Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Five Best Android Phones (အကောင်းဆုံး Android ဖုန်း ၅ မျိုး)

 ယနေ့ ဈေးကွက်ထဲမှာ Android OS အသုံးပြုထားတဲ့ Smart Phone အမျိုးအစားပေါင်း တစ်ရာကျော် ရှိနေနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အသုံးပြုရတာလွယ်ကူပါတယ်၊ တစ်ချို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝယ်ယူရရှိနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီထဲကမှ အမျိုးအစားအနည်းငယ်ကသာ ထိပ်တန်းဖုန်းများဖြစ်ကြပါတယ်။ ဒီနေ့ ကျနော်က မိတ်ဆွေများကို လေ့လာဆန်းစစ် စစ်တမ်းကောက်ယူမှုများအရ ထိပ်တန်းရောက် Android Phone (၅)မျိုးအကြောင်း ပြောပြချင်ပါတယ်။ ဒီဖုန်းများဟာ အသုံးပြုထားတဲ့ Hardware များမြင့်မားမှုကြောင့်တင်မဟုတ်ဘဲ သူတို့မှာ ပြီးပြည့်စုံတဲ့ Features တွေပါဝင်နေမှုကြောင့် ထိပ်တန်းဖုန်းများအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Samsung Galaxy Note


သူ့ရဲ့ 5.3 လက်မရှိတဲ့ AMOLED display ကြောင့် "Phablet"  လို့ နာမည်ပြောင်အပေးခံရတဲ့ Samsung Galaxy Note ဟာ ကြီးပင်ကြီးသော်ငြားလဲ ယနေ့ခေတ်လို Portable Computer တွေ Tablet တွေကို ဦးစားပေး အလုအယက်ဝယ်နေကြတဲ့ခေတ်ထဲမှာ သိပ်မထူးဆန်းလှပါဘူး။ သူ့မှာ 8 MP နဲ့ 2 MP ရှိတဲ့ အရှေ့အနောက် ကင်မရာ ၂ လုံးပါဝင်တာ၊ 1.4GHz Dual Core Processer တွေပါဝင်တာတွေ အပြင် သူ့ရဲ့ မူလ OS ဟာ Android 2.3 Gingerbread ဖြစ်ပေမယ့် နောက်ဆုံးဗားရှင်းဖြစ်တဲ့ 4.0 Ice Cream Sandwich ကို ကောင်းကောင်း Upgrade လုပ်နိုင်တာတွေနဲ့ Samsung ရဲ့ TouchWiz ကိုလဲ ကောင်းကောင်းပြောင်းလဲ အသုံးပြုနိုင်တာတွေကြောင့် Galaxy Note ဟာ နာမည်ကျော်ခဲ့ရတာဖြစ်ပါတယ်။


HTC One X/S

HTC ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ One Series မှာ အထူးသဖြင့် One X နဲ့ One S ဟာ အသုံးပြုသူအများစု အတွက် အထူးစွဲမက်ဖွယ်ဖြစ်လာခဲ့ပါတယ်။ One X မှာ 4.7 လက်မရှိတဲ့ မျက်နှာပြင်၊ မြန်နှုန်းမြင့် Quard-core Processor, Android 4.0 ICS တို့အပြင် Beats Audio ပါဝင်မှု၊ 8 MP နဲ့ 1.3MP ကင်မရာ ၂ လုံး၊ One S မှာဆိုရင် 4.3 လက်မ မျက်နှာပြင်၊ 1.5GHz Dual Core Processor, 8MP ကင်မရာ၊ Beats Audio နဲ့ ICS တို့ အထောက်အပံ့ပေးထားပါတယ်။ သေးသွယ်မှု၊ လှပမှု၊ HTC ရဲ့ အဆင့်အတန်းမြင့်မားမှုတွေနဲ့ ပွဲထွက်လာခဲ့တဲ့ ဒီ ဖုန်းနှစ်မျိုးစလုံးဟာလဲ ထိပ်တန်းစာရင်းဝင်ခဲ့ပါတယ်။


Samsung Galaxy S/S II


Samsung Mobile ကို ကမ္ဘာကျော်စေခဲ့တဲ့ အဓိကအချက်တွေထဲမှာ Galaxy Series ဟာ ထိပ်ဆုံးကပါဝင်ခဲ့သလိုပဲ Galaxy Series ကို နာမည်ကြီးစေခဲ့တဲ့ ဖုန်းတွေထဲမှာလဲ Galaxy S နဲ့ S II တို့ဟာ ရှေ့ဆုံးတန်းက ပါဝင်ခဲ့ပါတယ်။ Galaxy S ဟာ ပထမဆုံး Dual-Core Processor အသုံးပြုတဲ့ Smart Phone ဖြစ်သလို Samsung ရဲ့ Super AMOLED display ကိုပွဲထုတ်ခဲ့တဲ့ ပထမဆုံးဖုန်းလဲဖြစ်ခဲ့ပါတယ်။ Galaxy S II ကတော့ Samsung ရဲ့ လက်ရှိအအောင်မြင်ဆုံးဖုန်းပဲဖြစ်ပြီး 4.3 လက်မ မျက်နှာပြင်၊ 1.2GHz Dual-Core, 2.3 Gingerbread, တို့နဲ့ တောက်ပလှပတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးဖုန်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ S II ရဲ့ အောင်မြင်မှုဟာ ကြီးမားခဲ့တာကြောင့် သူ့ရဲ့ မျိုးဆက်သစ် Galaxy S III  ဟာဆိုရင် မထုတ်လုပ်ခင်ကပဲ နာမည်ကျော်ကြားခဲ့ရတာဖြစ်ပါတယ်။


Droid Series by Motorola


ယခုအခါ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အနည်းငယ်နောက်ကျနေပြီဖြစ်တဲ့ Motorola ဟာ ပထမဆုံး Android OS အသုံးပြုခဲ့တဲ့ ဖုန်းထုတ်လုပ်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ The Droid by Motorola ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဖုန်းတွေထဲမှာ Droid Razr, Razr Maxx နဲ့ Motorola Droid 4 တို့ပါဝင်ပါတယ်။ လက်ရှိ Version ကတော့ Motorola Droid 4 ဖြစ်ပြီး 4 လက်မအရွယ်မျက်နှာပြင်၊ 1.2GHz Dual Core, 8MP နဲ့ 1.3MP ကင်မရာတွေ၊ အပြင် Physical Slide Keyboard တစ်ခုလဲ ဘေးဖက်မှာ ပါဝင်ပါတယ်။ သူ့ခေတ်သူ့အခါမှာ ကျော်ကြားခဲ့တဲ့ Motorola Mobility ရဲ့ Droid by Motorola ဟာလဲ ကမ္ဘာ့အကောင်းဆုံး Android ဖုန်းအမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။


Samsung Galaxy Nexus

ကမ္ဘာ့အကောင်းဆုံး Android ဖုန်းအဖြစ် အများဆုံး Vote ပေးခံခဲ့ရတဲ့ဖုန်းကတော့ Samsung Galaxy Nexus ပဲဖြစ်ပါတယ်။ လက်ရှိမှာ "Google Phone"  အဖြစ် တရားဝင်ကြေညာထားတဲ့ဒီဖုန်းဟာ 4.0 ICS, 1.2GHz dual core processor 4.6" Super AMOLED, တို့နဲ့အတူ 5MP and 1.3MP ကင်မရာ ၂ လုံး လဲ ပါဝင်ပါတယ်။ Ice Cream Sandwich စတင်ပေါ်လာတဲ့အချိန်မှာ ပထမဆုံး စမ်းသပ်အသုံးပြုထည့်သွင်းခဲ့တဲ့ နံပါတ်တစ်ဖုန်းဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ Google က တရားဝင်အထောက်အပံ့ပေးတဲ့ Android စစ်စစ်ဖုန်းတစ်လုံးကို လိုချုင်တာဆိုရင်တော့ ဒီဖုန်းကိုရွေးသင့်ပါတယ်။

လက်ရှိကာလမှာ အသုံးအများဆုံး OS လို့ဆိုရမယ့် Android ကို အသုံးပြုထားတဲ့ ဖုန်းတွေအများအပြားရှိရာမှာ အကောင်းဆုံးလို့ ဆိုရမယ့် ဖုန်း (၅) လုံးကို ရွေးချယ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။ အများသဘောဆန္ဒနဲ့ ထပ်တူထပ်မျှဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။ ကိုယ့်အတွက်အသုံးအဝင်ဆုံး၊ အဆင်အပြေဆုံးဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျနော်ကတော့ဆိုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကနေ Android Phone တွေနဲ့ပတ်သက်ပြီး ဗဟုသုတတစ်ခုခု ပေးစွမ်းနိုင်မယ်ဆိုရင် ကျေနပ်မိမှာပါ။ လာရောက်ဖတ်ရှုသူမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာ ကြပါစေ။

Ref: wiki, lifehacker, google
       http://myanmarmobility.blogspot.com/

No comments:

Post a Comment