Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Touchpal Dialer စနစ် အသုံးပြုနည်း

Black List စနစ်ကို ဆော့ဖ်ဝဲသက်သက်ထည့်ပြီး အသုံးပြုဖို့မလိုအပ်ဘဲနဲ့ တစ်ခါတည်းနဲ့ ကီးဘုတ်ဆော့ဖ်ဝဲထဲမှာတင်အသုံးပြုနိုင်ပါတယ်။ Touchpal Dialer ဆော့ဖ်ဝဲရဲ့ Setting ထဲမှာ Block Call ဆိုတဲ့စနစ်ရှိနေပါတယ်။
အဲဒီစနစ်ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ စနစ်တွေကို အများကြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ Only Block Black List, Block Non, Only Allow Contact, End Call, Turn Silence, Book History, Black List, White List အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်အသုံးပြုချင်တဲ့ပုံစံအတိုင်း ပြုပြင်ပြောင်းလဲပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Black List စနစ်အပြင် White List စနစ်လည်းပါဝင်ပါတယ်။ ကိုယ်အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ Black List စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Black List ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အပေါင်းလက္ခဏာပုံ လေးပါတဲ့ Interface တစ်ခုကိုမြင်တွေ့ရမှာပါ။ ဒီအပေါင်းလက္ခဏာလေးက ထပ်ပေါင်းမယ်ဆိုတဲ့သဘောပါပဲ။ ဒါကိုနှိပ်လိုက်ရင်တော့ Box တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာတော့ Add From Phone နဲ့ Add From Call Log ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်အသုံးပြုချင်တဲ့စနစ်နဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Black List စနစ်ထဲမှာ ကိုယ်က ကိုယ်တိုက်ရိုက်နှိပ်ပြီး အသစ်ထည့်သွင်းလို့တော့ မရပါဘူး။ အသစ်ထည့်သွင်းချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Call Log ထဲကို အရင်ဆုံးထည့်သွင်းပြီး အသုံးပြုတာအကောင်းဆုံးပါပဲ။ ဒါကတော့ Black List စနစ် အသုံးပြုပုံပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ White List စနစ်ပဲဖြစ်ပါတယ်။ White List စနစ်မှာလည်း ဒီလိုပဲဖြစ်ပါတယ်။ White List စနစ်မှာလည်း Add From Phone နဲ့ Add From Call Log ဆိုတဲ့စနစ်နှစ်ခုပဲ ပါဝင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ White List နံပါတ်တွေကို ဖုန်းထဲမှာရွေးချယ်ပြီး ဖြည့်စွက်ထည့်သွင်းနိုင်ပါတယ်။ Black List စနစ်နဲ့ White List စနစ်တွေမှာ ကိုယ်ထည့်သွင်းထားတဲ့နံပါတ်တွေကို ပယ်ဖျက်ချင်တယ်ဆိုရင်တော့ ကိုယ်မှတ်သားထားတဲ့နံပါတ်ကို လက်နဲ့ခဏလေးဖိထားလိုက်မယ်ဆိုရင် Box တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Box ထဲမှာတော့ No Block နဲ့ Add To Black List နဲ့ Add To White List ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖျက်ချင်တယ်ဆိုရင်တော့ No Block ကိုနှိပ်နိုင်ပြီး တခြားစာရင်းတစ်ခုမှာ ဖြည့်စွက်ချင်တယ်ဆိုရင်တော့ Add To Black List နဲ့ Add To White List ဆိုတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ကိုယ်မှတ်ထားတဲ့ White List ထဲမှာဆိုရင် Black List ထဲကိုပြောင်းရွှေ့နိုင်ပြီး Black List ဆိုရင်လည်း White List ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်။Touchpal Dialer ထဲက နောက်ထပ်စနစ်တစ်ခုကတော့ Update ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ Update ဆိုတဲ့စနစ်ထဲမှာတော့ Touchpal Dialer စတင်ထည့်သွင်းထားတဲ့ရက်ကို ဖော်ပြထားမှာဖြစ်ပြီး ကိုယ်တင်ထားတဲ့ နောက်ဆုံးဗားရှင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့အောက်ဘက်မှာ Auto Update Setting ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်မယ်ဆိုရင်တော့ Manual, Every Three Day, Every Seven Day, Every Fourteen Day အစရှိတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ဆော့ဖ်ဝဲရဲ့ Update စနစ်ကို ကိုယ်တိုင်လုပ်ချင်တဲ့အချိန်ကျမှ Manuel လုပ်မလား၊ ဒါမှမဟုတ် ၃ ရက်တစ်ခါ၊ ၇ ရက်တစ်ခါ၊ ၁၄ ရက်တစ်ခါအစရှိသဖြင့် အချိန်ဘယ်လောက်ကြာကြာမှာ တစ်ခါ Update လုပ်မယ်ဆိုတာကို မှတ်သားထားနိုင်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Share With Your Friend ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ဆော့ဖ်ဝဲကို တခြားဖုန်းတစ်လုံးကို ပြောင်းရွှေ့ပေးချင်တယ်ဆိုရင် ပေးနိုင်ဖို့အတွက် ထည့်သွင်းထားပေးတာပါ။ ဒီစနစ်ကို နှိပ်လိုက်မယ်ဆိုရင်တော့ Bluetooth နဲ့ပို့မလား၊ မေးလ်နဲ့ပို့မလား၊ Message နဲ့ပို့မလား အစရှိတာတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါကတော့ ဒီဆော့ဖ်ဝဲတွေထဲမှာ အသုံးပြုနိုင်တဲ့စနစ်တွေပဲဖြစ်ပါတယ်။

ရေးသားသူ -ကိုသက်

No comments:

Post a Comment