Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်း (၁၀) နည်း

 
၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။

Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။


၂။ Call Log များကို ရှင်းလင်းပေးပါ။


Android Phone အနိမ့်ပိုင်းး Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Call Log တွေ များလာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး၊ ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ် Call Log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။

၃။ အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။

Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Blue tooth တို့ကို အချိန်တော်တော်များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုပ်ထွေးနေမှာ ဖြစ်သလို၊ အဆိုပါ Process တွေ အတွက်လည်း Battery သုံးစွဲမှု ပမာဏမြင့်တက်စေပါတယ်။

၎။ Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။

တချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်မှု ပမာဏမြင့်မားတဲ့ Device တွေအတွက် ပြဿာနာမရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ် ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿာနာရပ် တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။

Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ်ဆိုရင် Web Browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။

၆။ Device များကို Reboot ပြုလုပ်ပေးပါ။

တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ ရှိပါတယ်။ အချို့သော Process များနဲ့ Installation များအတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြုလုပ်ပေးသင့်ပါတယ်။

၇။ Launcher ကိုတစ်ခုထက် ပိုမိုမသုံးစွဲသင့်ပါ။

Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ Home နဲ့ Launcher တွေဟာ အဆင်မသင့်ခဲ့ဘူးဆိုရင်တော့ Display ကို ပြဿာနာ ဖြစ်စေနိုင်တဲ့ အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။

၈။ Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။

Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Superuser ကို အသုံးမလိုရင် ပိတ်ထားသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက်တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမို လေးလံစေပြီး System ထဲကိုလည်း ဝင်ရောက်ပြင်ဆင်နိုင်တဲ့ အတွက် အသုံးမပြုလိုတဲ့ အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။

၉။ Auto-Sync ကို ပိတ်ထားပါ။

Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲ ဖြစ်ဖြစ်၊ EVDO နဲ့ EDGE အသုံးပြုတဲ့ အချိန်မှာပဲဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ Auto-Sync ကို ပိတ်ထားခြင်းဖြင့် Battery အသုံးပြုနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကို သက်သာစေနိုင်သလို၊ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

၁၀။ Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။

Android Version အသစ်တွေ များစွာဟာ သတ်မှတ် Hardware တွေအလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာ သတ်မှတ် Version အလိုက်သာ ထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။


Internet Journal
Vol.13, No.22

1 comment:

  1. Superuser ပိတ်တာနဲ့ device reboot လုပ်တာကိုပြောပြပေးပါလား အကို
    ကျွန်တော်က samsung galaxy Y လေးသုံးတာပါ
    အကို့site ကိုလည်းအမြဲအားပေးနေပါတယ်
    လေးစားစွာဖြင့်

    ReplyDelete