လူတိုင်းကတော့ အောင်မြင်တဲ့ Android app ဖြစ်ဖို့ အိုင်ဒီယာထုတ်ချင်နေကြမယ်ဆိုတာ လွဲနိုင်မယ်မထင်ပါဘူး။ တကယ်ရောင်းအားကောင်းတဲ့ Android app ဖြစ်ဖို့ တချက်ကောင်းပုံသေနည်းဆိုတာတော့ မရှိပေမယ့် အောင်မြင်တဲ့ app တစ်ခုဖြစ်ဖို့အတွက်လုပ်နိုင်တဲ့ နည်းတွေတော့ရှိပါတယ်။ ဒီလိုနည်းတွေရှိရက်နဲ့ မလိုက်နာဖြစ်လိုက်ဘူးဆိုရင်တော့ ခင်ဗျားရဲ့ app ဟာ Market မှာ ရောင်းအားအနည်းဆုံးနဲ့ မျက်နှာငယ်နေပါတော့မယ်။ Android Market မှာတကယ်ကောင်းတဲ့ app တွေတင်ထားကြတာတွေ့ရပါတယ်။ သို့ပေမယ့် တကယ်တန်းရောင်းအားမကောင်းတာက ဒီ Marketing နည်းတွေကို မကျင့်သုံးခဲ့တာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တကယ်တော့ Marketing ဆိုတာ တချိန်တည်းမှာဘဲ ထပြီး တစ်ပွဲထိုးဝင်ကျုံးလို့ ရနိုင်တာမျိုးမဟုတ်ပါဘူး။ သင့်ရဲ့ ဖောက်သည် နဲ့ သင့်ရဲ့ app တွေကြားမှာ ထပ်ခါထပ်ခါ သတင်းအနံပေးပြီး စည်းရုံးဆွဲဆောင်နေရတဲ့ ရေရှည် အလုပ်တစ်ခုလိုဆိုရင်လဲ ပြောလို့ ရကောင်းရပါတယ်။ ဒီလိုပြောတာတောင် ခင်ဗျားအနေနဲ့ သံသယရှိသေးတယ်ဆိုရင်တော့ သင်ဝယ်ယူသုံးစွဲနေရတဲ့ ကုန်ပစစည်းတစ်ခုရဲ့ marketing ပုံစံကိုပြန်စဥ်းစားကြည့်ပါဦး။ ဒီကုန်ပစစည်းလေးကို မဝယ်ခင်မှာ ခင်ဗျားအနေနဲ့ ဒီပစစည်းနဲ့ပတ်သက်တဲ့ ကြော်ငြာတွေ တီဗွီမှာ လာတာကို ဘယ်လောက်တောင်များ ကြည့်ဖူးလိုက်မိလေလို့ ။ ဒါတွေက စကားဦး လှေျာက်ပြောနေတာပါ
အောင်မြင်တဲ့ app ဖြစ်ဖို့ နည်းလမ်းအသွယ်သွယ်ကို တချက်ချင်းရှင်းပါမယ်။
(၁) တခြား application တွေနဲ့ အမြင်ကွဲပါစေ
ကိုယ်က app တစ်ခုရေးမယ်ဆိုပါတော့ သူများ app တွေထက်လဲ တစ်မူထူးခြားချင်နေမိတဲ့ အခါရှိမှာပေါ့။ ဒီအချိန်မှာ ကြံရာမရဖြစ်တက်ပါတယ်။ ဒီတော့ ဒီလိုလေးစဥ်းစားကြည့်နိုင်ပါတယ်။ ဘယ်ကနေစပြီးစဥ်းစားရမလဲဆိုတော့ ကိုယ်အရင်က ဘာတွေကို လေ့လာခဲ့ဘူးလဲ၊ ကိုယ့်မှာ ဘာအတွေ့အကြုံတွေများရထားပြီးပြီလဲ? ကိုယ့်ရဲ့ ဝါသနာကရောဘာတွေလဲ? (ဥပမာ- သစ်ပင်ရေလောင်းတာ၊ တံဆိပ်ခေါင်းစုတာ၊ အကြွေစေ့စုတာ၊ ဓါတ်ပုံစုတာ၊ ကနေ ဟင်းချက်တာတွေအဆုံး ကိုယ့်ဝါသနာဘဲလဲ လိုက်စဥ်းစားနိုင်ပါတယ်။) ကိုယ်က ဘယ်ကစားနည်းတွေမှာ ဝါသနာထုံနေခဲလဲ? (ဥပမာ- ဘောလုံးဖမ်းတာတို့၊ ရေကူးအမြန်ပြိုင်တာတို့)၊ ကိုယ့်ဘဝမှာ တွေကြုံခဲ့ရတဲ့ challenges တွေ (ဥပမာ- စိတ်ကျဥ်းကျပ်လာရင် အပမ်းဖြေနိုင်မယ့်နည်းတွေ)၊ ပြီးတော့ ကိုယ်နေ့စဥ်လုပ်နေရတဲ့ အလုပ်တွေထဲက မကြိုက်ဆုံးဟာတွေ (ဥပမာ- တယ်လီဖုန်းဘေလ်ရှင်းတာတွေ၊ လက်ဆောင်ဝယ်ရတာတွေ)၊ ဘယ်အလုပ်က ကိုယ့်ကိုအချိန်အများဆုံးယူတာတွေ နဲ့ ကိုယ်ကလေးဘဝက နှစ်ထောင်းအားရစွာ ဆော့မိခဲတဲ့ ဂိမ်းတွေကအစ လိုက်ပြီး စဥ်းစားကြည့်လိုက်ပါ။

ဒီကို အပြန်ပြန်လှန်လှန် စဥ်းစားမိပြီးလို့ အိုင်ဒီယာတစ်ခုတော့ ရပြီပေါ့ ဒါဆိုရင် အရင်ဆုံးလုပ်ရမှာက Android Market နဲ့ Android app Website တွေမှာ ကိုယ်နဲ့ အိုင်ဒီယာတူ များရှိသလားလို့ ရှာကြည့်ပါ။ ကိုယ်ဘယ်လိုလေးရေးမယ်လို့ ကြံထားတဲ့ အကြံတွေ သူများဦးပြီးသားရှိကောင်းရှိပါလိမ့်မယ်။ ဥပမာ ကိုယ်က နှစ်ချောင်းထိုးထိုးတာ သိုးမွေးထိုးတာ ဝါသနာပါတဲ့ လူဖြစ်နေတယ်ဆိုပါစို့၊ မိုဘိုင်း app ကနေ သိုးမွေးထိုးသင်ပေးတဲ့ app လေး ရေးမယ်လို့ ကြံထား တယ်ဆိုရင် Market ပေါ်မှာ ဒီလို app တွေတွေ့နိုင်ပါတယ်။
ဒီကို အပြန်ပြန်လှန်လှန် စဥ်းစားမိပြီးလို့ အိုင်ဒီယာတစ်ခုတော့ ရပြီပေါ့ ဒါဆိုရင် အရင်ဆုံးလုပ်ရမှာက Android Market နဲ့ Android app Website တွေမှာ ကိုယ်နဲ့ အိုင်ဒီယာတူ များရှိသလားလို့ ရှာကြည့်ပါ။ ကိုယ်ဘယ်လိုလေးရေးမယ်လို့ ကြံထားတဲ့ အကြံတွေ သူများဦးပြီးသားရှိကောင်းရှိပါလိမ့်မယ်။ ဥပမာ ကိုယ်က နှစ်ချောင်းထိုးထိုးတာ သိုးမွေးထိုးတာ ဝါသနာပါတဲ့ လူဖြစ်နေတယ်ဆိုပါစို့၊ မိုဘိုင်း app ကနေ သိုးမွေးထိုးသင်ပေးတဲ့ app လေး ရေးမယ်လို့ ကြံထား တယ်ဆိုရင် Market ပေါ်မှာ ဒီလို app တွေတွေ့နိုင်ပါတယ်။
ဒီတော့ ဒီလို app တွေတွေ့လာတိုင်းလဲ ဟာကွာ လူအကြံတော့ နတ်ဦးသွားပြီးဆိုပြီး စိတ်ဓါတ်ကျစရာမလိုသေးပါဘူး။ အဲ့ဒီ Market မှာရောက်နေတဲ့ app တွေကို စရင်းလုပ်ကြည့်ပါဦး။ တစ်ချို့ app တွေက သိုးမွေးထိုးတဲ့ အကွက်လေးတွေ ရေတွက်ပေးနိုင်တာတို့၊ တစ်ချို့က တော့ နှစ်ချောင်းထိုးသင်ပေးတာ၊ ဘယ်လိုထိုးနည်းပြတာ စတဲ့ app တွေရဲ့ အားသာချက်တွေကို စရင်းလုပ်ကြည့်လို့တွေ့တယ်ဆိုပါတော့။ အဲ့ဒီ app တွေ တနည်းအားဖြင့် ကိုယ်ရင်ဆိုင်ရမယ့် ပြိုင်ဘက် application တွေကို အုပ်စုခွဲပြီးလေ့လာရာကနေ ကိုယ့် application အတွက် အိုင်ဒီယာ ရလာနိုင်ပါသေးတယ်။
ဒီလိုသာပြောနေပေမယ့် တကယ်တန်း ဂိမ်း application တွေကို ခွဲခြမ်းစီစစ်ဖို့ဆိုတာက ပုံစံဆင်တာရော တူမယောင်နဲ့ကွဲ ဆင်မယောင်နဲ့လွဲဆိုသလို ရှိနေလေတော့ ဂိမ်း application တွေမှာ ဒီလိုသွားလုပ်ဖို့တော့ နည်းနည်းတော့ ခက်ပါလိမ့်မယ်။ အခုလိုမျိုး ယှဥ်ပြိုင်နေတဲ့ application တွေရဲ့ အားသာချက်တွေကို စရင်းပြု ပြီးရင်တော့ မှကိုယ်တကယ် လုပ်ချင်တဲ့ application ဟာ market မှာရပ်တည်နေဖို့ ဘာတွေထပ်ထည့်ပေးသင့်လဲဆိုတဲ့ ပုံကြမ်းကို ချနိုင်လာမှာပါ။
(၂) အားသာချက်အသစ်တွေ ဆောင်ကျဥ်းပါ
တကယ်အောင်မြင်တဲ့ application တွေဟာ အားသာချက်အသစ်အသစ်တွေနဲ့ အမြဲတမ်း တဖန် ဆန်းသစ်နေဖို့လိုပါတယ်။ အဲ့ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ customer တွေက ကိုယ့် application အပေါ်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်လာနိုင်ပါတယ်။ အမြဲတမ်း ဒီလို update version တွေ release လုပ်ခြင်းအားဖြင့် customer တွေဆီက comments တွေ၊ suggestion တွေရနေတော့ loyal user တွေတကယ်လိုအပ်နေတာနဲ့ ကိုက်တဲ့ application ကောင်းတွေတောင်ဖြစ်လာနိုင်ပါသေးတယ်။
(၃) ကိုယ့် application ကို ခေတ်ရေစီကြောင်းထဲ ရှင်သန်ခွင့်ပေးပါ
ခေတ်ရေစီကြောင်းဆိုတာက အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲ့ဒီ ခေတ်ရေစီးကြောင်းထဲ မဝင်ဆံ့မိဘူးဆိုရင်တော့ အိုးဆားဗစ်ဖြစ်ကျန်ခဲ့မှာ ပေါ့။ အခုအချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့ အမှျ နည်းပညာတွေကနေ ဆိုးကျိုးတွေကို ကာကွယ်ဖို့ စိမ်းလမ်းမယ့် green trends ကိုများ သွားနေကြရော့သလား။ Fuel Bear ဆိုတဲ့ application ဆိုရင် user ရဲ့ heating ဒါမှမဟုတ် cooling စားရိတ်တွေကို သက်သာနိုင်အောင် service ပေးမယ့်ဆိုတဲ့ green trends ပုံစံနဲ့သွားထားတာသိသာပါတယ်။
ဒီတစ်ပတ်တော့ ကိုယ့် app ကိုသုံးလာမယ့် customer ပစ်မှတ်ကိုဖော်ထုတ် နည်းတွေဆက်လက်တင်ဆက်ပါဦးမယ်။
ကိုယ့်ရဲ့ app ကို customer တွေ သိလာဖို့ နည်းလမ်နှစ်ခုရှိပါတယ်။ ပထမနည်းကတော့ Android Market နဲ့ Android app sites တွေမှာ သင့်တော်တဲ့ keyword တစ်ခုခု ရိုက်ထည့်ပြီးရှာရင် ကိုယ့် app တက်လာစေတဲ့နည်းပါ။ နောက်တစ်နည်းကတော့ ကိုယ့် app အကြောင်းရေးထားတဲ့ web site ကို traffic တွေအရင်တက်လာအောင်လုပ်ပြီးမှ Android Market ကိုသွားပြီး ကိုယ့် app ကို၀ယ်ဖြစ်သွားအောင် စည်းရုံးသိမ်းသွင်းတဲ့နည်းပါ။ 
ကိုယ့် app ကိုသုံးလာမယ့် customer တွေကိုမှန်းထာတာလဲ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ့် app ကို၀ယ်ဖို့အလားလာရှိတဲ့ သူတွေကို ဈေးကွက်တင်ဖို့အတွက် အချိန်ရော ငွေပါကုန်ကျသက်သာစေလို့ပါဘဲ။ အဲ့ဒီလိုမျိုး target audience တွေကိုသိဖို့ဆိုရင် ဒီလိုမေးခွန်းလေးတွေကို ဖြေကြည့်တာက အထောက်အကူပြုနိုင်ပါတယ်။
ကိုယ့် app ကိုသုံးလာမယ့် customer တွေကိုမှန်းထာတာလဲ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ့် app ကို၀ယ်ဖို့အလားလာရှိတဲ့ သူတွေကို ဈေးကွက်တင်ဖို့အတွက် အချိန်ရော ငွေပါကုန်ကျသက်သာစေလို့ပါဘဲ။ အဲ့ဒီလိုမျိုး target audience တွေကိုသိဖို့ဆိုရင် ဒီလိုမေးခွန်းလေးတွေကို ဖြေကြည့်တာက အထောက်အကူပြုနိုင်ပါတယ်။
- ၁။ ကိုယ့် app ကို၀ယ်မယ့်သူ ကဘယ်လိုလူမျိဳးတွေဖြစ်မလဲဆိုတာ သေသေချာချာသိပါသလား။?
- ၂။ ကိုယ့် app ကို၀ယ်မယ်လို့ထင်ရတဲ့ သူေတွကရော နှစ်တိုင်းနှစ်တိုင်း app ဘယ်နှစ်ခု၀ယ်လေ့ရှိတယ်ဆိုတာကိုရော သိပါသလား။ ?
- ၃။ ဒီ app ကို၀ယ်လာမယ့် ကိုယ်မရည်ရွယ်ထားတဲ့ တခြား customer ေရဲ့ အခြေအနေကရော ဘယ်လိုများရှိနိုင်ပါသလဲ။ ?
- ၄။ နောက်မေးခွန်းတစ်ခုက ကိုယ်ရည်ရွယ်ထားတဲ့ target buyer ရဲ့ lifestyle နဲ့ပတ်သက်တဲ့ information တွေ (ဖြေဖျော်ရေး လုပ်ဆောင်ချက်တွေ၊ ၀ယ်ယူတဲ့ အလေ့အကျင့် ပုံစံတွေ၊ ယဉ်ကျေးမှုဓလေ့တွေ ) စတာတွေနဲ့ ပတ်သက်ပြီး သိထားရင် ပိုကောင်းပါတယ်။
ဒါတွေကိုသိထားမယ် ဆိုရင်တော့ ကိုယ့် app ကို၀ယ်ယူတဲ့သူတွေ ဘာကြိုက်တယ် ဘာတွေလိုအပ်နေလဲ ဆိုတာသိပြီး ကိုယ့် app ကို update လုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ အဲ့ဒီအချက်တွေကို ကြည့်ပြီးတော့ဘဲ customer ဆီကိုရောက်ဖို့ Search Engine Optimization (SEO) လုပ်တဲ့ နေရာတွေမှာ၊ ကြော်ငြာတွေ၊ အရောင်းမြှင့်တင်တဲ့ ဈေးကွက်လှုပ်ရှားမှုတွေမှာ လဲသွားအသုံးတည့်တာတွေ့နိုင်မှာပါ။
အဲ့ဒီနောက် marketing plan ကိုချနိုင်ဖို့ နည်းလမ်းနှစ်ခုနဲ့ ဆက်ပြီးလုပ်ဆောင်နိုင်ပါသေးတယ်။
အဲ့ဒီနောက် marketing plan ကိုချနိုင်ဖို့ နည်းလမ်းနှစ်ခုနဲ့ ဆက်ပြီးလုပ်ဆောင်နိုင်ပါသေးတယ်။
Segmenting the market - ရှိပြီးသား ဈေးကွက်ပုံစံကို မှ အပိုင်းလေးတွေခွဲကြည့်ပါ ပိုပြီးကောင်းတဲ့ စီးပွားရေးအခွင့်အလမ်း ထွက်လိုထွက်ငြား (ဥပမာ – အသက်အရွယ် ပေါ်မူတည်ပြီး)စပြီး စဉ်းစားပါမယ်။ ဘာလို့လဲဆိုတော့ ဒီလို app တွေသုံးလေ သုံးထရှိတဲ့လူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၄ တွေကများပါတယ်။ သူတို့ကိုမှ မိသားစု ပုံစံအရထပ်ခွဲပါမယ်။ တစ်ယောက်တည်းသမားတွေဆိုရင် app တွေ၀ယ်ဖို့ ပို အလားလာရှိလို့ပါ။ နောက်ထပ်ဘယ်လိုထပ်ခွဲလို့ရသေးလဲဆိုရင် စီးပွားရေးအခြေအနေအရထပ်ခွဲ နိုင်ပါသေးတယ်။ ကုမ္မဏီကြီးတွေကတော့ သူတို့ဈေးကွက်ကို ဘယ်လိုပိုင်းလဲဆိုတော့ ဈေးကွက်သုတေသန ပရောဂျတ်တွေကထွက်လာတဲ့ အဖြေတွေကို ညှိနှိုင်းပြီး ခွဲလေ့ရှိပါတယ်။ တကယ့် Professional Researcher တွေကတော့ ဆင်တူတဲ့ product တွေကိုသုံးလေ့ရှိတဲ့ user တွေဆီကနေ များသောအားဖြင့် ဒီလို data တွေယူလေ့ရှိပါတယ်။
- ၁. ၀ယ်ယူတဲ့ အရေအတွက်နဲ့ အချိန်
- ၂. ဘာကြောင့်၀ယ်ယူတာလဲ
- ၃. Product မျိုးကွဲတွေနဲ့ပတ်သက်ပြီး customer တွေရဲ့ သဘောထားတွေ
- ၄. Consumer တွေရဲ့ lifestyle နဲ့ပတ်သက်ပြီး product ရဲ့အရေးပါမှုတွေ
ကိုယ့် app ကိုသုံးနိုင်ချေများတဲ့ လူသုံးလေ့သုံးထရှိတဲ့လူမျိုးကို ကိုသတ်သတ်ပိုင်းထားလိုက်ခြင်းအားဖြင့် သူတို့ကိုဘဲ ရည်ရွယ်ပြီး ပစ်မှတ်ထား marketing ဆင်းနိုင်ပါတယ်။
p.s ဒီပိုစ့်လေးများ ပြောထားသမျှကတော့ Jeffrey Hughes ရေးသားထားတဲ့ Secrets to Selling Your Android App စာအုပ်ထဲမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ၀ါသနာအရ ဒီလို စာအုပ်တွေနဲ့ ရင်းနှီးခွင့်ရနေတာဖြစ်တဲ့အတွက် ဒီစာအုပ်မှာပါတဲ့အယူအဆများဟာ တကယ်မြန်မာပြည်ရဲ့ marketing ပုံစံအရ မှန်တယ်၊သင့်တယ်၊ မသင့်တယ်ဆိုတာ ကတော့ တကယ် လက်ရှိ စီးပွားရေးနယ်ပယ်မှာလုပ်ရှားနေတဲ့ ပညာရှင်များအနေနဲ့ မြန်မာကျူတိုရီရယ် မှာ ပါ၀င်ဆွေးနွေး ကြမယ်ဆိုရင်ဖြင့် အလွန်ပင်နှစ်ထောင်းအားရမိမှာပါ။
http://www.myanmartutorials.com/ p.s ဒီပိုစ့်လေးများ ပြောထားသမျှကတော့ Jeffrey Hughes ရေးသားထားတဲ့ Secrets to Selling Your Android App စာအုပ်ထဲမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ၀ါသနာအရ ဒီလို စာအုပ်တွေနဲ့ ရင်းနှီးခွင့်ရနေတာဖြစ်တဲ့အတွက် ဒီစာအုပ်မှာပါတဲ့အယူအဆများဟာ တကယ်မြန်မာပြည်ရဲ့ marketing ပုံစံအရ မှန်တယ်၊သင့်တယ်၊ မသင့်တယ်ဆိုတာ ကတော့ တကယ် လက်ရှိ စီးပွားရေးနယ်ပယ်မှာလုပ်ရှားနေတဲ့ ပညာရှင်များအနေနဲ့ မြန်မာကျူတိုရီရယ် မှာ ပါ၀င်ဆွေးနွေး ကြမယ်ဆိုရင်ဖြင့် အလွန်ပင်နှစ်ထောင်းအားရမိမှာပါ။
No comments:
Post a Comment