Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android ဖုန်းတွေအတွက် အခမဲ့ဖုန်းခေါ်လို့ရတဲ့ Skype ဆော့ဝဲလေးပါ

 Skype - free IM & video calls
Skype အသုံးပြုသူများအတွက် Skype 2.0 မှစပြီး Android ဖုန်းအသုံးပြုသူအချင်းချင်း ကြားမှာ အခမဲ့ Video Call လုပ်ဆောင်ချက်အားဖြည့်ပေးထားပါတယ်။
Skype Account ကိုသုံးပြီး Free Voice Call, Free Video Call တို့ပြုလုပ်နိုင်သည့်အပြင် Skype Credit ဝယ်ယူပြီး နိုင်ငံတကာ ကို သင့်တော်သောဈေးနှင့်ဖြင့် ဖုန်းခေါ်ဆိုင်နိုင်ရန် ပြုလုပ်ပေးထားပါတယ်။






Android ဖုန်းတွေအတွက် အားလုံးသိပြီးသားဖြစ်တဲ့ Skype လို့ခေါ်တဲ့ အခမဲ့ဖုန်းခေါ်တဲ့ application လေးကိုတင်ပေးလိုပါတယ်။
အခမဲ့ဖုန်းခေါ်တယ်ဆိုရာမှ skype account ရှိတဲ့သူအချင်းချင်းကိုသာဆိုလိုခြင်းဖြစ်ပါတယ်။ skype account လုပ်ရတာကလည်းပိုက်ဆံပေးစရာမှမလိုတာ။
အားလုံး free ပဲလေ။ ကိုယ့်မှာလည်း skype account လုပ်ပြီးပြီဆိုရင် ကိုယ်ပြောချင်တဲ့သူရဲ့ skype account ကို ကိုယ့် skype account ထဲမှာ add ပြီး
ဖုန်းပြောရုံပါပဲ။ free နော်။ ဥပမာ- မြန်မာနိုင်ငံမှာဆို CDMA 3G ကွန်ရက်ရနေပြီဆိုတော့ ဒီ ဆော့ဝဲလေးနဲ့ ကိုယ့်မှာလည်း skype ရှိ ကိုယ်ပြောချင်တဲ့သူမှာလည်း skype ရှိရင် ဖုန်းကြေး တော်တော်သက်သာသွားမှာပေါ့။ တစ်မိနစ်မှ လေးကျပ်ပဲလေ။ အခကြေးငွေနဲ့ခေါ်ဆိုမှုကတော့ နိုင်ငံခြားက မိုဘိုင်းဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုမှုကိုပဲပေးရမှာပါ။ ကြိုက်တယ်ဆိုရင် အောက်မှာ ရယူနိင်ပါတယ်။
Skype application အားရယူရန်


သို့မဟုက်


ဒေါင်းလုပ်ရယူရန်(၂၁ရက်အတွင်းသာ(27.5.2012မှ))


သို့မဟုက်
 
ဒေါင်းလုပ်


သို့မဟုက်


download
Skype အကောင့် ရှိတဲ့သူအချင်းချင်း ဆို ဖုန်း အလကားပြောလို့ရတဲ့ skype ကို andriod ဖုန်းပေါ်မှာသုံးချင်တဲ့သူတွေ အတွက် ပါ။


ဒီမှာဒေါင်းလုဒ်  လုပ်ပါ။
သက်နိုင်စိုး
Skype က Official Blog ကနေဒီနေ့ပဲ Android Phone အသုံးပြုသူတွေအတွက် အခုဆိုရင် Video Calls နဲ့ဓာတ်ပုံ တွေပါ ပို့လို့ရပါပြီဆိုပြီး ကြေငြာလိုက်ပါပြီ။
အခု Skype အသစ်မှာ ပုံတွေကို Message ကနေတစ်ယောက်ကိုတစ်ယောက် ပို့နိုင်တဲ့အပြင် အရင်လို Skype to Skype မှာ Video Call တွေပါထည့်သွင်း ခေါ်နိုင်ပါပြီ။ Wifi - 3G ရှိတဲ့ဘယ် နေရာကမဆို Skype ကနေဒါတွေကို အလကားအသုံးပြုနိုင်ပါတယ်။ ဒါတွေရတာတော့ ဟုတ်ပါပြီ။ ဒါတွေသုံးလို့ Battery သက်တမ်းကို စိုးရိမ်နေသူများအတွက်လည်း Skype ကအခုအသစ် 2.6 Version မှာ Samsung Galaxy Tab 10.1, Motorola XOOM တို့နဲ့အတူတစ်ခြား Device တွေမှာအသုံးပြုတဲ့ Tegra 2 chipset အတွက် Video အရည်အသွေးနဲ့ Battery သက်တမ်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ ခြုံပြောရရင် Android 2.2 (Froyo) နဲ့အထက် သုံးသူတွေ အားလုံးဒီ update ကိုခံစားနိုင်မှာဖြစ်ပါတယ်။
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
မူလဆိုဒ်


သို့မဟုက်


PCဒေါင်းလုပ် 


သို့မဟုက် 


ဖုန်းဒေါင်းလုပ်


သို့မဟုက် 

QR code for Skype

QR code for Skype
ဒါမှမဟုတ် အောက်က QR Code ကိုကိုယ်ပိုင် Phone နဲ့ Scan ဖတ်ပြီးရယူနိုင်ပါကြောင်း
QRCode 

ဒါလေးကိုတော့  mmitd ကနေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။ဗဟုသုတအနေနဲ့ ဖြစ်ဖြစ် ဖော်ပြပေးလိုက်တာပါ။


နိုင်ငံခြားကို Unlmited call ခေါ်နိုင်မယ့် Skype
ကမ္ဘာကျာ် Skype ဖုန်းကို ၂၀ဝ၃ ခုနှစ်တွင် eBay ပိုင်ဆိုင်သော စီးပွါးရေးအုပ်စုကြီးမှ လူဇင်ဘတ်နိုင်ငံတွင် တည်ထောင်ခဲ့ပြီး ယခု အခါ ကမ္ဘာတဝန်း user သန်းပေါင်း ၂၀ဝ ကျော် ရှိပြီး VOIP များထဲတွင် အမြင့်မားဆုံး နှုန်းဖြင့် ရပ်တည်နေပါတယ်။ Voip service တစ်ခုအနေဖြင့် user သန်း ၂၀ဝ ကျော် ရှိတာဟာ Social Networking ဆိုက်တွေကို ကောင်း ကောင်းယှဉ်နိုင်တဲ့ ပမာဏပါ။ Social Networking site တွေထဲမှာ user အများဆုံး Facebook ကတော့ လက်ရှိ သန်း ၅၀ဝ ကျော်နဲ့ရပ်တည်နေပါတယ်။ Skype ကို peak time တွေမှာဆိုရင် user ၂၃ သန်းလောက် တစ်ပြိုင်နက် အသုံးပြုနေကြတဲ့အတွက် server ရပ်ဆိုင်းသွားခြင်းမရှိအောင် အထူးစီစဉ်ဆောင်ရွက်ထားတဲ့အတွက် Reliable အရဆုံးနဲ့ delay
အနည်းဆုံးဖြစ်ပါတယ်။ ယခုအခါ Google မှာ Call Phone service ဖြင့် ယှဉ်ပြိုင်လာသော်လည်း ကမ္ဘာတဝန်း လွယ်ကူစွာ ဝယ်ယူနိုင်စွမ်း (မြန်မာပြည်တွင်လည်းဝယ်ယူနိုင်ပါသည်)၊ device အမျိုးမျိုးအတွက် Software အလွယ်တကူရရှိနိုင်စွမ်း၊ Image ကောင်းမွန်မှု နဲ့ အဓိက ကျတဲ့ အသံအရည်အသွေး၊ တစ်မိနစ်ခေါ်ဆိုခနှုန်းတွေမှာတော့ Google မှ သိသာစွာယှဉ်ပြိုင်နိုင်ခြင်း မရှိသေးတဲ့အတွက် Voip လောကမှာတော့ ပန်းပန်လျက်ပါပဲ။

စင်္ကာပူအခြေစိုက် Star Hub မှ Pfingo service ဖြင့် စင်္ကာပူဈေးကွက်နှင့် အရှေ့တောင်အာရှ ဈေးကွက်တွေမှာ နေရာယူဖို့ ကြိုးစားနေပေမယ့် Unlimited plan များ ရွေးချယ်နိုင်စွမ်းမှာတော့ ဥရောပက Skype ကိုကောင်းကောင်းမယှဉ်နိုင်သေးပါဘူး။ ( ပီဖင်းဂိုးတွင် Singapore တစ်ခုသာ unlimited call ဝယ်ယူနိုင်ပါသည်)
Skype ကို အရှေ့အာရှ နိုင်ငံတွေမှာတော့ ဈေးကွက် အထူးစိုးမိုးမှုရှိနေပြီး ဂျပန် တွင်မူ Convenience Stores တွေမှာ လွယ်ကူစွာဝယ်ယူနိုင်ပါတယ်။

Skype မှာ ကမ္ဘာ့နိုင်ငံ အတော်များများကို Unlimited Call (အကန့်အသတ်မရှိ ခေါ်ဆိုနိုင်ခြင်း) ရှိတဲ့အတွက် ပြည်ပနှင့် ဆက်သွယ်အလုပ်လုပ်ကိုင်နေတဲ့ ပြည်တွင်းကုမဏီတစ်ချို့တွင် အသုံးချလာတာကို တွေ့ရပါတယ်။ အထူးအသုံးချနေတာကတော့ "ပီဖင်းဂိုး ဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပါသည်" လို့ အသိပေးထားတဲ့ အင်တာနက်ဆိုင်တော်တော်များများတွင် အသုံးချလာတာပါပဲ။ တစ်လောက ပြည်တွင်းနာမည်ကြီး ဂျာနယ်တစ်စောင်ရဲ့ ဖော်ပြချက်အရ ပီဖင်းဂိုးဈေးကွက်ရဲ့ ၂၅% ကို ၃ လအတွင်း Skype မှ ရယူသွားနိုင်တယ်လို့ သိရပါတယ်။

Skype နဲ့ ပက်သက်ပြီး အသေးစိတ် သိလို့ပါက www.skype.com တွင် လေ့လာနိုင်ပြီး များပြားလှတဲ့ ယနေ့ကမ္ဘာရဲ့ Mobile Devices အမျိုးမျိုးအတွက် Skype Softwares များကိုလည်း ရွေးချယ်ပြီး အခမဲ့ ရယူနိုင်ပါတယ်။ ယခုအခါ Skype ကို ipad, ipod touch နှင့် Sony PSP ကဲ့သို့သော ဖုန်း မဟုတ်တဲ့ device တွေမှာပါ အသုံးချလာနိုင်တဲ့အတွက် wifi ဧရိယာထဲ ရောက်လို့ လက်ကိုင်ဖုန်း မပါလာရင်တောင် လွယ်လင့်တကူ နိုင်ငံတကာကို ဆက်သွယ်နိုင်လာပါတယ်။

ပြည်တွင်းကုမ္ပဏီများအနေဖြင့် ရုံးပိုင်းဆန်ဆန် အသုံးပြုနိုင်ဖို့အတွက် ဥရောပ အခြေစိုက် Belkin မှ ထုတ်လုပ်တဲ့ Desktop Skype ဖုန်းများကိုလည်း ပြည်တွင်းရှိ ကွန်ပျူတာ အရောင်းဆိုင်ကြီးတွေမှာ ဒေါ်လာ ၁၅၀ ခန့်ဖြင့်ဝယ်ယူနိုင်နေပါပြီ။ အဆိုပါဖုန်းကို ကွန်ပျူတာအတွက် အင်တာနက် LAN 8 pin ကို တပ်ဆင်လိုက်ပြီး Account ထည့်သွင်းလိုက်ပါက
သာမာန် (PSTN) ဖုန်းတွေလိုပဲ အသုံးပြုနိုင်ပါမယ်။ (အဲ..သာမာန်ဖုန်းဆိုလို့ ပြည်တွင်းတော့ မခေါ်လိုက်ပါနဲ့...မြန်မာပြည်ကို တစ်မိနစ်ကို ဒေါ်လာဝက်လောက်ကျသင့်တဲ့အတွက်ကြောင့်ပါ...နိုင်ငံခြားကို ခေါ်ရင်တော့ သက်သာပါတယ်)


Belkin မှ ထုတ်လုပ်သော Desktop Skype Phone


Skype မှာ Unlimited ခေါ်ဆိုနိုင်မယ့် နိုင်ငံများကတော့ ၄၂ နိုင်ငံဖြစ်တဲ့အတွက် မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ အဆိုပါ ၄၂ နိုင်ငံမှာ မြန်မာပြည်နှင့် ကူးသန်းရောင်းဝယ်မှုပြုနေကြတဲ့ အဆက်အဆံရှိတဲ့ နိုင်ငံတွေ ပါဝင်နေတဲ့အတွက် ဝမ်းသာစရာပါပဲ။ ( အာဖရိက နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကတော့ မပါဝင်သေးကြောင်းပါ...)

Skype တွင် unlmited ခေါ်ဆိုနိုင်တဲ့နိုင်ငံများကတော့

ထိုင်း(မိုဘိုင်းအပါအဝင်)
စင်္ကာပူ (မိုဘိုင်းအပါအဝင်)
အမေရိကား (မိုဘိုင်းအပါအဝင်)
ဟောင်ကောင် (မိုဘိုင်းအပါအဝင်)
ကနေဒါ (မိုဘိုင်းအပါအဝင်)
တရုတ်(မိုဘိုင်းအပါအဝင်)
ပေါ်တိုရီကို(မိုဘိုင်းအပါအဝင်)
ဂူအမ်(မိုဘိုင်းအပါအဝင်)
အာဂျင်တီးနား
ၾသဇီ (ၾသစေၾတးလ်)
ၾသစၾတီးယား
ဘယ္ဂ်ီယံ
ခ်ီလီ
ချက်
ခရိုအေးရှား
ဒိန်းမက်
အက်စတိုးနီးယား
ဖင်လန်
ပြင်သစ်
ဂျာမနီ
ဂရိ
ဟန်ဂေရီ
အိုင်ယာလန်
အစ္စရေး
အီတလီ
ဂျပန်
တောင်ကိုရီးယား
လူဇင်ဘတ်
မလေးရှား
နယ်သာလန်
နယူးဇီလန်
နော်ဝေး
ပိုလန်
ပေါ်တူဂီ
ရုရှ
စလိုဗားကီးယား
စပိန်
ဆွီဒင်
ဆွစ်ဇာလန်
ထိုင်ဝမ်
ဗြိတိန်  စတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင်တော့ တစ်နိုင်ငံတည်းဆိုရင် တစ်လကို ၇၅၀ဝ ကျပ်သာ ကျသင့်မှာဖြစ်ပြီး နိုင်ငံ ၄၂ နိုင်ငံလုံးဆိုရင်တော့ တစ်လကို ၁၅၀ဝ၀ ကျပ်သာ ကျသင့်ပါမယ်။

အထက်ပါနိုင်ငံများထဲမှာ မြန်မာတွေအသားများတဲ့ မလေးရှားကတော့ ကြိုးဖုန်းကိုပဲ unlimited ရတဲ့အတွက် ကုမ္ပဏီတွေအနေဖြင့် ကြိုးဖုန်းသို့ ခေါ်ဆိုမှုများသော်လည်း

အင်တာနက်ဆိုင်များနှင့် personal call ခေါ်ဆိုလူများအနေဖြင့်
Skype ရဲ့ credit plan ( ကြိုက်သလောက်ပြော ကျသလောက်ရှင်း plan)နဲ့
Skype ရဲ့ Limited Minutes plan ( မိနစ် ပုတ်ပြတ်plan) တွေကို ထပ်မံရွေးချယ်ခွင့်ရှိပါသေးတယ်။

Credit plan ဆိုတာကတော့ ပီဖင်းဂိုး Credit ကဲ့သို့ပဲ ငွေထည့်ထားပြီး ခေါ်ဆိုသလောက် နှုတ်သွားတာပါ။ မလေးရှားကို တစ်မိနစ်ကို ၆၀ ကျပ်လောက်ကျပါမယ်။ Credit ၅ ဒေါ်လာ

ကို ၆၀ဝ၀ ကျပ်။ Credit ၁၀ ဒေါ်လာကို ၁၁၅၀ဝ ကျပ် နှုန်းဖြင့်ဝယ်ယူနိုင်ပါတယ်။

Limited Minutes plan (မိနစ် ပုတ်ပြတ် plan) မှာတော့ မိမိ ခေါ်ဆိုလိုတဲ့ နိုင်ငံကို တစ်လအတွင်း မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ် ၄၀ဝ စသဖြင့် အပြတ်ဝယ်ယူထားတာပါ။

အင်တာနက်ဆိုင်တွေ ဝယ်ယူမှုအများဆုံး plan ပါပဲ။
အင်တာနက်ဆိုင်တွေ အယူများတာတွေကတော့
မလေး မိနစ် ၄၀ဝ -          ၁၇၀ဝ၀ ကျပ်
ကိုရီးယား မိနစ် ၄၀ဝ -      ၁၇၀ဝ၀ ကျပ်
ရုရှ မိနစ် ၄၀ဝ -              ၁၇၀ဝ၀ ကျပ်
အိန္ဒိယ မိနစ် ၄၀ဝ -         ၁၂၀ဝ၀ ကျပ်

မလေး မိနစ် ၁၂၀ -             ၆၀ဝ၀ ကျပ်
ကိုရိးယား မိနစ် ၁၂၀ -         ၆၀ဝ၀ ကျပ်
တို့ပဲဖြစ်ပါတယ်။

Skype ဝယ်ယူမယ်ဆိုရင် ရွေးချယ်စရာသုံးမျိုး
(၁) Unlmited Call     (တစ်လ ၇၅၀ဝ (သို့) ၁၅၀ဝ၀ ကျပ်  ၄၂နိုင်ငံသာ)
(၂) မိနစ်ပုတ်ပြတ် (Limited Minute)
(၃)Credit        တို့ပဲဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင် တော့
ONLINE BUSINESS GROUP ရဲ့ partner ဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်။

ONLINE Business Group


(၁) စ/၆၁၂၊သန္တာ(၄)လမ်း၊မြောက်ဥက္ကလာပမြို့နယ်၊ ဖုန်း-690031
(၂) အမှတ်(၁၂၂-စီ)၊ဆိပ်ကမ်းသာလမ်း(မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား)ကျောက်တံတားမြို့နယ်။122 Internet Café ဖုန်း-376200
(၃) 32 B2 ကန်လမ်း၊(၉)ရပ်ကွက်၊လှိုင်မြို့နယ်။ ချယ်ရီမော် စတိုး ဖုန်း-521499
၎) အမှတ်(၄၀-ဘီ)၊စတုတ္ထထပ်၊ရန်ကုန်-အင်းစိန်လမ်းမကြီး၊လှည်းတန်း၊ကမာရွတ်ြမို့နယ်။APS Technology ဖုန်း-095091820
(၅) တိုက်၂၊D1၊မဟာမြိုင်အိမ်ယာ၊ဦးဝိစာရလမ်းမ၊မြောက်ဒဂုံမြို့နယ်။Cyber Star Cyber Café  ဖုန်း-4411560

ONLINE BUSINESS GROUP နှင့် Partner ဖွဲ့လို့ပါကလည်း ဖုန်း ၆၉၀ဝ၃၁ (သို့မဟုတ်) mr.skyper@gmail.com ဆက်သွယ်နိုင်ပါသည်။ ၅% အမြတ်ပေးပါသည်။

No comments:

Post a Comment