Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android ဖုန်းတွေအတွက် ရန်ကုန်လမ်းညွန် App လေးပါ



ဒီ Application ကတော့ Android OS အသုံးပြုသူတိုင်းအတွက် အသုံးဝင်မယ့် Application တစ်ခု ဖြစ်ပါတယ်။
ဒီ Application မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ကုမ္ပဏီ၊ ရုံး၊ စားသောက်ဆိုင် အစရှိတာတွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ Name  ဆိုတာကို ရွေးချယ်ပြီး သင်ရှာဖွေချင်တဲ့ လုပ်ငန်းရဲ့ အမည်ကို ရိုက်ထည့်ပြီး ရှာဖွေပေးနိုင်မှာ ဖြစ်သလို Category အောက်မှာ လုပ်ငန်းတွေကို တူရာတူရာ စုပေးထားပြီးအလွယ် တကူရှာ ဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။ Location မှာဆိုရင် သင်ရှာဖွေလိုတဲ့နေရာကို Select မှတ်ပြီး အဲဒီနေရာမှာရှိတဲ့ လုပ်ငန်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Important Number ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အထင်ကရ လုပ်ငန်းတွေ၊ မြို့နယ်အလိုက် ရဲစခန်းတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Mobile Directroy ကို ဒေါင်းလုပ် ပြုလုပ်လိုတယ်ဆိုရင် http:\\www.yangon-directory.com\ ဆိုတဲ့ အင်တာနက်စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ Yangon-directory ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် ဝက်ဘ်ဆိုက်ရဲ့ ညာဘက်ထောင့် အပေါ်မှာရှိတဲ့ Downloads Yangon Directroy Mobile App ဆိုတာကို ကလစ်နှိပ် ပြီးအခမဲ့ ဒေါင်းလုပ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာဒေါင်းပါ။
Download>> Yangon Directory for Android

 (http://shwemantarlaywaiyan.blogspot.com)

Yangon နှင့် Mandalay Directory တို့အား မိုဘိုင်းဖုန်းများတွင် စတင်အသုံးပြုနိုင်

Yangon Directory Group မှထုတ်ဝေသော Yangon Directory နှင့် Mandalay Directory တို့အား Mobile Phone များတွင်အသုံးပြုနိုင်ရန်အတွက် ဖြန့်ချိလိုက်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် Android OS နှင့် Symbian OS အသုံးပြုထားသောဖုန်းများအတွက် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ Yangon Directory နှင့် Mandaly Directory တို့တွင် စာအုပ်များတွင်ပါဝင်သော Data များထဲမှ အကြောင်းအရာပေါင်း (၆၈၀၀) ကျော်ကိုထည့်သွင်းပေးထားပြီး၊ မိမိဖုန်းမှတစ်ဆင့် သိရှိလိုသော Address နှင့် Phone Number များကို လွယ်ကူပေါ့ပါးစွာ ရှာဖွေအသုံးပြုနိုင်မည်ဖြစ်သည်။ Offline အသုံးပြုနိုင်သော Application တစ်ခုဖြစ်ခြင်းကြောင့် မည်သည့်နေရာသို့မဆို သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ Update Feature များကိုလည်း စီစဉ်ထားကြောင်းသိရှိရသည်။ Yangon Directory နှင့် Mandalay Directory ကို ထည့်သွင်းအသုံးပြုလိုသူများအနေဖြင့် www.yangon-directory.com မှ Computer မှတစ်ဆင့်ဖြစ်စေ၊ Phone ဖြင့်တိုက်ရိုက်ဖြစ်စေ အခမဲ့ Download ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ နီးစပ်ရာဖုန်းဆိုင်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ - ကိုစိုင်း Credit - Internet Journal, Vol(13) Issue(08) 


Yangon Directory For Android, Symbian OS <<< Download




 

No comments:

Post a Comment