Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android OS Setting စနစ်များအသုံးပြုခြင်း


Mobile Network ထဲက နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Accesspoint ဆိုတာကတော့ မိုဘိုင်းဖုန်း အင်တာနက်စနစ်တွေအတွက် Accesspoint တွေကို အသစ်ပြုလုပ်ခြင်း ဖြည့်စွက်ခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။


Network Mode ဆိုတာကတော့ ကိုယ်ကဘယ် Network ကိုအသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ CDMA တွေမှာ ဒီစနစ်က ရွေးချယ်ဖို့မလိုအပ်ပေမယ့် GSM နဲ့ WCDMA တွေမှာဆိုရင်တော့ ကိုယ်အသုံးပြုမယ့်ကွန်ရက်ကို ဒီနေရာမှာ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Network Operator ဆိုတာကတော့ ပြည်တွင်းမှာ ပြောင်းလဲအသုံးပြုဖို့ မလိုအပ်ပါဘူး။ မြန်မာ့ဆက်သွယ်ရေး ကွန်ရက်တစ်ခုတည်းရှိတဲ့အတွက်ကြောင့် Operator ပြောင်းလဲဖို့မလိုအပ်ပါဘူး။ ဒါတွေအားလုံးက Wireless And Network ဆိုတဲ့စနစ်ထဲမှာ ပါဝင်အကျုံးဝင်နေတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Call Setting ပါပဲ။ Call Setting ထဲမှာတော့ Call Rejection, Reject Message, Call Alert, Turn On Proximity Sensor, Voicemail Service, Voicemail အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ သတ်မှတ်စနစ်တွေထဲမှာ ပျမ်းမျှအားဖြင့် ပါဝင်တဲ့စနစ်တွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS တွေမှာ OS Version နဲ့ OS ကိုပြန်လည်ရေးသားတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကိုလိုက်ပြီး ပါဝင်တဲ့ Setting ဖွဲ့စည်းမှုပုံစံတွေ မတူညီတဲ့အတွက်ကြောင့်ပါပဲ။ Call Rejection ဆိုတာကတော့ Samsung ဖုန်းတွေမှာပဲ ပါဝင်တဲ့စနစ်တစ်ခုလို့ ဆိုရမှာပါပဲ။ ဒါကဖုန်းရဲ့ Setting ထဲမှာ Default ပါဝင်တဲ့စနစ်ပါ။ ဒီစနစ်ကို အခြားဖုန်းတွေမှာမြင်တွေ့နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါက Black List နဲ့ White List စနစ်တွေကို အသုံးပြုနိုင်တဲ့နေရာဖြစ်ပါတယ်။ ကိုယ့်ဆီကိုဝင်လာမယ့် အ၀င်ခေါ်ဆိုခြင်းတွေကို တားဆီးထားပြီး Reject ပြုလုပ်နိုင်တဲ့စနစ်ပါ။ Reject Message ဆိုတာကတော့ ကိုယ်ကဖုန်းကို မကိုင်နိုင်တဲ့အခါမျိုးတွေမှာ Reject Message စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းက အလိုအလျောက် Message တစ်စောင်ကို ပြန်ပို့ပေးနိုင်တဲ့စနစ်ပါ။ ဒီစနစ်အတွက် အလိုအလျောက်ပြန်ပို့ပေးမယ့် Message တွေကိုလည်း ဖုန်းမှာနဂိုပါဝင်တာတွေကို အသုံးပြုနိုင်သလို နောက်ထပ် ကိုယ်ဖြည့်စွက်ချင်တဲ့စာကြောင်းတွေကိုလည်း ထပ်မံဖြည့်စွက်အသုံးပြုနိုင်ပါတယ်။ Call Alert ဆိုတာကတော့ ဖုန်းရဲ့အ၀င်ခေါ်ဆိုမှု၊ အထွက်ခေါ်ဆိုမှုတွေမှာ Ring, Vibrate အစရှိတဲ့စနစ်တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပြုလုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။ Turn On Proximity Sensor ဆိုတာကတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပတ်စေနိုင်မယ့် Proximity Sensor စနစ်ကို အသုံးပြုမယ်၊ မပြုဘူးဆိုတာကို ရွေးချယ်နိုင်မယ့်နေရာဖြစ်ပါတယ်။ On လုပ်ထားရင်တော့ ဖုန်းကို ဒေါင်လိုက်ကနေ ဘေးတိုက်အနေအထားကို ပြောင်းလဲလိုက်တဲ့အခါမျိုးတွေမှာ ဖုန်းရဲ့ Screen က အလိုအလျောက်လိုက်ပြီးလှည့်ပေးမှာပါ။ Screen လည်တာကို မကြိုက်ဘူးဆိုရင်လည်း ဒီစနစ်ကိုပိတ်ထားနိုင်ပါတယ်။ Voice Mail Service ဆိုတာကတော့ Voie Mail စနစ်ယူထားမယ်ဆိုရင် အသုံးပြုနိုင်မယ့်စနစ်ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဒီစနစ်ကို သိပ်ပြီးအသုံးပြုတာမတွေ့ရပါဘူး။ ဒီစနစ်က မြန်မာ့ဆက်သွယ်ရေးမှာ လျှောက်ထားအသုံးပြုရမယ့် ၀န်ဆောင်မှုစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ Voice Mail ဆိုတာကတော့ Voice Mail နံပါတ်တွေကို ဖြည့်စွက်နိုင်မယ့်နေရာပါ။ နောက်စနစ်တစ်ခုကတော့ Sound ဆိုတဲ့စနစ်ပါပဲ။ ဒါကတော့ ဖုန်းထဲမှာရှိနေတဲ့ အသုံးပြုနေတဲ့ အသံပိုင်းစနစ်တွေအတွက် ရှာဖွေပြုလုပ်နိုင်မယ့် နေရာဖြစ်ပါတယ်။ Sound Setting ထဲမှာတော့ Silent Mode, Vibrate, Volume, Phone Ringtone, Notification Ringtone, Touch Tone, Screen Lock Sound, Vibrate Intensity အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါလည်း ပျမ်းမျှအားဖြင့် ပါဝင်မှုတွေကိုစုစည်းတင်ပြခြင်းပါ။

ရေးသားသူ -ကိုသက်

No comments:

Post a Comment