Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Wifi ရှိနေရင်ကိုယ့် Phone ကိုAirDroid သုံးပီး PC suit နဲ့ Driver လိုသုံးချင်ရင်(Android 2.1 နဲ့အထက်)

https://lh3.ggpht.com/hnvVitqQIDSgRERB6xp5-ainkLIfPOxmpdTe4zKUE7iGaez5Ciax3OIW1PyAKteCiQ=w705
iOS မှာဒါမျိုး App ကောင်းကောင်း မရှိသေးပါဘူး။ Wifi ကနေကိုယ့် Phone နဲ့ Computer ကိုချိတ်တာ ထူးဆန်းတဲ့ Idea မဟုတ်တော့ပေမဲ့ Android သုံးသူတွေဒီ App ကိုတစ်ချက် စမ်းသုံးကြည့်လိုက်ပါ။
AirDroid က Android သုံးသူတွေအတွက် USB အစားထိုး Browser နဲ့ချိတ်ပေးတာပါ။ File တွေအပြန်အလှန် ပို့ချင်လား၊ Text Message ပဲပို့ဦးမလား၊ သီချင်းဖွင့်မလား၊ ဓာတ်ပုံနဲ့တခြား App တွေကို ထိမ်းချုပ်အုန်းမလား၊ စသဖြင့် Computer မှာဘာ Software မှသွင်းစရာမလိုပဲ Interface ကောင်းကောင်းနဲ့ အသုံးပြုနိုင်တဲ့ App တစ်ခုပါ။ AirDroid ကို Android Market ကနေ Free ရယူနိုင်ပြီး Android 2.1 နဲ့အထက်မှာ အသုံးပြုလို့ ရပေမဲ့ Android 4 မှာတော့လောလောဆယ် သုံးလို့မရသေးပါဘူး။ မကြာခင်တော့ AirDroid ကလုပ်သွားမယ်လို့ ယူဆရပါတယ်။ Market ကနေရှာပြီး Download လုပ်ပြီး Run လိုက်ရင် အောက်က ပုံမှာအတိုင်း ကျလာပါလိမ့်မယ်။ Wifi နဲ့ချိတ်ဆက်ပြီး အသုံးပြုရတာမို့ Wifi ကိုဖွင့်ထားပြီး Computer နဲ့ချိတ်ထားတဲ့ Network တစ်ခုတည်းကို အသုံးပြုပါ။


1

Start ကိုနှိပ်ပြီးသွားရင် အောက်မှာ ပြထားတဲ့အတိုင်း သွားရမယ့် Address နဲ့ Password ကျလာပါမယ်။

2

2

ပေးထားတဲ့ Address ကို Browser မှာရိုက်ထည့်လိုက်ရင် အောက်မှာမြင်တဲ့ Log In Screen ကျလာပါလိမ့်မယ်။ Password တောင်းတဲ့အခါ ရိုက်ထည့်လိုက်ပါ။ တစ်ကယ်လို့များ Log In Page ကိုမမြင်ဘူးဆိုရင် ဖုန်းနဲ့ချိတ်ထားတဲ့ Network နဲ့ Computer နဲ့ချိတ်ထားတဲ့ Network ကတစ်ခုစီ ဖြစ်နေလို့ နေပါလိမ့်မယ်။ Network တစ်ခုထည်းမှာပဲ ပြန်ချိတ်ပြီး ပြန်လုပ်ကြည့်ပါ။

3

Log In လုပ်ပြီး ၀င်သွားရင် အောက်ကအတိုင်း Home Screen ကိုမြင်ရမှာပါ။ ညာဘက် အပေါ်ထောင့်မှာ Phone နဲ့ပတ်သက်တဲ့ Data/Stat အကုန်ကို ကြည့်လိုရနိုင်ပါတယ်။ အောက်ညာထောင့်မှာ Wi-Fi Connection ဘယ်လောက် ရှိနေလဲ၊ Battery ဘယ်လောက်ကျန်နေလဲ ပြထားပေးပါတယ်။

ဖုန်းပုံလေးနဲ့ Details ကိုတစ်ချက်နှိပ်ရင် Device ရဲ့သိုလှောင်မှုနဲ့ ပတ်သက်တာတွေ၊ အထဲမှာရှိတဲ့ File တွေကအစ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

4

Files လိုမြင်နေရတဲ့ အပြာရောင်လေး ပေါ်နှိပ်ပြီး ကိုယ့်ရဲ့ SD Card ထဲမှာရှိတာတွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ System ကိုရှင်းချင်တယ်ဆိုရင် ဒီကနေတဆင့် လုပ်ရတာကိုယ်ရဲ့ Android ဖုန်းမှာပါတဲ့ File Manager ကလုပ်ရတာထက် ပိုမြန်ပါတယ်။

5

Messages ကနေတဆင့်  SMS Text တွေလည်း ပို့လို့ရပါသေးတယ်။ ဖုန်းကိုကောက်ကိုင်ပြီး Message ကိုရိုက်နေစရာ မလိုပဲ Browser ကနေလွယ်လွယ်ကူကူ Text Conversation တွေလုပ်နိုင်ပါတယ်။

6

Contants မှာကိုယ့်ဖုန်းထဲက ရှိတဲ့ Contact တွေကြည့်နိုင် ပြောင်းနိုင်သလို Call log ကနေတဆင့် အသွားအ၀င်နဲ့ လွတ်သွားတဲ့ Call History ကိုပါကြည့်နိုင် ပါသေးတယ်။

7

Music မှာတော့ကိုယ့်ရဲ့ Android ကို Juke Box တစ်ခုလိုသုံးပြီး သီချင်းတွေကို ရှာဖွေပြီး ဖွင့်နိုင်ပါတယ်။ သီချင်းဖွင့်ရင် AirDroid ရဲ့ Home မှာ Widget တစ်ခုတက်လာ ပါလိမ့်မယ်။

8

Photo တွေကိုလည်း အလားတူ ဖွင့်နိုင်ပြီး Android ရဲ့ Screen သေးသေးနဲ့ ကြည့်မယ့်အစား Monitor မှာကောင်းကောင်း ကြည့်လို့ရပြီပေါ့။

9

Apps ပေါ်နှိပ်လိုက်ရင် Install ထားတဲ့ Apps တွေအကုန်လုံးကို မြင်ရမှာဖြစ်ပြီး ကိုယ်သင့်တော်သလို ဖြုတ်နိုင် သွင်းနိုင်ပါတယ်။ ကျန်တာတွေလိုပဲ App ကိုဒီကနေ လွယ်လွယ်ကူကူ သွင်းနိုင်ပါတယ်။ Market ကနေ APK file Download ပြီး App မှာပါတဲ့ Install ကနတဆင့် လွယ်လွယ်ကူကူ သွင်းနိုင်ပါပြီ။ Remove လုပ်ချင်ရင်လည်း လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ App တွေ Remove လုပ်တဲ့အခါ တစ်ခုချင်းဆီကို တစ်ကယ် Uninstall လုပ်တယ်ဆိုတာ Confirm ပေးရပါမယ်။

10

Computer နဲ့ Android ကြား စာတွေကို Copy Paste လုပ်ချင်ရင် Clipboard ကိုသုံးနိုင်ပါတယ်။

11

(OR)
http://www.appeggs.com/201111/uploads/201202/14/1mobilemarket-63178.jpg

youtube မှာကြည့်ချင်ရင်

No comments:

Post a Comment