ဒီ Application ကတော့ Android OS အသုံးပြုသူတိုင်းအတွက် အသုံးဝင်မယ့် Application တစ်ခု ဖြစ်ပါတယ်။
ဒီ Application မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ကုမ္ပဏီ၊ ရုံး၊ စားသောက်ဆိုင် အစရှိတာတွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ Name ဆိုတာကို ရွေးချယ်ပြီး သင်ရှာဖွေချင်တဲ့ လုပ်ငန်းရဲ့ အမည်ကို ရိုက်ထည့်ပြီး ရှာဖွေပေးနိုင်မှာ ဖြစ်သလို Category အောက်မှာ လုပ်ငန်းတွေကို တူရာတူရာ စုပေးထားပြီးအလွယ် တကူရှာ ဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။ Location မှာဆိုရင် သင်ရှာဖွေလိုတဲ့နေရာကို Select မှတ်ပြီး အဲဒီနေရာမှာရှိတဲ့ လုပ်ငန်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Important Number ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အထင်ကရ လုပ်ငန်းတွေ၊ မြို့နယ်အလိုက် ရဲစခန်းတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Mobile Directroy ကို ဒေါင်းလုပ် ပြုလုပ်လိုတယ်ဆိုရင် http:\\www.yangon-directory.com\ ဆိုတဲ့ အင်တာနက်စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ Yangon-directory ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် ဝက်ဘ်ဆိုက်ရဲ့ ညာဘက်ထောင့် အပေါ်မှာရှိတဲ့ Downloads Yangon Directroy Mobile App ဆိုတာကို ကလစ်နှိပ် ပြီးအခမဲ့ ဒေါင်းလုပ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာဒေါင်းပါ။
Download>> Yangon Directory for Android
(http://shwemantarlaywaiyan.blogspot.com)
Yangon နှင့် Mandalay Directory တို့အား မိုဘိုင်းဖုန်းများတွင် စတင်အသုံးပြုနိုင်

No comments:
Post a Comment