Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

20 Tips for Android Users (Android User များအတွက် အချက် '၂၀')

Android ဖုန်းတိုင်းဟာ တခြားဖုန်းတစ်လုံးနဲ့ မတူပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အရွယ်အစား၊ အသုံးပြုထားတဲ့ Hardware စတာတွေ ကွာပါတယ်။ Android ဖုန်းတိုင်းမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လိုရအောင် ထုတ်သုံးရမလဲ ဆိုတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ကိုတင်ပြထားပါတယ်။ ဒီအချက်တွေကနေတဆင့် မိမိဖုန်းမှာ မိမိမသိတဲ့ Features လေးတွေ ဘာတွေရှိမလဲဆိုတာ သိနိုင်သလို မိမိဖုန်းကိုလဲ အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၁) Tap တစ်ချက်နှိပ်ရုံနဲ့ မိမိခေါ်လိုတဲ့ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုနိုင်ခြင်း


သင့်ရဲ့ Screen ပေါ်မှာ Contact Icon တွေတင်လို့ရအောင် Android ကလုပ်ဆောင်ပေးထားပါတယ်။
  •  Screen ပေါ်က နေရာလွတ်တစ်ခုကို ဖိထားပါ။
  • Menu ပေါ်လာတဲ့အခါ Shortcuts > Contact ကို သွားပါ။
  • Contact List ထဲက ထည့်သွင်းလိုတဲ့ Contact ကို နှိပ်လိုက်ပါ။


(၂) Google တွင် အသံဖြင့်ရှာဖွေခြင်း


 

Google's search app ကိုသုံးပြီး သင့်အသံနဲ့ Google မှာ ရှာနိုင်ပါတယ်။
  • Search Bar ရဲ့ဘေးက မိုက်ကရိုဖုန်း ပုံလေးကို နှိပ်ပါ။
  • သင်ရှာလိုတာကို အသံနဲ့ ပြောလိုက်ပါ။

(၃) အသံဖြင့်စာရိုက်ခြင်း


Android ဖုန်းအများစုရဲ့ ကီးဘုတ်မှာ အသံနဲ့စာရိုက်လို့ရတဲ့ Feature ဟာ Built-in အဖြစ်ပါဝင်ပါတယ်။
  • မိုက်ကရိုဖုန်းပုံလေးကို နှိပ်ပြီး ရိုက်လိုရာကို ပြောလိုက်ရုံပါပဲ။

(၄) Home Screen ပေါ်ကနေ Bluetooth, Wi-fi နဲ့ Airplane Mode တွေကို ထိန်းချုပ်ခြင်း


Android မှာ Bluetooth, Wi-fi နဲ့ Airplane Mode တွေကို ထိန်းချုပ်နိုင်တဲ့ built-in widget ပါဝင်ပါတယ်။ Settings ထဲကို သွားစရာမလိုဘဲ ပါဝါစားတဲ့ ဒီ Feature တွေကို ကောင်းကောင်း Control လုပ်နိုင်ပါတယ်။

(၅) Chrome ကို ဖုန်း Browser နှင့်ချိတ်ဆက်သုံးနိုင်ခြင်း


Chrome to Phone App ကိုသုံးပြီး မိမိကွန်ပျူတာက Chrome Browser မှာရှိတဲ့ Link တွေ Message တွေ နဲ့ Phone Number တွေကို ဖုန်းထဲသို့ ပို့နိုင်ပါတယ်။ Android Market မှ Applications နဲ့ Extension ကို ဒေါင်းဖို့ပါ။




(၆) Portable Drive အဖြစ် Data များ သယ်ဆောင်နိုင်ခြင်း


သင့်ဖုန်းကို သင့်ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ ဖုန်းရဲ့ Storage ကို သင်မြင်နိုင်ပါတယ်။ အဲဒီ Storage ထဲမှာ သင့် Data တွေ သိမ်းဆည်းပြီး သင်သွားလေရာကို သယ်ဆောင်သွားနိုင်ပါတယ်။

(၇) File များကို Manage လုပ်နိုင်ခြင်း


သင့်ဖုန်းထဲမှာ ထည့်သွင်းသိမ်းဆည်းထားတဲ့ သင့် Data များကို ဖုန်းထဲမှာပဲ ပြန်ကြည့်လို့ရပါတယ်။ အဲလိုကြည့်ဖို့အတွက် X-Plore File Manager လို App မျိုးတော့ ရှိနေဖို့ လိုအပ်ပါတယ်။

(၈) Special Characters တွေကို အလွယ်တကူသုံးနိုင်ခြင်း


  • သင့်ဖုန်းရဲ့ Keyboard ပေါ်က "." ခလုတ်လေးကို ဖိထားလိုက်ရင် အများဆုံးအသုံးပြုတဲ့ Special Characters တွေပေါ်လာပါလိမ့်မယ်။ သင်အလိုရှိရာကို ရွေးလိုက်ရုံပါပဲ။

(၉) Google နဲ့ ချိတ်ဆက်ပြီး အကောင်းဆုံး Features တွေ ရယူနိုင်ခြင်း


ဖုန်းကို ပထမဆုံးအကြိမ် စတင်ပြီး Set Up လုပ်တဲ့အချိန်မှာ သင့်ဖုန်းထဲမှာ သင့်ရဲ့ Google Account ကို ထည့်သွင်းထားဖို့ မမေ့ပါနဲ့။ Google Map, Google Earth, Google Play အစရှိတဲ့ ပြီးပြည့်စုံတဲ့ Feature တွေကို အဲဒီ Account ကတဆင့် သင်ရယူနိုင်ပါတယ်။



(၁၀) သင့်ရဲ့ တခြား Social Account တွေနဲ့ ချိတ်ဆက်နိုင်ခြင်း


Android မှာ App တွေကို အသုံးပြုပြီး Facebook, Twitter, LinkedIn, သို့ Flickr တို့နဲ့ ချိတ်ဆက်ပြီး အဲဒီက Contact တွေကို သင့်ဖုန်းရဲ့ Contact ထဲကို ထည့်သွင်းနိုင်တဲ့ Feature ပါဝင်ပါတယ်။
  • Settings > Account and Sync ထဲကိုဝင်ပြီး Set Up လုပ်ရုံပဲဖြစ်ပါတယ်။ 

 (၁၁) Market က မဟုတ်တဲ့ အပြင်က App တွေကို ထည့်သွင်းနိုင်ခြင်း


သင့်ရဲ့ Android ဖုန်းထဲကို Market ကနေ မဟုတ်တဲ့ ပြင်ပက App တွေကို ထည့်သွင်းနိုင်တဲ့ Feature ပါဝင်ပါတယ်။

  • Settings > Application Settings ထဲကိုသွားပါ။
  • Unknown Sources ရဲ့နောက်မှာ အမှန်လေးခြစ်ပေးပါ။


(၁၂) Amazon ရဲ့ App Store ဖြင့် Premium App များကို အခမဲ့ရယူနိုင်ခြင်း


 Amazon.com ရဲ့ App Store ဟာ Android Market လောက် App တွေ မစုံလင်ပေမယ့် သူ့မှာ အရမ်းကောင်းတဲ့ Feature တစ်ခုရှိပါတယ်။ အဲဒါကတော့ နေ့စဉ်နေ့တိုင်း Premium App တစ်ခုခုကို ရွေးချယ်ပြီး Free Download လုပ်ခွင့်ပေးခြင်းပဲဖြစ်ပါတယ်။  Amazon ရဲ့ App Store Application ကို Download လုပ်ယူနိုင်ပါတယ်။



(၁၃) သင့်ဖုန်းကို Free Anti-virus များသုံးပြီး ကာကွယ်နိုင်ခြင်း


Android Market က Link တွေကိုသုံးပြီး ဖုန်းအတွင်းကို Virus နဲ့ Malware တွေ ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီအဖျက်သမားတွေ ရန်က လွတ်ဖို့အတွက် Lookout Mobile Security လို App တွေ သုံးပြီး ကာကွယ်နိုင်ပါတယ်။



(၁၄) သင့် Battery ကို အကုန်မြန်စေတဲ့ App များကို ပိတ်ခြင်း


Android မှာ သင့်ဖုန်းရဲ့ App များက Power ဘယ်လောက် သုံးနေတယ်ဆိုတာကို ကြည့်လို့ရတဲ့ Feature ပါဝင်ပါတယ်။ Power သုံးစွဲမှုများနေတဲ့ App တွေကိုလဲ အလွယ်တကူ ပိတ်လို့ရပါတယ်။
  • Settings > Running Services ကိုသွားပြီး မိမိပိတ်လိုတဲ့ App ကို Stop နှိပ်ပြီး ပိတ်လိုက်ရုံပါ။


(၁၅) Multitasking အမြန်လုပ်နိုင်ခြင်း


သင့်ဖုန်းရဲ့ Home ခလုတ်ကို ဖိထားကြည့်လိုက်ပါ။ နောက်ဆုံးသုံးခဲ့တဲ့ Recent App တွေကို မြင်ရပါတယ်။ အဲဒီကနေတဆင့် သင်သုံးချင်တဲ့ App တွေကို အလွယ်တကူ ပြန်လည်သုံးလို့ရပါတယ်။



(၁၆) Animation တွေကို ချိန်ညှိနိုင်ခြင်း


Android ရဲ့ နောက်ခံ Animation တွေဟာ တော်တော်လေးလှပါတယ်။ ဒါပေမယ့် အဲဒါတွေကြောင့်လဲ သင့်ဖုန်းရဲ့ Battery ကို အကုန်မြန်စေပါတယ်။ ဒါကြောင့် အဲဒါတွေကို ပြင်ချင်တယ်ဆိုရင်
  • Settings > Display > Animations ထဲမှာ သွားရောက်ပြင်ဆင်နိုင်ပါတယ်။


(၁၇) Backup အလွယ်တကူ လုပ်နိုင်ခြင်း


Android ရဲ့အားသာချက်က Backup App တွေ သုံးပြီး Data တွေကို အလွယ်တကူ Backup လုပ်နိုင်ခြင်းပါ။
DropBox လို App များဟာ Backup အတွက် အကောင်းဆုံး App များဖြစ်ပါတယ်။



(၁၈) Google Voice ကို အသုံးပြုခြင်း


သင့်ဖုန်းမှာ အင်တာနက်လိုင်းချိတ်ဆက်ထားတယ်ဆိုရင် Google Voice ဟာ ပြီးပြည့်စုံတဲ့ Voice Calling Service ဖြစ်ပါတယ်။ သူ့ကိုအသုံးပြုပြီး ဖုန်းပြောနိုင်သလို Text Message များလဲ အခမဲ့ပေးပို့နိုင်ပါတယ်။



(၁၉) Browser ပြောင်းလဲအသုံးပြုခြင်း


Android မှာပါဝင်တဲ့ Browser ဟာ ပြည့်စုံကောင်းမွန်ပေမယ့် တခြား Browser များကို သုံးခြင်းအားဖြင့် ပိုကောင်းတဲ့ Web Browsing ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကျနော့် Favorite ကတော့ Firefox for Android ဖြစ်ပါတယ်။




(၂၀) App များကို Folder ဖြင့် ထည့်သွင်းခြင်း


  • သင့်ဖုန်းရဲ့ Home Screen ပေါ်ကို ဖိထားလိုက်ရင် ပေါ်လာတဲ့ Menu ထဲက Folders > New Folder ကိုရွေးပါ။
  • အသစ်ပေါ်လာတဲ့ Folder ထဲကို သင့်ရဲ့ App တွေ ဆွဲထည့်ပေးလိုက်ရုံပါ။


အထက်မှာဖော်ပြသွားတာတွေကတော့ အင်တာနက်ထဲမှာ ကျနော်ရှာဖွေထားတဲ့  Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ပဲဖြစ်ပါတယ်။
 Ref: Wiki, Google, Android Community, Business Insider
       http://myanmarmobility.blogspot.com/

No comments:

Post a Comment