Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Android ဆိုတာ ..?

[Image: XzECD.gif]

Android
Android ဆိုတာ Mobile Phone နဲ့ Mobile Pad တွေမှာ အသုံးပြုတဲ့ Operation System ပါ။ အဲဒါကို Google က ကုမ္ပဏီက ဦးဆောင်လုပ်ကိုင်ပြီး အခကြေးငွေ မယူပဲ အသုံးပြုခွင့် ပေးထားပါတယ်။ အဲဒါကြောင့် Mobile Phone ထုတ်လုပ်တဲ့သူတွေက Phone အတွက် Hardware (စက်ပစ္စည်း) ကိုသာ ထုတ်လုပ်ရပြီး Phone မှာ အသုံးပြုတဲ့ စက်လည်ပတ်မှုစနစ် Operation System အဖြစ် Android ကို အသုံးပြုလိုက်တဲ့အခါမှာ ကုန်ကျစရိတ်တွေ သက်သာသွားသလို ပိုလည်း ကောင်းလာပါတယ်။
တစ်ချို့ phone တွေမှာ Android အပြင် Microsoft က ထုတ်လုပ်တဲ့ Widows Mobile နဲ့ Phone ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကိုယ်ပိုင် Operation System တွေကိုလည်း အသုံးပြကြပါတယ်။ Nokia ကတော့ မူလက Symbian Ltd က ထုတ်လုပ်တဲ့ Symbian OS ကို သုံးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Opensource Licence ဖြစ်ပြီး အားသာချက် ပိုရှိတဲ့ Android စနစ်သုံးဖုန်းတွေကို Nokia ကလွဲလို့ ကျန်တဲ့ Phone ထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်များများက ထုတ်လုပ်နေပါပြီ။

Android ကို အသုံးပြုတဲ့အတွက် အဓိက အားသာချက်က ဘယ်သူမဆို Android အတွက် Application တွေ Game တွေ ဖန်တီးနိုင်ပြီး အဲဒီ Game ကို Android စနစ် အသုံးပြုတဲ့ ဘယ် phone မှာမဆို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Android System ရဲ့ Version ကိုလည်း အသစ်ထွက်တိုင်း မြှင့်တင်လို့ ရတာကြောင့် Android မဟုတ်တဲ့ Phone တွေလို ဖုန်းရဲ့ Operation System တစ်ခုတည်းကိုပဲ ညီးငွေ့တဲ့အထိ သုံးစွဲနေရတာမျိုး မဖြစ်တော့ပါဘူး။

နောက်တစ်ခုက Android အသုံးပြုတဲ့ Phone တူရင် ကိုယ်ကြိုက်တဲ့ Brand ကို ရွေးချယ်ခွင့် ရပါတယ်။ ကိုယ့်သူငယ်ချင်းက Motorola Android Phone သုံးပြီး Game တစ်ခုကို ဆော့နေတဲ့ အချိန်မှာ ကိုယ့် Phone က HTC ဖြစ်နေပေမယ့်လည်း Android စနစ်ကို သုံးထားတယ်ဆိုရင် သူဆော့နေတဲ့ Game ကို တောင်းယူပြီး ကိုယ့် Phone မှာ ထည့်သွင်း ကစားလို့ ရပါတယ်။ ဒါက Android အသုံးပြုတာကြောင့် ရရှိလာတဲ့ အားသာချက်တွေပေါ့။

ဟုတ်ပြီ။ ဒါဆို Android Phone တွေက Operation System တစ်ခုတည်းကိုပဲ သုံးထားတာဆိုတော့ Brand တစ်ခုနဲ့ တစ်ခု ဘာကွာတော့မှာလဲလို့ မေးစရာရှိလာပါတယ်။ ဟုတ်ပါတယ်။ မကွာဘူးဆိုပေမယ့် နည်းနည်းလေးတော့ ကွာပါတယ်။ Theme လေးတွေ Feature လေးတွေ ကွာပါတယ်။ ဥပမာပေးရရင် HP Laptop လည်း Windows 7 ကို သုံးတာပဲ။ Acer Laptop လည်း Windows 7 ကို သုံးတာပဲ။ ဒါဆို ဒီ Laptop နှစ်ခု ဘာလို့ ဈေးကွာနေတာလဲ ? Hardware တွေ ကွာလို့ပါ။ ဟုတ်ပါတယ်။ ခု ဖုန်းတွေလည်း ဒီလိုပါပဲ။ Operation System တူနေပမယ့် Hardware ကွာတာကြောင့် ဈေးတွေ ကွာပါတယ်။ ဖုန်းထုတ်လုပ်သူတွေကလည်း ကိုယ့်ဖုန်းကို သူများထက်သာအောင် အပြိုင်အဆိုင် Hardware ကို အဆင့်မြှင့်ပြီး ဖန်တီးလာကြပါတယ်။ Samsung Galaxy SII မှာဆိုရင် DualCore Processor ကို ထည့်သွားလာပါတော့တယ်။ အဲဒီ့ Processor က 2000 ခုနှစ်လောက်က Laptop Computer တစ်လုံးရဲ့ Processor နီးနီး လုပ်ဆောင်နိုင်စွမ်း ရှိနေပါပြီ။

Android ဖုန်းတွေကို သုံးခြင်းအားဖြင့် အားနည်းချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေက Virus ပြဿနာပါ။ Virus ဆိုတာ လူတွေ ဖန်တီးထားတဲ့ Application တွေပဲဖြစ်ပြီး ကိုယ့်သဘောမပါပဲ ကိုယ်မသိအောင် Wifi, Bluetooth စသည်တို့ကနေတစ်ဆင့် တိတ်တဆိတ် ၀င်ရောက် install လုပ်သွားပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ ဖန်တီးထားတဲ့ Application လေးတွေပေါ့။ Virus ဆိုတာ Android မှာမှ မဟုတ်ပါဘူး Apple iPhone လည်း Virus အန္တရာယ် ရှိပါတယ်။ Microsoft Mobile သုံးတဲ့ phone တွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် အသုံးအများဆုံး စနစ်က တိုက်ခိုက်ခံရမှု ပိုများတာပေါ့။ Android က လက်ရှိမှာ လူသုံးပိုများလာတာကြောင့် Virus ဖန်တီးသူတို့ရဲ့ ပစ်မှတ်ကြီး ဖြစ်လာနေပါပြီ။ အဲဒါကြောင့်လည်း Android အသုံးပြုသူတွေအတွက် Virus ရန်ကို ကာကွယ်ပေးတဲ့ Antivirus Application တွေတောင် ဖန်တီး ထုပ်လုပ်လာကြပါပြီ။

ကမ္ဘာမှာ Android ဖုန်းတွေကို အသုံးများ ကြိုက်နှစ်သက်လာကြသလို မြန်မာတွေလည်း Android ဖုန်းတွေကို ကြိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာ Font သုံးလို့ရလာလို့ပါ။ Smart Phone တွေမှာ Internet အသုံးပြုလာတာကြောင့် Facebook, Blog စ တဲ့ မြန်မာစာ အသုံးပြုတဲ့ Website တွေကို ကြည့်ရှုတဲ့အခါ Myanmar Font ကို ထည့်သွင်းထားရင် ကြည့်ရှုလို့ရတာကြောင့် ဖြစ်ပါတယ်။ (တခြား OS တစ်ချို့မှာလည်း မြန်မာ Font ထည့်သွင်းလို့ရနိုင်ပါတယ်။) ဒါကြောင့် တစ်ကမ္ဘာလုံးမှာလည်း သုံးစွဲသူ ဦးရေ အလျင်အမြန် တိုးပွားလာပြီး Touch Screen Smart Phone တွေထဲမှာ iPhone လို Application တွေကို ၀ယ်ယူထည့်သွင်းစရာလည်း မလို၊ စိတ်တိုင်းကျလည်း ပြင်ဆင်ခွင့်ရှိတဲ့ Android ကိုပဲ ရွေးချယ်ထားတာ လောလောဆယ်မှာ အမှန်ကန်ဆုံးဖြစ်မှာပါ။

Android Root Guide
မင်းသန့်အောင်
မနောဖြူ စာပေ

 

 

လက်ရှိ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ Mobile Phone တွေရဲ့ နည်းပညာ နှစ်လို့ပြောလို့ရအောင် နည်းပညာတွေ မြင့်မားလာပါ တယ် .. ဖုန်းအသုံးပြုသူဦးရေဟာလည်း တစ်နှစ်နဲ့ တစ်နှစ် တဖြည်းဖြည်း တိုးတက်များပြားလာတဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကလဲ သူတို့ဖုန်းတွေ ရဲ့ လုပ်ဆောင် ချက်တွေကို တိုးမြှင့်ပြီးလုပ်ဆောင်လာကြပါတယ် ... ရိုးရှင်းတဲ့ ပုံမှန် ဖုန်းပြောလို့ရအောင်ထုတ်လုပ်တဲ့ Handset တွေနဲ့ စလိုက်တဲ့ Mobile Phone လောကဟာ အခုတော့ အံ့သြစရာကောင်းလောက်အောင်ကို တိုးတက် လာပါတယ် .. ဖုန်းပြောဖို့အတွက် သီးသန့်မဟုတ်တော့ပဲ ကင်မရာ, MP3, MP4, TV, Internet အစရှိတာတွေကို ကွန်ပျူတာတစ်လုံးလိုပဲ ဖုန်းနဲ့တင် အသုံးပြုလို့ရလာပါပြီ ...
ကွန်ပျူတာတွေမှာ အထက်ပါနည်းပညာတွေ အသုံးပြုလို့ရအောင် စက်မောင်းနှင်လည်ပတ်မှုစနစ် (Operating System) ဆိုတာလိုအပ်ပါတယ် .. ထို့အတူ ဖုန်းတွေမှာလဲ ဖုန်းအတွက် OS ဆိုတာကို လိုအပ် လာပါတယ် ... လက်ရှိ Mobile Phone နည်းပညာလောကမှာ ထိပ်တန်းက ရပ်တည်နေတဲ့ OS နှစ်ခု ရှိပါ တယ် .. Apple ရဲ့ iPhone တွေအတွက် iOS နဲ့ Touch Screen Smart Phone တွေအတွက် Google ရဲ့ Android OS တို့ပဲ ဖြစ်ပါတယ် ...
အခု ကျနော် Android ဆိုတာ ဘာလဲဆိုတာကို သိသလောက်ပြောပြသွားပါမယ် ..
Introduction
Mobile Operating System (OS) တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ တိုးတက်လာ ပါတယ် .. စစချင်းမှာတော့ Black and White Phone တွေအဆင့်ကနေပြီးတော့ လက်ရှိ Smart Phone တွေ အဆင့်ထိကို တိုးတက်လာတာဖြစ်ပါတယ် .. Palm OS ဆိုပြီးစလိုက်တဲ့ ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ Blackberry OS, Andriod OS နဲ့ iOS ဆိုတဲ့ အဆင့်တွေ အထိကို ရောက်ရှိလာပါတယ် .. လက်ရှိ အချိန် Mobile Phone တော်တော်များများမှာ အသုံးပြုနေတာကတော့ Android OS ဖြစ်ပါတယ် .. Android ဆိုတာကို Andy Rubin, Rich Miner, Nick Sears နဲ့ Chris White တို့က ၂၀၀၃ ခုနှစ်မှာ စတင် အခြေပြုခဲ့ပါတယ် ..၂၀၀၅ ခုနှစ်မှာတော့ သူတို့ အခြေပြုခဲ့တဲ့ Android Inc. ကို Google က တရားဝင်လွှဲပြောင်းရယူပြီး စတင်ထုတ်လုပ်ခဲ့ပါတယ် ..
Android ဆိုတာ Linux ကို အခြေ ခံထားတဲ့ Open Source OS တစ်မျိုးပဲဖြစ်ပါတယ် .. Open Source ဖြစ်တဲ့ အတွက် အရာအားလုံးသည် Free ဖြစ်ပါတယ် .. ဒါကြောင့်လဲ လက်ရှိဖုန်းတော်တော်များများမှာ Android အသုံးပြုလာတာဖြစ်ပါတယ် .. Blackberry မှာဆိုရင် Blackberry OS, iPhone မှာဆိုရင် iOS, Nokia မှာဆိုရင် Symbian OS အပြင် Micorsoft ရဲ့ Windows Phone OS ဆိုပြီးသူတို့နည်းပညာ သူတို့မူပိုင်ခွင့်နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အခြားသော ဖုန်းအမျိုးအစားတွေမှာ အသုံးမပြုနိုင်ပါဘူး ....
Google ကစတင်ပြီးတော့ Android Version 1.1 ကို 2009 Feb မှာစတင်မိတ်ဆက်ခဲ့ပါတယ် .. အဲဒီက စပြီးတော့ အခုအချိန်ထိမှာတော့နောက်ဆုံး May 2011 မှာ Android 3.1 HondyComb ကိုထုတ်လုပ်နိုင်ခဲ့ပါပြီ .. အောက်က စာရင်းအရ ထုတ်လုပ်ခဲ့တဲ့ Android Version တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ် ... လက်ရှိကြားသိရတာတွေကတော့ Android 5.0 Jelly Bean ကို ၂၀၁၂ နှစ်လည် လောက်မှာ ထုတ်လုပ်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ် ....
Android Versions and Updates

 http://mohpha.blogspot.com မှကူးယူဖော်ပြပါသည်။

 

Android ဆိုတာ Java Programming နဲ့ Interface ဆောက်ပြီး linux ကို အခြေခံထားတဲ့ Operating System တစ်ခုပါဘဲ… compiler, debugger နဲ့ device emulator tools တွေကို ထောက်ပံပေးဖို့ (Dalvik Virtual Machine -DVM) ဖြစ်တဲ့ JVM (Java Virtual Machine) နဲ့ တည်ဆောက်ထားပါတယ်…

              Open Handset Alliance ဆိုပေမဲ့ Google က ဦးဆောင်တာပါ…

                 Android က 2D 3D graphics ကို Open GL libraries အသုံးပြုပြီး support လုပ်ထားပေးတဲ့ အပြင် data storage ကို SQLite Database ကို အသုံးပြုထားသေးပါတယ်…

             Android Applications တိုင်းဟာ deployment လုပ်နေစဉ်အတွင်းမှာဘဲ ကိုယ်ပိုင် id
ကိုယ်ပိုင် processing လုပ်တဲ့ အတွက်ကြောင့် applications run နေစဉ်အတွင်းမှာ တစ်ခြား Applications တွေကနေ isolated ဖြစ်နေတဲ့အတွက် applications harm နိုင်မှု နည်းပါးပါတယ်… (http://www.monetine.net)


No comments:

Post a Comment