Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

BlackBerry ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁)


BlackBerry လို့ဆိုလိုက်တာနဲ့ တော်တော်များများရဲ့ အမြင်မှာ Business Traveler တွေ၊ Corporate ရဲ့Management Level တွေအတွက်ဘဲ လို့ မြင်လေ့ ရှိပါတယ်။

တစ်ချို့ကြတော့လည်း BlackBerry ကိုခေတ်နောက်ကျနေတဲ့ ဖုန်း၊ အဘိုးကြီးတွေကိုင်တဲ့ ဖုန်းလို့ဘဲ မြင်ကြပြန်ပါတယ်။

ဘယ်လိုအမြင်မျိုးတွေပဲ ရှိကြပါစေ၊ BlackBerry ရဲ့ အားသာချက်တွေကို သိနားလည်းပြီး တကယ် အကျိုးရှိရှိ အသုံးချနေသူတွေ အတွက်တော့ BlackBerry ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းနှစ်သက်နေကြတုန်းပါပဲ။

BlackBerry ရဲ့ Physical QWERTY Keyboard ရယ်၊ Track Pad ဒါမှမဟုတ် Track Ball ရယ်၊ Push Mail ရယ်၊ BBM လို့ခေါ်တဲ့ BlackBerry Messenger ရယ်၊ မှိတ်တုတ်မှိတ်တုတ် နဲ့လင်းလင်းလာတဲ့ အချက်ပေးမီးလေးရယ်၊ Battery အသုံးခံတာ စတဲ့ အချက်တွေက BlackBerry ရယ် အဓိက အားသာချက် တွေဖြစ်ပြီး၊

တစ်ခြား Smartphone (Android, Apple iOS) စတာ တွေနဲ့ နှိုင်းယှဉ်ရင် Application နည်းနေတာကတော့ BlackBerry ရဲ့ အဓိက အားနည်းချက်ပါဘဲ။

Application နည်းနေပစေ BlackBerry မှ BlackBerry တစ်မျိုးပဲသုံးမယ်ဆိုတဲ့ လူများလည်းရှိသလို၊
BlackBerry ကိုလည်းကြိုက် တစ်ခြား Smartphone (Android, Apple iOS) စတာတွေကိုလည်း သုံးချင်လို့ တစ်ချိန်ထဲ မှာ BlackBerry ရော အခြား Smartphone တစ်မျိုးမျိုးကို လည်းတွဲကိုင်တတ်ကြလေ့ရှိပါတယ်။

အဲသလို အားသာချက် တွေရော၊ အားနည်းချက် တွေရော ယှဉ်တွဲနေတဲ့ BlackBerry ကို Canada နိုင်ငံမှ RIM လို့ အတိုကောက် လူသိများတဲ့ Research In Motion ကုမ္ပဏီကြီးကနေ 1999 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

RIM ရဲ့ ပထမဆုံး BlackBerry 850 ဟာ 2 Way Pager အဆင့်သာရှိပြီး 1999 ခုနစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ၊ 2003 ခုနှစ်မှာမှ Mobile Telephone, Email, Text Message, Web Browsing စတာတွေ ပါဝင်လာတဲ့ Smartphone အဖြစ်နဲ့ စတင် ဖြန့်ချီခဲ့ပါတယ်။


ပထမ အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ BlackBerry ဟာ Monochrome (Black & White) Display ဖြစ်ပြီးတော့ နောက်ပိုင်းထွက်ရှိတဲ့ BlackBerry အားလုံးကတော့ Color Display ပါ။

လက်ရှိ BlackBerry Smartphone ရဲ့ ထွက်ရှိပြီး အဓိက ပုံစံ ၅ မျိုးကတော့

Physical Full QWERTY Keyboard ပါဝင်တဲ့ Bold နဲ့ Curve အမျိုးအစားများ



Modified QWERTY Keyboard (5 Columns နဲ့ 4 Row) ပဲပါတဲ့ Pearl အမျိုးအစားများ


Physical Full QWERTY Keyboard ပါဝင်တဲ့ ခေါက်ဖုန်း အမျိုးအစား "BlackBerry Style"


Physical Keyboard မပါတဲ့ Storm နဲ့ Torch လို Touch Screen အမျိုးအစားများ



Physical Full QWERTY Keyboard ရော Touch Screen ရော ပါတဲ့ Bold Touch, Slide Torch အမျိုးအစားများ တို့ပဲဖြစ်ပါတယ်။




ကိုသက် (Myanmar Mobile Nations)

No comments:

Post a Comment