Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android OS Setting စနစ်များအသုံးပြုခြင်း ၁


Android OS နဲ့ပတ်သက်ပြီး အသုံးပြုနိုင်မယ့်စနစ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဖော်ပြပေးတဲ့နေရာမှာတော့ အဓိကအနေနဲ့ Android ရဲ့ Setting စနစ်တွေကို အဓိကထားပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Android OS ရဲ့ Setting ထဲကို ၀င်လိုက်တယ်ဆိုရင်တော့ ဒီထဲမှာအသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့တော့ Wireless & Network ဆိုတဲ့စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။


ဒီစနစ်ကတော့ ဖုန်းနဲ့ပတ်သက်တဲ့ ၀ါယာလက်စနစ်တွေ၊ အင်တာနက်စနစ်တွေနဲ့ မိုဘိုင်းဖုန်းကွန်ရက်စနစ်တွေကို ၀င်ရောက်ရှာဖွေပြုပြင်ဖန်တီးအသုံးပြုနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Wireless & Network ထဲမှာတော့ ရေဘုယျအားဖြင့်ဆိုရရင်  Flight Mode, WiFi Setting, Bluetooth Setting, USB Utilities, Tethering and Portable Hotspot, Mobile Network အစရှိတဲ့စနစ်တွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ Flight Mode ဆိုတာကတော့ ၀ါယာလက်ကွန်ရက်တွေအားလုံးကို ဖြတ်တောက်ပေးထားပြီး ပိတ်ပေးထားတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဖုန်းကိုပါဝါမပိတ်လိုက်ပဲနဲ့ Setting ထဲမှာတင် အလွယ်တကူလိုင်းပိတ်လိုက်နိုင်တဲ့ စနစ်လဲဖြစ်ပါတယ်။ Flight Mode ကိုအသုံးပြုလိုက်ရင်တော့ ကိုယ့်ဆီကိုလည်း ဖုန်းအ၀င်မရတော့သလို သူများဆီကိုလည်း ကိုယ်ကခေါ်လို့မရနိုင်တော့ပါဘူး။ WiFi Setting ဆိုတာက ၀ါယာလက်အင်တာနက်စနစ်အတွက် အသုံးပြုရမယ့်နေရာပဲဖြစ်ပါတယ်။ ၀ါယာလက်အင်တာနက်စနစ်အတွက် WiFi အဖွင့်အပိတ်လုပ်တာတို့၊ ကွန်ရက်ရာဖွေတာတို့ကို ဒီနေရာမှာပြုလုပ်နိုင်ပါတယ်။ Bluetooth Setting ဆိုတဲ့ထဲမှာတော့ Bluetooth စနစ်နဲ့ပတ်သက်ပြီး ပြုလုပ်နိုင်မယ့်အချက်အလက်တွေ ရှိနေပါတယ်။ Bluetooth ဖွင့်ခြင်း၊ ပိတ်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ Bluetooth နာမည်ပြောင်းလဲခြင်း၊ Security စနစ်ပြုလုပ်ခြင်း အစရှိတာတွေကို ဒီစနစ်ထဲမှာပြုလုပ်နိုင်ပါတယ်။ USB Utilities ဆိုတဲ့စနစ်ထဲမှာဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် USB စနစ်ချိတ်ဆက်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီစနစ်ကက သိပ်ပြီးတော့မရှုတ်ထွေးစေပါဘူး။ Tethering and Portable Hotspot ဆိုတဲ့စနစ်ကတော့ မိုဘိုင်းဖုန်းတွေမှာအသုံးပြုတဲ့ 3G အင်တာနက်စနစ်တွေကို ဖုန်းကနေတဆင့် WiFi အဖြစ်နဲ့ တဖန်ပြန်ပြီးလွှင့်ထုတ်ပေးနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေကနေ ဖမ်းယူအသုံးပြုတဲ့ 3G အင်တာနက်စနစ်ကို ဖုန်းတစ်လုံးတည်းကနေ တခြားကွန်ပျူတာ သုံးလုံးလောက်၊ ဒါမှမဟုတ်ရင်လည်း တခြားဖုန်းသုံးလုံးလောက်ကို WiFi စနစ်ပြန်ပြီး Share ပေးနိုင်တဲ့စနစ်လည်း ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ USB Tethering နဲ့ WiFi Tethering ဆိုပြီးနှစ်မျိုးရှိပါတယ်။ USB နစ်ကိုရွေးချယ်ထားရင်တော့ ကိုယ့်ဖုန်းတစ်လုံးတည်းနဲ့ပဲ အင်တာနက်စနစ်ကို ကွန်ပျူတာမှာ ကြိုးနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာပါ။ WiFi Tethering စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ WiFi စနစ်နဲ့ ပြန်ပြီးလွှင့်ထုတ်ပေးနိုင်မှာပါ။ Mobile Network ဆိုတဲ့ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ မိုဘိုင်းဖုန်းကွန်ရက်တွေနဲ့ပတ်သက်ပြီး အသုံးပြုနိုင်မယ့်အချက်အလက်တွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ Mobile Network ထဲမှာတော့ Use Packet Data, Data Roaming, Access point name အစရှိတာတွေကို မြင်တွေ့ကြရပါလိမ့်မယ်။ Use Packet Data ဆိုတာကတော့ မိုဘိုင်းဖုန်းအင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Data Network ရှိမရှိသိရှိနိုင်ပြီး အသုံးပြုဖို့စတင်ခြင်းစနစ်ဖြစ်ပါတယ်။ Data Roaming စနစ်ဆိုတာကတော့ မိုဘိုင်းဖုန်းအင်တာနက်စနစ်တွေကို အသုံးပြုနေရင်းနဲ့ ဥပမာဆိုရရင်တော့ လက်ရှိသုံးနေကြတဲ့ WCDMA 3G ကွန်ရက်စနစ်သုံး အင်တာနက်ကို အသုံးပြုနေရင်းနဲ့ WCDMA ကွန်ရက် အသုံးမပြုနိုင်တဲ့နေရာတွေကို ရောက်သွားခဲ့ရင် အခြားမိုဘိုင်းဖုန်းကွန်ရက်တစ်ခုနဲ့ ထပ်မံဆက်သွယ်ချိတ်ဆက်ပြီး အသုံးပြုနိုင်စေမယ့်စနစ်ပဲဖြစ်ပါတယ်။ WCDMA ကနေ 2G ကွန်ရက်ထဲကိုရောက်သွားရင် ဒီစနစ်က 2G ရဲ့ EDGE စနစ်နဲ့ ဆက်လက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ရေးသားသူ -ကိုသက်

No comments:

Post a Comment