Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

မေးလ်ကိုစောင့်မျှော်ဖတ်တတ်တဲ့ Android သမားများအတွက်Gmail Widgets

Gmail Widgets

ဒါကတော့ mail အမြဲအသုံးပြုချင်သူတွေ ဆောင်ထားသင့် တဲ့ apk လေးပဲဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 511k ရှိပြီး ၂.၃အထက်အသုံးပြုလို့ ရနိုင်ပါလိမ့်မယ်။မိမိဆီကို  မေးလ်တွေဝင်လာခဲ့ရင်လည်း လျင်လျင်မြန်မြန်ဖော်ပြပေးပါလိမ့်မယ်။setting မှာတော့ မိမိစိတ်ကြိုက် ပြင်ဆင်သက်မှတ်ပေးနိုင်ပါတယ်။မေးလ်အသုံးပြုရတာလည်း ပိုမို လွယ်ကူကူဖြစ်စေပါတယ်။သူ့ရဲ့ အသေးစိတ်Featuresသိချင်ရင်တော့:
- Updates automatically when new mail arrives (it may not update immediately while you read mails)
- Shows the first lines of the message in addition to sender and subject (certain widgets only)
- Supports several inbox types ("classic", important and starred) and labels
- Supports multiple accounts on one device
- Open Gmail or compose a new message quickly from the widget
- Makes your phone look like it has the latest Android 4.0 (ICS)
- Customisable appearance through 4 themes and icons

BlackBerry ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁)


BlackBerry လို့ဆိုလိုက်တာနဲ့ တော်တော်များများရဲ့ အမြင်မှာ Business Traveler တွေ၊ Corporate ရဲ့Management Level တွေအတွက်ဘဲ လို့ မြင်လေ့ ရှိပါတယ်။

တစ်ချို့ကြတော့လည်း BlackBerry ကိုခေတ်နောက်ကျနေတဲ့ ဖုန်း၊ အဘိုးကြီးတွေကိုင်တဲ့ ဖုန်းလို့ဘဲ မြင်ကြပြန်ပါတယ်။

ဘယ်လိုအမြင်မျိုးတွေပဲ ရှိကြပါစေ၊ BlackBerry ရဲ့ အားသာချက်တွေကို သိနားလည်းပြီး တကယ် အကျိုးရှိရှိ အသုံးချနေသူတွေ အတွက်တော့ BlackBerry ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းနှစ်သက်နေကြတုန်းပါပဲ။

BlackBerry ရဲ့ Physical QWERTY Keyboard ရယ်၊ Track Pad ဒါမှမဟုတ် Track Ball ရယ်၊ Push Mail ရယ်၊ BBM လို့ခေါ်တဲ့ BlackBerry Messenger ရယ်၊ မှိတ်တုတ်မှိတ်တုတ် နဲ့လင်းလင်းလာတဲ့ အချက်ပေးမီးလေးရယ်၊ Battery အသုံးခံတာ စတဲ့ အချက်တွေက BlackBerry ရယ် အဓိက အားသာချက် တွေဖြစ်ပြီး၊

တစ်ခြား Smartphone (Android, Apple iOS) စတာ တွေနဲ့ နှိုင်းယှဉ်ရင် Application နည်းနေတာကတော့ BlackBerry ရဲ့ အဓိက အားနည်းချက်ပါဘဲ။

Application နည်းနေပစေ BlackBerry မှ BlackBerry တစ်မျိုးပဲသုံးမယ်ဆိုတဲ့ လူများလည်းရှိသလို၊
BlackBerry ကိုလည်းကြိုက် တစ်ခြား Smartphone (Android, Apple iOS) စတာတွေကိုလည်း သုံးချင်လို့ တစ်ချိန်ထဲ မှာ BlackBerry ရော အခြား Smartphone တစ်မျိုးမျိုးကို လည်းတွဲကိုင်တတ်ကြလေ့ရှိပါတယ်။

အဲသလို အားသာချက် တွေရော၊ အားနည်းချက် တွေရော ယှဉ်တွဲနေတဲ့ BlackBerry ကို Canada နိုင်ငံမှ RIM လို့ အတိုကောက် လူသိများတဲ့ Research In Motion ကုမ္ပဏီကြီးကနေ 1999 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

RIM ရဲ့ ပထမဆုံး BlackBerry 850 ဟာ 2 Way Pager အဆင့်သာရှိပြီး 1999 ခုနစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ၊ 2003 ခုနှစ်မှာမှ Mobile Telephone, Email, Text Message, Web Browsing စတာတွေ ပါဝင်လာတဲ့ Smartphone အဖြစ်နဲ့ စတင် ဖြန့်ချီခဲ့ပါတယ်။

ကိုယ်လက်မခံချင်တဲ့ဖုန်းနံပါတ်တွေကို BlackList သုံးပြီး ဖြေရှင်းရအောင်

BlackList
ကိုယ်လက်မခံချင်တဲ့ဖုန်းနံပါတ်တွေကို blacklist software ကို သုံးပြီးဖြေရှင်းနိုင်ပါတယ်။
ဒီsoftware က blacklist software တွေထဲမှာ အပေါ့ပါးဆုံးနဲ့အဆင်ပြေဆုံးတစ်ခုဖြစ်ပါတယ်။
သင် blacklist လုပ်ထားတဲ့နံပါတ်ကခေါ်လိုက်ရင် သူ့ဆီမှာ သင့်ဖုန်းက busyပြနေပါလိမ့်မယ်။
သုံးရတာလဲ လွယ်ပါတယ်။ software ကို ဖွင့်ပြီး Add Number မှာContact ထဲက နံပါတ်တွေကို blacklist လုပ်လို့ရသလို နံပါတ်ကိုရိုက်ပြီးတော့လဲ blacklist လုပ်ထားလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ contact ထဲမှာ ရှိတဲ့ဖုန်းတွေကလွဲလို့ တစ်နည်းအားဖြင့် ကိုယ်မသိတဲ့ သူစိမ်းဖုန်းနံပါတ်တွေအားလုံးကိုလဲ blacklist လုပ်ထားလို့ရပါတယ်။text/MMS မက်ဆေ့တွေပါ ပိုလို့မရအောင် တားဆီးနိုင်ပါတယ်။

HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုခြင်း

၁။ Hareware လိုအပ်ချက် အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုမည့် သင့် ကွန်ပျူတာသည် Windows XP သို့မဟုတ် Windows 7 စက်မောင်းစနစ်ကို တပ်ဆင်သုံးဆွဲပြီးဖြစ်ရမည်။

၂။ Huawei C5900 Handset ၀ယ်ယူစဉ်က တပါတည်းပါရှိသော Drivers & PC Suite Software ပါရှိသော CD/DVD ခွေနှင့် USB ကြိုးရှိရပါမည်။

အထက်ပါ အချက်များ သင့်တွင်ပြည့်စုံပြီဆိုလျင် သင် စတင်ချိတ်ဆက်၇န် ကြိုးစားဖို့ အဆင်သင့်ဖြစ်ပါပြီ။

Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂)

ဒီတစ်ခေါက် အပိုင်း – ၂ မှာတော့ Android OS များရဲ့ Version များအကြောင်းကို တင်ဆက်သွားပါမယ်။

Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။

Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။

လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ ဖြစ်ပါတယ်။

ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြုဖြစ်ခဲ့ပါဘူး။

အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။