ကျွန်တော်လည်း ပြတိုက်မှ ညီအစ်ကိုမောင်နှမများနှင့် အဆက်ပြတ်နေတာကြပါပြီ။ဒီနေတော့ အချိန်နည်းနည်းရတာနှင့်ရေပန်းစားလူသုံးများလာသော Android OS သုံး စမတ်ဖုန်းများနှင့် Teblet အတွင်း အသုံးချ ဆော့ဖ်ဝဲလ်များနှင့် ဂိမ်းများအားRoot လုပ်စရာမလိုဘဲ Android app installer လေးအသုံးပြုလျက် PC မှ အလွယ်တကူသွင်းနည်းလေးကို တင်ပြပေးပါမယ်။ကြိုတင်ပြောပြထားချင်တာကတော့ ကျွန်တော်သည် ပညာရှင်တစ်ယောက်မဟုတ်ပါ ပညာသင်တစ်ဦးသာဖြစ်၍ မိမိကိုယ်တိုင်အတွေ့ အကြုံပေါ်မှမိမိကဲ့သို့ ဘ၀တူမသိနားမလည်သေးသူများအတွက်ရည်ရွယ်လျှက် ဝေငှပေးခြင်းဖြစ်ပါ၍ အားနည်းချက်များရှိပါက ဖြည့်စွက်အကြံပြုနိုင်ပါကြောင်း လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ။
ကွန်ပျူတာမှတစ်ဆင့် Android OS သုံးဖုန်းများ Teblet များအတွင်းသို့  Application များ Game များသွင်းနိုင်သောဆော့ဖ်ဝဲလ်များ များစွာရှိသည့်အနက် ကျွန်တော်ကတော့ ဒီကောင်လေးကိုအကြိုက်ဆုံးပါ။ အသုံးပြုရတာလည်းလွယ်ကူတာမို့ အားလုံးလည်း လုပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
(၁) ပထမဦးစွာ Android app installer လေးကို ဒီနေရာလေးမှ မိမိကွန်ပျူတာအတွင်းသို့  ဒေါင်းယူလိုက်ပါ။
(၂) မိမိကွန်ပျူတာတွင် မိမိဆော့ဖ်ဝဲလ်များဂိမ်းများ ထည့်သွင်းလိုသည် Phone,Teblet ၏ Driver ကို Install လုပ်ပြီး ချိတ်ဆက်
ထားပါ။
(၃) မိမိ Phone, Teblet တွင် Setting >> Application >> Unknown Sources ကို On ထားပါ။
(၄) ထိုနည်းတူ Setting >> Application >> Development >> USB debugging ကိုလည်း On ထားပါ။
(၅) ပြီးလျှင် Download လုပ်ထားသော Android app installer ဖိုင်အားဖြေ၍ အတွင်းမှ Drag and drop file here ဆိုသော
Windows Batch File လေးအား R-Click >> Send to >> Desktop သို့ အဆင့်ဆင့်ဝင်ပြီး Creat Shortcut အဖြစ်ပို့ 
အောက်ပါပုံထဲမှအတိုင်းပို့ လိုက်ပါ။
(၆) ၄င်း Drag and drop shortcut ဆီသို့  မိမိကွန်ပျူတာ အတွင်းမှ မိမိအလိုရှိသော Android ဆော့ဖ်ဝဲလ်နှင့်ဂိမ်း Apk ဖိုင်
အား အောက်မှပုံပါအတိုင်း ဆွဲယူထည့်လိုက်ပါက box နက်ကလေးတစ်ခုပေါ်လာပါလိမ့်မည်။ ခဏစောင့်ပါ။
(၇) ပေါ်နေသော Box နက်ကလေးအတွင်း Success Press any key to continue ဆိုသောစာသားလေးပေါ်လာပါက
ကွန်ပျူတာကီးဘုတ်မှ ကီးတစ်ခုခုအားနှိပ်လိုက်ပြီး မိမိ၏ Phone,Teblet အားကြည့်လိုက်ပါ။မိမိထည့်သွင်းလိုက်သောဆော့ဖ်
ဝဲလ်၊ဂိမ်း၏ Shortcut ကလေးကိုမြင်ရပြီဖြစ်ပါသည်။
ကြည့်ရှု့ နိုင်ပါသည်။)
http://oron.com/arhhuci1l24i
ကိုဇော်နိုင်
No comments:
Post a Comment