Android မှာ Menu ကို Options Menu နဲ့ Context Menu ဆိုပြီးပုံစံနှစ်မျိုးနဲ့ထည့်နိုင်ပါတယ်။ Handset device မှာ ရှိ တဲ့ Menu Button ကိုနှိပ်ရင်တော့ Options Menu ပေါ် မှာ ပါ။Options Menu ကိုများသောအားဖြင့် application ရဲ့ setting တွေပြင်ဖို့အတွက်အသုံးများပါတယ်။ Context Menu ကတော့ List View တို့ဘာတို မှာ Long Press လုပ်ရင် ပေါ်လာ မှာ ဖြစ်ပြီး အဲ့ဒီ Context Menu က မှ တဆင့် ကိုယ့် application ရဲ့ flow အတိုင်း သက်ဆိုင်ရာ service တွေလုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ Options Menu ကိုအရင်ဆုံးလေ့လာပါမယ်။ Options Menu ထည့်ချင်တယ်ဆိုရင်တော့ မိမိထည့်ချင်တဲ့
Activiy မှာ နောက် ထပ် parent က method တွေဖြစ်တဲ့ onCreateOptionsMenu() နဲ့ onOptionsItemSelected() Method တွေကို implement လုပ်ရပါမယ်။ အရင်ဆုံး Option Menu အတွက် xml UI လေးcreate လုပ်ဖို့အတွက် res folder အောက် မှာ menu ဆိုတဲ့ folder လေး တည်ဆောက်လိုက်ပါမယ်။ တည်ဆောက်လိုက်တဲ့ menu folder > right click > new > Other > Android XML file > menu.xml ကို create လုပ်ပါမယ်။ Layout View ထဲက မှ item တွေအလွယ်တကူထည့်နိုင်ပါတယ်။

အခုထည့်လိုက်တဲ့ item လေးအတွက် id ၊ icon နဲ့ title စတာတွေ define လုပ်ပါတယ်။
အခုလို layout view ကနေ သတ် မှတ်ပြီးရင်တော့ အခုလို xml ထဲ မှာ menu item ၂ ခုထည့်ထားတာတွေ့ရ မှာ ပါ။
onCreateOptionMenu() method ထဲ မှာတော့ MenuInflater ကနေတဆင့်ခုဏကပြုလုပ်ထားတဲ့ menu.xml ကို refer လုပ်ထားပါတယ်။ onOptionsItemSelected() ထဲ မှာ တော့ ဘယ် menu item ကိုရွေးသွားလဲဆိုတာ case နဲ့တိုက်စစ်ပေးထားရုံပါ။
Sample Project download
http://www.myanmartutorials.com/
No comments:
Post a Comment