
မိုဘိုင်းဖုန်းများအား ရုပ်မြင်စနစ်ဖြင့် စကားပြောနိုင်ရန်အတွက် ဆော့ဖ်ဝဲတစ်ခုအား ထည့်သွင်းရမည်ဖြစ်ပြီး WiFi သို့မဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ်အား အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Video Chat ဆော့ဖ်ဝဲအား ထည့်သွင်းပြီးပါက ဖုန်းအား အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ပြီး စကားပြောနိုင်မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲအား အသုံးပြုရာတွင် ယင်းဆော့ဖ်ဝဲအား အသုံးပြုထားသော ဖုန်းအချင်းချင်းသာ ရုပ်မြင်စနစ်ဖြင့် Video Chat စနစ်အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းဆော့ဖ်ဝဲ အသုံးမပြုထားသော အခြားဖုန်းများဖြင့် ချိတ်ဆက်စကားပြောနိုင်မည်မဟုတ်ကြောင်း သိရသည်။ ယင်းစနစ်အား အသုံးပြုရာတွင် ဆော့ဖ်ဝဲအားဖွင့်လိုက်ကာ မိမိအကောင့်တစ်ခုအား ပြုလုပ်ရမည်ဖြစ်ပြီး အကောင့်ပြုလုပ်ပြီးပါက ယင်းဆော့ဖ်ဝဲစနစ်အသုံးပြုထားကာ အွန်လိုင်းသို့ဝင်ရောက်နေသော ဖုန်းများအားလုံးအား မြင်တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းများ အကောင့်နာမည်များထဲမှ မိမိပြောလိုသူအား Video Call စနစ်ဖြင့် ခေါ်ဆိုလိုက်ပါက နှစ်ဘက်စလုံးတွင် ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာများတွင် အသုံးပြုလျက်ရှိသော VZO Chat နှင့်ပုံစံချင်းဆင်တူပြီးAndroidOSဖုန်းများအတွက်သာသီးသန့်အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment