင်ဝန်ဆောင်မူပေးလျက်ရှိ ကြောင်း သိရှိရပါသည်။ အဆိုပါ Rynga VOIP စနစ်မှာ ကွန်ပျူတာ မိုဘိုင်းစသည်တို့မှပြည်ပရှိဖုန်းများကို တိုက်ရိုက် ခေါ်ဆိုနိုင်မည့် စနစ်တစ်ခု ဖြစ်သည်။ Operating Systemတွင် windows, Mac တို့တွင် အသုံးပြုနိုင်ကာမိုဘိုင်းဖုန်းများအတွက် iOS အသုံးပြုပစ္စည်းများ၊ Nokia ကုမ္ပဏီထုတ် Symbian ဖုန်းများ၊ Android အခြေပြုဖုန်းများ အားလုံးတွင် ထည့်သွင်းကာ မိမိကိုယ်ပိုင်ဖုန်းမှပင် တိုက်ရိုက် ခေါ်ဆိုနိုင်မည့်စနစ်တစ်ခု ဖြစ်သည်။ ရက်ပေါင်း၁၂၀ အခမဲ့ ရနိုင်သော Rynga VOIP အား ရက်ပေါင်း ၁၂၀ အတွင်း မိနှစ် ၁၂၀
ခေါ်ဆိုနိုင်မည် ဖြစ်သည်။ Rynga ဆော့ဖ်ဝဲအားအခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကာ မိမိအိမ်တွင် ထည့်သွင်း၍ သော်လည်းကောင်း၊ အင်တာနက်မှ Rynga ၀ပ်ဘ်ဆိုက်နဲ့ ၀င်ရောက်ကာ တိုက်ရိုက်သော်လည်းကောင်း ခေါ်ဆို နိုင်မည် ဖြစ်သည်။ Rynga VOIP ကို စတင် အသုံးပြုလိုပါက (10 EURO) ၁၀ ယူရို ထည့်သွင်းရမည် ဖြစ်ကာ မြန်မာငွေဖြင့် ထည့်လိုပါက
စတင်အသုံးပြုချိန်တွင် service အပါအ၀င်အပြီးအစီး (ငွေ) ပေးသွင်းရုံဖြင့် မိမိ အသုံးပြုချင်သည့် ပုံစံမျိုးဖြင့် အကောင့်တစ်ခုနှင့် မိမိအကောင့်အတွင်း ၁၀ ယူရိုငွေကိုပါ ရရှိအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ ခေါ်ဆိုခွင့် Rynga VOIP စနစ်တွင် အထူးအစီအစဉ်အဖြစ် Superdeals! တစ်ခုကို ပြုလုပ်ထားပြီး Ryngaမှ အခါအားလျော်စွာ သို့မဟုတ်တနင်္ဂနွေကဲ့သို့ရက်မျိုးတွင် ပြည်တွင်းမှ ခေါ်ဆိုမှုများပြားသော စင်ကာပူ၊ မလေး၊ တရုတ်၊ ဂျပန် အပါအ၀င် နိုင်ငံပေါင်းများစွာကို အခမဲ့ဖုန်း ခေါ်ဆိုနိုင်ခွင့်များလည်းပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဖုန်းခေါ်ဆိုခနှုန်းထားများအနေဖြင့် လည်း ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် VOIP ဖုန်းများထက် များစွာသက်သာလျက်ရှိပြီး SMS ကိုလည်း ကွန်ပျူတာမှဖြစ်စေ၊ အင်တာနက် ၀ဘ်ဆိုက်မှဖြစ်စေ၊ မိမိဖုန်းအတွင်းမှဖြစ်စေ၊ တိုက်ရိုက်ပေးပို့နိုင်ပြီး မည့်သည့်နိုင်ငံကိုမဆို SMS တစ်စောင်ကို မြန်မာငွေ (၅၀) ကျပ်ဖြင့် ပေးပို့နိုင်မည်ဖြစ်သည်။ ကွန်ပျူတာများစွာမှ တစ်ပြိုင်နက်တည်း အသုံးပြုနိုင် Rynga VOIP စနစ်ကို လက်ရှိ VOIP ဖုန်းများကဲ့သို့ တစ်ကြိမ် အသုံးပြုလိုပါက အကောင့်တစ်ခုတည်းသာ အသုံးပြုခြင်း မဟုတ်ဘဲ ကွန်ပျူတာများစွာ တိုက်ရိုက် တစ်ပြိုင်တည်း အသုံးပြုနိုင်ကြောင်းလည်းသိရသည်။ Ryng VOIP ဖုန်း၏ အားသာချက်မှာ ကွန်ပျူတာမှဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်ဟန်းဆက်မှ ဖြစ်စေ၊ မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ၄င်းစနစ်ဖြင့် ကွန်ပျူတာမှ ကွန်ပျူတာ၊ PCမှ ဖုန်း၊ ဖုန်းမှ PC ကြိုက်နှစ်သက်သလို ခေါ်ဆိုနိုင်မည်ဖြစ်သည်။ အဆိုပါ Rynga VOIP ၀န်ဆောင်မှုအား စိတ်ဝင်စားကာ ရယူလိုသူများ၊ သုံးစွဲလိုသူများအနေဖြင့် ဖုန်း ၀၉-၇၃၁-၄၅၃-၉၈၊ ၀၉-၄၄၈-၀၀၅-၆၃၅ သို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
Download လုပ်ရန် Rynga - Free Android Calls
သို့မဟုက်
သို့မဟုက်
PC ဒေါင်းလုပ်
Download လုပ်ရန် MobileVOIP - Cheap calls
သို့မဟုက်
သို့မဟုက်
PC ဒေါင်းလုပ်
မူရင်းဆိုဒ်
No comments:
Post a Comment