Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Using Proxy and Port On Your Android Phone with Opera Browser

သင့် Android ဖုန်း ကို Proxy နဲ့ Port တွေရှိတဲ့ WiFi Network မှာ အလွယ်ကူဆုံး ဘယ်လို သုံးရမလဲဆိုတာ ကို ပြောပြသွားမှာဖြစ်ပါတယ်။ Samsung ဖုန်းတွေမှာ တော့  Setting>Wireless & Networks>WLAN Settings>Menu>Advanced ထဲက Proxy နဲ့ Port ကို သွားရောက်ထည့်သွင်းနိုင်ပါတယ်။ 
ဒါပေမယ့် HTC, Huawei လိုဖုန်းတွေမှာ တော့ ဒီနည်းနဲ့ အဆင်မပြေနိုင်ပါဘူး။ အလွယ်ကူဆုံးနည်းလမ်း တစ်ခုကို အကြံပေးချင်ပါတယ်။ အဲ့ဒါကတော့ Opera Browser ကိုအသုံးပြုပြီး အင်တာနက် ကြည့်ရှုခြင်းပါ။ သင့် Android ဖုန်းကို အောက်ပါအဆင့်များအတိုင်း လိုက်ပါလုပ်ဆောင်ကြည့်နိုင်ပါတယ် -
(၁) Android အတွက် Opera ကို ဒီနေရာကို နှိပ်ပြီး Download လုပ်ပါ။
(၂) သင့် Android ဖုန်း ထဲသို့ Install လုပ်လိုက်ပါ။ Wifi ကိုဖွင့်ကာ ချိတ်ဆက်ပါ ထို့နောက် Opera Browser ကိုဖွင့်ပါ။
(၃) Address Bar တွင် about:config ဟုရိုက်ထည့်လိုက်ပါ။
(၄) အထက်ပါ ပုံအတိုင်း Preferences Editor ထဲသို့ ရောက်ရှိသွားပါမည်။ Proxy ကိုလိုက်ရှာပါ။
(၅) ByteMobile Prediction တွင် အမှန်ခြစ်ပေးပါ။ Enable HTTP 1.1 Proxy နှင့် Enable start with HTTP 1.1 for proxy များတွင်လည်း အမှန်ခြစ်ပေးပါ။ (အထက်ပုံ အတိုင်း)
(၆) ၄င်းနောက် FTP server , HTTP server နှင့် HTTPS server များတွင် Proxy နှင့် Port များကို ဖြည့်သွင်း ရမည်ဖြစ်ပါသည်။ ထိုသို့ဖြည့်သွင်းရာတွင် Proxy:Port အဖြစ်ရေးသားရမည်ဖြစ်သည်။ ဥပမာ သင့် Proxy သည် ygncache.mpt.net.mm နှင့် Port မှာ 8080 ဖြစ်ပါက ygncache.mpt.net.mm:8080 ဟုရေးသားရမည်သည်။
(၇) Use ByteMobile Optimizing Proxy , Use FTP, Use HTTP နှင့် Use HTTPS တို့တွင် အမှန်များ လိုက်ခြစ်ပါ။ ထို့နောက် (SAVE) ကို နှိပ်ပါ။ (အထက်ပုံအတိုင်း)
(၈) အထက်ပုံအတိုင်း ပေါ်လာလျှင် ((OK)) ကို နှိပ် ပါ။ 
သင့် Android ဖုန်း Proxy & Port ထည့်သွင်းခြင်း ပြီးဆုံးပါပြီ အလိုရှိရာ Website ကို ဖွင့်ကြည့်နိုင်ပါပြီ။ 
Keyword: Proxy for android, Opera for android, Wifi Proxy Port on android, Opera Proxy and Port

No comments:

Post a Comment