Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Mobile App Center ကို Facebook စတင်မိတ်ဆက်



ကမ္ဘာပေါ်က လူ သန်းပေါင်း ၉၀၀ ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်က သုံးစွဲသူတွေ ပိုပြီး အလွယ် တကူဖြစ်စေဖို့ အပလီကေးရှင်း App Center ဆိုတဲ့တခုကိုလည်း တွဲဖက် အသုံးပြုနိုင်ပါပြီ လို့ ဆိုပါတယ်။

ဒီ အပလီကေးရှင်းကို လွန်ခဲ့တဲ့ မေလက စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒါကို ပထမဆုံး အသုံးပြုနိုင်ရာက ပြီးရင်တော့ ဥရောပ တခွင် ကနေ ကမ္ဘာတ၀ှမ်း ဖေ့စ်ဘုတ်အဖွဲ့ဝင်များက သုံးစွဲ သွားနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဂိမ်းတွေ၊ ဗွီဒီယိုတွေ အတွက် အထူး အသုံး တည့်မှာလည်းဖြစ်ပါတယ်။



ဒီ အပလီကေးရှင်းဟာ မိုဘိုင်းဖုန်းတွေ၊ Desktop ကွန်ပျူတာတွေမှာ အသုံးပြုနိုင်မှာပါ။ ဒီ တီထွင်မှုရဲ့ တိုးတက်အောင်မြင်မှုကလည်း အံ့မခန်းပါလို့ ဆိုထားပါတယ်။



 
နာမည်ကျော် လူမှုကွန်ရက်ဆိုက် Facebook မှ ၎င်း၏မိုဘိုင်းကဏ္ဍခြေလှမ်းသစ်အဖြစ် မိုဘိုင်း app store တစ်ခုကို application  ၆၀၀ ဖြင့် စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ Mobile App Center ဟုအမည်ပေးထားသည့် အဆိုပါ app store ကို ၎င်း၏မိုဘိုင်းဈေးကွက် ပိုမိုချဲ့ထွင်ရန်အတွက် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပြီးယင်းသည် IPO(initial public offering) ပြီးလျှင် ကုမ္ပဏီ၏ပထမဦးဆုံး ကြေညာချက်ကြီးတစ်ခုဖြစ်သည်။ အဆိုပါapp store တွင် Nike+ GPS, Ubisoft Ghost Recon Commander, Stitcher Radio, Draw Something နှင့် Pinterest တို့အပါအ၀င် app ပေါင်း ၆၀၀ ကျော် ပါဝင်ကြောင်း သိရသည်။ App center သည် လူမှုရေးဆိုင်ရာ app များကို လွယ်ကူစွာအသုံးပြုနိုင်စေမည့် နည်းလမ်းသစ်တစ်ခုဖြစ်သည့်အပြင် Facebook developer များကိုလည်း အသုံးပြုသူ သန်း ၉၀၀ ကျော်ဖြင့် ထိတွေ့ခွင့်ရစေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေးမှူး Douglas Purdy ကပြောကြားခဲ့သည်။ App Center ကို user တစ်ဦးချင်းစီ၏ တစ်ကိုယ်ရေအကြိုက်ပေါ်မူတည်၍ ၀န်ဆောင်မှုပေးရန်ပြုလုပ်ထားပြီး အသုံးပြုသည့် မိုဘိုင်းပစ္စည်းပေါ်မူတည်၍ Google နှင့်Apple app store များသို့ ချိတ်ဆက်ပေးမည်ဖြစ်သည်။ App Center ကို Android နှင့် iOS မိုဘိုင်းပစ္စည်းများ၏ Facebook app များမှဖြစ်စေ၊ ဖုန်းမှတစ်ဆင့် Facebook.com သို့ဝင်ရောက်ခြင်းဖြင့်ဖြစ်စေ အသုံးပြုနိုင်ကြောင်း သိရသည်။

ဒီကနေသွားလိုက်ပါ..။


ရေးသားသူ -ဟေမာ
Ref: CNET

4 comments:

  1. ကျေးဇူးဗျာ အခု လို သတင်းထူးတွေကို တင်ပေးလို့
    သယ်ချင်းဆိုဒ်က အကြောင်းအရာတစ်ချို့ကို
    ပြန်ရှယ်ခွင့်ပြုပါလို့ ခွင့်တောင်းထားပါရစေဗျာ.

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်....အမြဲ အားပေးနေပါ့မယ်မသိတာများမေးမြန်းပါရစေနော်

    ReplyDelete
  3. လူအများစု က အွန် လိုင်းကို ကောင်းကောင်း အသုံးမချတတ်ကြသေပါဘူး...စာဖတ်ဖို့ နည်းပညာတွေ လေ့လာဖို့  မုန်းကိုဆွဲ ခေါ်ပါရစေ... ဆိုက်ရဲ့ လင့်နဲ့ တကွ
    ဖော်ပြခွင့် ရှယ် ပြီ ဆိုရှယ်ဆိုက်တွေ ကို ပြန်တင်ခွင့်လေးတောင်းပါတယ်....အစဉ်လေးစားလျှက်ပါ....ပညာပါရမီ မျှဝေခွင့်လေးတောင်းဆိုပါတယ်ရှင်

    ReplyDelete
  4. ကျေးဇူးပဲ
    ဒီဆိုဒ်ကိုရှာနေတာ
    အကြောင်းအရာလေးများတင်ခွင့်ပြုနော

    ReplyDelete