Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android OS နဲ့ မိတ်ဆက်

Android OS ဟာ Google ကနေစတင်ခဲ့တယ်လို့သိရပြီး ယခုနောက်ပိုင်း Mobile OS တွေထဲမှာ အတော်လေးနာမည်ကြီးနေတဲ့သဘောမှာရှိပါတယ်။ လက်ရှိဈေးကွက်မှာ အသုံးများတဲ့ OS တွေကတော့ Google Android OS, Apple iOS, Symbial Os, နဲ့ Java Phone တွေပဲဖြစ်ပါတယ်။
Android OS နဲ့ ပတ်သတ်ပြီးသိထားသင့်တာလေးတွေရှိပါတယ်။

APK & Market – Android OS တွေမှာ Install လုပ်နိုင်တဲ့ App Installer Format ဖြစ်ပါတယ်။ Software တွေကို APK Extension နဲ့ Publish လုပ်ပြီး ၄င်းဖိုင်ကို Android Phone မှာပါတဲ့ APK Installer နဲ့ အလွယ်တကူ Install လုပ်နိုင်ပါတယ်။
Market ဆိုတာတော့ Application Apk တွေကို Phone ကနေတဆင့် ရှာဖွေ Install လုပ်နိုင်အောင် စီစဉ်ထားတဲ့ WebSite Market Application ဖြစ်ပါတယ်။ Android Market ကတော့ အကြီးဆုံး Android Application Market ဖြစ်ပြီး နိုင်ငံတော်တော်များများ ရဲ့ Android Phone တွေအမှာအသုံးပြုပါတယ်။ App Developer အများစုကလည်း မိမိဖန်တီးထားတဲ့ Application တွေကို Market ကပဲဖြန့်ဝေပါတယ်။
ဒါပေမယ့် Market ကိုအသုံးမပြုတဲ့နိုင်ငံများ (အထူးသဖြင့် China) ကထုတ်တဲ့ Mobile တွေမှာတော့ Market ကိုထည့်သွင်းပေးထားမှာမဟုတ်ပါဘူး။ အဲဒီအစား GoMarket ဆိုတဲ့ တရုတ် App တခုကို အစားထိုးသုံးထားပေးပါတယ်။
APK တစ်ခု Installer မလုပ်ခင်မှာ Android Phone တွေက Android Market/ GoMarket က download လုပ်ထားတာဟုတ်မဟုတ်စစ်ပါတယ်။ ဒါကတော့ လုံခြုံရေး Policy အတွက်ပါ။ ဒါကြောင့် Market ကလာတာမဟုတ်ပဲ တခြားကရလာတဲ့ APK တွေအတွက် Install လုပ်ခြင်ရင် Android Phone ရဲ့ Application Setting ထဲမှာ Allow Installl of non-Market applications ကို Check လုပ်ထားဖို့လိုပါလိမ့်မယ်။
Storage & Root Access
Android ဖုန်းတွေမှာ Storage အနေနဲ့ Build-In Flash နဲ့ SD Card နှစ်မျိုးရှိပါတယ်။ SD Card ကတော့ အသုံးပြုသူစိတ်ကြိုက် အရွယ်အစား ကိုတပ်ဆင်နိုင်ပေမယ့် Build-In Flash ကတော့ ဖုန်းမှာပါတဲ့ပမာနကိုပဲအသုံးပြုနိုင်မှာပါ။ Phone Brand & Model ကိုလိုက်ပြီး Flash Storage ပမာနကွာနိုင်ပါတယ်။ Download လုပ်ခြင်း နဲ့ User File တွေကို SD Card ပေါ်မှာသိမ်းဆည်းတာဖြစ်လို့ Storage ပမာန ထပ်တိုးနိုင်ပေမယ့် Android 2.1 Os အထိမှာတော့ Application Installation ကို Flash Memory မှာပဲလုပ်တဲ့အတွက် Memory Limit ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Android Version 2.2 မှာတော့ Application တွေကို SD Card ထဲသို့ တိုက်ရိုက် Install နိုင်ပါတယ်။ (SD Card ကို အလဲအလှည်လုပ်ရင်တော့ Card ပေါ်က App တွေ အလုပ်လုပ်မှာမဟုတ်တော့ပါဘူး)
Android ရဲ့ File Explorer က SD Card ရဲ့ File တွေနဲ့ Flash ပေါ်က User Files တွေကိုပဲမြင်ရအောင်ဖန်တီးထားပါတယ်။ ဒါက မလိုအပ်ပဲ User တွေက System File တွေကို Access မလုပ်နိုင်အောင်ဖြစ်ပါတယ်။ ၄င်း System File တွေကို Root File တွေလို့လဲအကြမ်းဖြင်းပြောလို့ရပါတယ်။ ဒါတွေကို Access (Read Only) လုပ်နိုင်တဲ့ App တွေရှိပါတယ်။ (ဥပမာ Root Explore, ANDExplorer) ဒါပေမယ့် ဒီ App တွေက Read Only Access ပဲရတာပါ။ ဒီ System File Or Root File တွေကို Modified လုပ်ခြင်ရင် Root App တွေလိုပါတယ်။ ကျွန်တော် Recommand လုပ်ခြင်တဲ့ Root Application ကတော့ z4Root ပါ။
Root နဲပတ်သတ်ပြီးသတိထားရမှာတွေက
၁။ မလိုအပ်ပဲ Root File တွေကို Modified လုပ်ခြင်းဟာ ၄င်းဖိုင်တွေကို မှီခိုနေရတဲ့ System Application တွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်မှာဖြစ်တဲ့အတွက် အမှားအရွင်းရှိရင် OS တစ်ခုလုံးကိုထိခိုက်နိုင်ပါတယ်။
၂။ Warrante ရှိတဲ့ Phone တွေမှာ Root လုပ်တာတဲ့ Warrante ပျက်ပါတယ်
၃။ App တွေက Root Access တောင်းရင် ကိုယ်ယုံကြည်ရမှ Access ပေးပါ။ အဲဒါကို Super User Permission လို့ခေါ်ပါတယ်။ အထူးသဖြင့် ၄င်း App တွေက ကိုယ့် phone version ကို support လုပ်မှဖြစ်မှာပါ။ မဟုတ်ရင်အန္တရာယ်ရှိနိုင်ပါတယ်။
၎။ System ကို Root Access လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် Flash Recovery တစ်ခုလောက်ဖန်တီးထားသင့်ပါတယ်။ ဒါမှ အမှားအယွင်းရှိရင် တော်ရုံပြန်ပြင်လို့ရမှာပါ။
မြန်မာပြည် User တွေ Root လုပ်ကြရတဲ့ အဓိကအကြောင်းအရင်းကတော့ Myanmar Font Installation အတွက်ပါပဲ။

No comments:

Post a Comment