Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Sky ရုပ်သံလိုင်းအား Android ပေါ်​တွင်​ပါ အခမဲ့ကြည့်ရှုနိုင်

alt
Sky ရုပ်သံလိုင်းကို iPhone တွေပေါ်မှာ ကြည့်ရှုနိုင်တာတော့ ကြာပါပြီ။ သို့သော် Android ဖုန်းတွေပေါ်မှာ ကြည့်ရှုနိုင်ဖို့ကတော့ ယခုမှ အသစ် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

Sky ဟာ နိုင်ငံတကာမှာ အောင်မြင်လျက်ရှိတဲ့ ရုပ်သံလိုင်းပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ယင်းရုပ်သံလိုင်းပေါင်းများစွာမှ စမတ်ဖိုင်း Platform ပေါ်သို့ အခမဲ့ကြည့်ရှုခွင့်ပေးခဲ့တဲ့ ရုပ်သံလိုင်းများကတော့ Sky Sports, Sky News, Sky Movies, Sky Atlantic, Sky Entertainment, Sky1, Sky living, Sky Art 1 စတာတွေဖြစ်ပါတယ်။ ယင်းရုပ်သံလိုင်းများကို ကြည့်ရှုဖို့ အတွက် Application ကို Online App Store တွေကနေ Download လုပ်ရပါသေးတယ်။ idevice တွေအတွက်ဆိုရင်တော့ iTunes မှ၊ Android ဖုန်းတွေအတွက်တော့ Android Market ကနေဖြစ်ပါတယ်။
ယင်း Application ကို Sky Go လို့အမည်ပေးထားပြီး အခမဲ့ ဖြန့်ချိပေးတာဖြစ်တဲ့အတွက် iPhone version အတွက် Download ဆွဲသူတွေ များပြားနေပါပြီ။ Android version ကိုတော့ မတ်လမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ယင်းချယ်နယ်​တွေ ကို မြန်မာပြည်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ Internet Access ရှိရမယ်ထင်ပါတယ်။ အနောက်နိုင်ငံ များအတွက်တော့ ဂြိုဟ်တု နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတဲ့အတွက် အလွယ်တကူကြည့်ရှုနိုင်ပါတယ်။ သို့ပေမဲ့ စမ်းသပ်ကြည့်ချင်တဲ့ သူတွေအတွက် Sky Go ကို Download ဆွဲလို့မမှား ပါဘူး။ Free version ဖြစ်တဲ့အတွက် အသုံးပြုကြည့်လို့ ဘာကုန်ကျစရိတ်မှ မပေးရပါဘူး။
Android ဟန်းဆက်အမျိုးမျိုးမှာ အသုံးပြုလို့ရနိုင်ပါတယ်။ သို့ပေမဲ့ Sky TV channel တွေကိုကြည့်ရှုလို့ ပိုအဆင်ပြေတဲ့ Android ဟန်းဆက်တွေကတော့ Samsung Galaxy S, Samsung Galaxy S II, HTC Desire, HTC Desire S, HTC Desire HD, HTC Incredible, HTC Sensation စတာတွေဖြစ်ပါတယ်။
---
Ref: Pocketlint

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png


No comments:

Post a Comment