Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Mozilla Firefox ကို Android App တစ်ခုအနေဖြင့် စတင်အသုံးပြု

alt
Mozilla Firefox ကို Android OS ပေါ်က Application တစ်ခုအနေနဲ့ စတင်အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက Firefox OS ထုတ်လုပ်မယ်လို့ ကြေညာထားတဲ့ Mozilla ဟာ အချိန်တော်တော်ကြာနေပါပြီ။ အမှန်ဆို OS တစ်ခုထွက်ရှိ လုံလောက်တဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပေမဲ့ ဖြစ်မလာသေးပါဘူး။ သို့ပေမဲ့ တိုးတက်မှုတစ်ခုတော့ ရှိလာပါတယ်။ ဒါကတော့ Android OS သုံး စမတ်ဖုန်းတွေပေါ်မှာ App တစ်ခုအနေနဲ့ အသုံးပြုနိုင်ရန် ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။

အမှန်တော့ဒါဟာ စမ်းသပ်ချက်ဖြစ်ပါတယ်။ Firefox OS ထွက်ရှိချိန်မှာ ယင်း App ကိုဆက်လက်ထားရှိမယ်၊ မထားရှိဘူးဆိုတာကိုတော့ မသိရသေးပါဘူး။
သို့ပေမဲ့ Applcation တစ်ခုအနေနဲ့ ထွက်ရှိလို့ စိတ်ပျက်စရာမလိုပါဘူး။ ယခု Android ဖုန်းတွေမှာသုံးနေတဲ့ Browser တွေထက်များစွာ သာလွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Web page အများစုဟာ Firefox search engine နဲ့ဆို ပိုမိုရှာဖွေရလွယ်ကူပြီး မြန်ဆန်တာကိုတော့ အသုံးပြုသူတိုင်းသိရှိမှာ ဖြစ်ပါတယ်။ ဒီလို မြန်ဆန်မှုနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှုတို့အပြင် ကျစ်ကျစ်လစ်လစ်နဲ့ Privacy အဆင့်မြင့်ထားတဲ့ Brower တစ်ခုကို Android ဖုန်းမှာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Android OS သုံး စမတ်ဖုန်း ကုမ္ပဏီအများစုနဲ့ အချိတ်အဆက်ပြုလုပ်ပြီးသွားပါပြီ။ Apple ထုတ် iOS ပေါ်မှာမြင်တွေ့နိုင်မလားဆိုတာကတော့ Mozilla Team မှ တိကျတဲ့အဖြေမပေးနိုင်သေးပါဘူး။

No comments:

Post a Comment