Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Comparison of the Three OS (Android, iOS and Windows)















အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ဒီပို့စ်မှာတော့ ယခုအချိန်မှာ အဓိကအသုံးပြုနေကြတဲ့ Mobile OS တွေဖြစ်တဲ့ iOS 5, Android 4.0 Ice Cream Sandwich နဲ့ Windows Phone 7.5 Mango တို့ကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ User များရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာမျိုးနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘဲ Features သက်သက်တွေကိုသာ နှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။




iPhone OS လို့လဲ လူသိများတဲ့ iOS ကို မူလအော်ရဂျင်နယ် iPhone နဲ့ အတူ 2007 ခုနှစ်မှာစတင်ကြေညာ ခဲ့တာဖြစ်ပါတယ်။ သူ့ကိုထုတ်လုပ်ခဲ့တဲ့ Apple ကုမ္ပဏီရဲ့အဆိုအရ iOS ဟာ အဆင့်အမြင့်ဆုံး ခေတ်အမှီဆုံး Mobile OS ဖြစ်ပြီး ယခုလက်ရှိဈေးကွက်မှာရှိနေတဲ့ ဘယ်ပစ္စည်းထက်မဆို 5 နှစ် စောနေပါတယ် လို့ ဆိုပါတယ်။ အဲဒီအချိန်ကနေ ယခုအထိ Version 4 ပြောင်းခဲ့ရာမှာ Version တစ်ခုစီမှာ User တွေ နှစ်သက်သဘောကျတဲ့ ဝယ်လိုအားမြင့်စေတဲ့ Update တစ်ခုကျစီ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ဆိုရင် iOS 5 ဟာ Features အစုံဆုံး OS တွေထဲကတစ်ခုဖြစ်ပါတယ်။ iOS 5 ကို 2011 October 12 မှာ ဈေးကွက်တင်ခဲ့တာဖြစ်ပါတယ်။



Android ဟာလဲပဲ 2007 မှာကြေညာခဲ့တာပါ။ ဒါပေမယ့် တကယ်အသက်ဝင်ခဲ့တာကတော့ 2008 ခုနှစ်မှာ ဈေးကွက်တင်တဲ့ HTC Dream နဲ့ပါ။ Android ဆိုရင် ဖွံ့ဖြိုးမှုအမြန်ဆုံးနဲ့ Feature အစုံလင်ဆုံး OS အဖြစ် သတ်မှတ်နိုင်ပေမယ့် အဲဒါကြောင့်ပဲ User တွေ အသုံးပြုရလွယ်ကူအောင် လုပ်ဆောင်မှုအပိုင်းမှာ အားနည်းခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံး Version ဖြစ်တဲ့ Android 4.0 Ice Cream Sandwich မှာတော့ ဒီဇိုင်းပိုင်းတွေ၊ User Interface ပိုင်းတွေကအစ ပြင်ဆင်လို့ သုံးစွဲသူတွေအတွက် ပြောစရာမလိုအောင် ထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံးစတင်ထုတ်ခဲ့တဲ့ဖုန်းကတော့ ကျနော် ဒီပို့စ် မှာပြောထားခဲ့တဲ့အတိုင်း  Galaxy Nexus ပဲဖြစ်ပါတယ်။



နောက်ဆုံးတစ်ခုကတော့ Windows Phone 7 ဖြစ်ပါတယ်။ စတင်ကြေညာခဲ့တဲ့ အချိန်က စပြီး ဒီ OS ဟာ Windows Mobile ရဲ့ အဓိက OS ဖြစ်ခဲ့ပါတယ်။ စတင်ရောင်းချတဲ့ကာလမှာ Features ကန့်သတ်မှုတွေ ရှိခဲ့ပေမယ့်  နောက်ပိုင်း ထွက်ရှိလာခဲ့တဲ့ Windows Phone 7.5 Mango မှာ Features တွေ တော်တော်များများ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ WP7 ဟာ iOS နဲ့ Android တို့လောက် ပေါ်ပြူလာမဖြစ်ပါဘူး။ ဒါပေမယ့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nokia ရဲ့ WP7 အခြေခံ စမတ်ဖုန်းတွေ ထွက်လာပြီးတဲ့နောက်မှာတော့ WP7 ဟာ သူလိုချင်တဲ့တားဂတ်ကို ထိခဲ့တယ်လို့ပြောလို့ရပါတယ်။

အောက်မှာဖော်ပြထားတာက ကျနော်အွန်လိုင်းမှာ မွှေနှောက်ရှာဖွေထားတဲ့ Comparison Chart ဖြစ်ပါတယ်။ ဘယ် OS ကအကောင်းဆုံးလဲ ကြည့်လိုက်ရအောင်။



ဒီပို့စ်မှာတင်ပြထားတာတွေကတော့ လက်ရှိအချိန်မှာအသုံးအများဆုံးဖြစ်တဲ့ Mobile OS သုံးမျိုးကို နှိုင်းယှဉ်တင်ပြထားတာပဲဖြစ်ပါတယ်။ ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ယခင်ကကျနော်ပြောခဲ့သလိုပါပဲ၊ ကိုယ့်အတွက် အဆင်အပြေဆုံး၊ အသုံးအဝင်ဆုံး OS ကတော့ ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာပါစေ။ Facebook Share ခလုတ်လေးတွေလဲ များများနှိပ်နိုင်ကြပါစေခင်ဗျား။

Ref: Redmond Pie, Wiki, Android Developers, Google
         http://myanmarmobility.blogspot.com/

No comments:

Post a Comment