Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
Android OS အကြောင့်းသိကောင်းစရာ
Mobile Operating System သို့မဟုတ် Mobile OS ဆိုတာကတော့ Computer Operating System တွေဖြစ်တဲ့ Windows, Mac-OS, Linux စသည် တို့ကနေ အသုံးပြုသူ စေခိုင်းလိုသမျှကို စက်ပစ္စည်းနဲ့ Softwares တွေကြား အဆင်ပြေပြေ လုပ်ဆောင် နိုင်ဖို့ ကြားခံဆောင်ရွက်ပေးတဲ့ စံနစ်လိုပဲ Mobile ဖုန်းတွေ Smart ဖုန်းတွေ Personal Data Assistant (PDA) တွေနဲ့ Tablet Computer တွေလို ပစ္စည်းတွေမှာ အသုံးပြုတဲ့ Operating System ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လို နည်းပညာ အပြိုင်အဆိုင်တွေ များပြားလှပြီး ကုမ္ပဏီပေါင်းများစွာက ထုတ်နေတဲ့ အမျိုးမျိုးသော Mobile OS တွေကြားထဲမှာ အချိန်တိုအတွင်း ကမ္ဘာ့ဈေးကွက်ရဲ့ ရှေ့ဆုံးတန်းကို ရောက်အောင် ထိုးဖောက်နိုင်လာတာကတော့ Android System ပဲဖြစ်ပါတယ်။
ဒီ OS System ကို လက်ရှိ ဖော်ဆောင်နေသူ ကတော့ Google ရဲ့ဦးဆောင်မှုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို 2007 ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး Android စံနစ်ကိုပါ စတင်ကြေငြာခဲ့ပါတယ်။ဒီ OS စံနစ်ရဲ့ ကနဦး အိပ်မက်များ ပိုင်ရှင်တွေ ကတော့ ခုလက်ရှိမှာလည်း Google Mobile Platform ရဲ့ဦးဆောင်သူတာဝန် ယူထားသူ Andy Rubin အပါအ၀င် Rich Miner, Nick Sears နဲ့ Chris White တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ 2003 ခု October လမှာ အမေရိကန်ပြည်ထောင်စု Califonia ပြည်နယ် Palo Alto မြို့မှာ Android, Inc. ကိုစတင်တည်ထောင် ခဲ့ကြပါတယ်။ 2005 ခု August လမှာတော့ Google ကနေ ၀ယ်ယူသိမ်းပိုက်ခဲ့ပါတယ်။
Android OS ဟာ တစ်ကယ်တော့ Computer တွေအတွက် ရှိနှင့်ပြီးဖြစ်တဲ့ Linux OS ကို အဓိက အခြေခံ ထားတဲ့ System တစ်ခုဖြစ်ပြီး သူ့ရဲ့ အသုံးချ Application တွေ ဥပမာ - Email Client, SMS Program, Clender, Maps, Browser, Contacts အစရှိတာတွေ ကိုတော့ JAVA Programming Language နဲ့ရေးသားတည်ဆောက်ထားပါတယ်။ သူ့ရဲ့ Application Frame work ဟာ Linux OS ရဲ့ အစဉ်အလာ အတိုင်း Open Source Platform ဖြစ်ပြီး Software Developer တွေကို စိတ်ကြိုက်ပြုပြင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးတွေ အပြည့်အ၀ပေးထားပါတယ်။
ပထမဆုံး Android OS ကိုအသုံးပြုထားတဲ့ Mobile Device ကတော့ 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တဲ့ HTC Dream (G1) Mobile Phone ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ 2011 ခု မေလ ၁၀ရက်နေ့မှာ Android ရဲ့ဖခင်လို့တင်စားရမယ့် Andy Rubin ရဲ့ twitter မှာဖော်ပြချက်အရ Google ဟာ တစ်ရက်ကို Android Device ပေါင်း ၄၀၀၀၀၀ လေးသိန်း လောက် Activate လုပ်နေရပြီး ရက်သတ္တပါတ်ကို ၄.၄ ရာခိုင်နှုန်းနဲ့ တိုးလာနေတယ်လို့ဆိုပါတယ်။ ဒီနှုန်းအတိုင်း ဆိုရင်တော့ 2011 ခု October လကုန်မှာ တစ်ရက်ကို တစ်သန်းလောက် ဖြစ်လာမှာဖြစ်ပါတယ်။
Android OS ရဲ့ထွက်ခဲ့တဲ့ Version တွေမှ Key Features တွေကို  အကျဉ်းချုပ် အနေနဲ့ လေ့လာကြည့်ရရင် 
Android 1.0 အဖြစ် 2008 September မှာစတင်ခဲ့တဲ့ ပထမဆုံး Version မှာတော့ - Google Services များအသင့် ပါရှိခြင်း - Web Browser ဟာ Full HTML နဲ့ XHTML Support ပြုလုပ်ခြင်း Multiple Windows  ဖွင့်လှစ်ကြည့်ရှုနိုင်ခြင်း Zoom and Pan ပြုလုပ်နိုင်ခြင်း - Android Market Application များ Download ပြုလုပ်နိုင်ခြင်းနှင့် Update ပြုလုပ်နိုင်ခြင်း - Multitasking (တစ်ခုထက်များသော အလုပ်များကို တစ်ပြိုင်တည်း ပြုလုပ်ခြင်း) နှင့် - Instant Messaging (G-talk ကဲ့သို့သော application များသုံးနိုင်ခြင်း) - Wifi and Bluetooth တို့ အသုံးပြုနိုင်ခြင်း စသည်တို့ပါဝင်ပါတယ်။ 
Android 1.5 (Cup Cake) ကိုတော့ 2009 April မှာထုတ်ဝေခဲ့ပြီး - Camera Start up time နဲ့ ပုံရိပ်ဖမ်းယူခြင်း ကြာချိန် ပို၍မြန်ဆန်လာခြင်း - GPS မှ Location Data ရရှိမှု ထူးခြားစွာ ပို၍မြန်ဆန်လာခြင်း - On screen soft Keyboard ပါရှိလာခြင်း - Youtube နှင့် Picassa သို့ ဗီဒီယိုများ တိုက်ရိုက် Upload ပြုလုပ်နိုင်ခြင်း စသည်တို့မှာ အရင် Version ထက် ထူးခြား ပြောင်းလဲလာပါတယ်။
Android 1.6 (Donut) ကိုတော့ 2009 September မှာထပ်မံ Update ပြုလုပ်ခဲ့ပြီး - Quick Search Box နဲ့ Voice Search ပါဝင်လာပါတယ်။ - ဓါတ်ပုံကင်မရာ ဗီဒီယိုကင်မရာ နှင့် လည်းကောင်း ဖိုင်များသိမ်းဆည်းရာ Gallery တို့ကို အလွယ်တကူ ပြောင်းနိုင်သော Integrated Function ပါလာပါတယ်။ - Battery Usage Indicator ပါလာပါတယ်။ - CDMA တယ်လီဖုန်းစံနစ် အသုံးပြုနိုင်လာပါတယ်။ -  ဘာသာစကားမျိုးစုံ အသုံးပြုနိုင်တဲ့ စာကြောင်းမှ အသံထွက်ဖတ်ပေးခြင်း Text-to-Speech Function ပါလာပါတယ်။
Android 2.0 (Eclair) ကို လအနည်းငယ်အကြာ 2009 November လမှာပဲ ထပ်မံ ကြေငြာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ - Email နဲ့ Contacts တွေကို Multiple Account အသုံးပြုနိုင်လာပါတယ် - Emails တွေ အတွက် Microsoft Exchange ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ် - Bluetooth 2.1 ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Internet Browser ကို Interface အနည်းငယ် ပြင်ဆင်ထားပြီး HTML5 အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ် - Clender မှာ လုပ်ဆောင်ချက် အသစ်တွေ တိုးချဲ့ ထားပါတယ်။
Android 2.2 (Froyo) ကို 2010 May လမှာ ကြေငြာခဲ့ပါတယ်။ ဆန်းသစ်ချက်တွေအနေနဲ့ - Home Screen မှာ လုပ်ဆောင်ချက် တွေကို အကျဉ်း ရှင်းပြပေးတဲ့ Tips Wedget အသစ်တွေထပ်တိုးထားပါတယ် - Exchange အတွက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်စေရန် ပြောင်းလဲမှုများပြုလုပ်ထားပါတယ် - Wifi Hotspot အဖြစ်အသုံးပြုနိုင်မယ့် Function ထည့်သွင်းထားပါတယ် - ဘာသာစကား အများအပြား အတွက် keyboard ထည့်သွင်း ပေးထားပါတယ် - Adobe Flash 10.1 ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။
Android 2.3 (Gingerbread) ကိုတော့ 2010 December မှာ စတင်ကြေငြာခဲ့ပါတယ်။ ဒီ Version Update မှာတော့ - UI (User Interface) ကို ပိုမိုရိုးရှင်းအောင် နဲ့ပိုပြီးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် ပြုပြင်ထားပါတယ် - စာရိုက်ရာမှာ ပိုမိုလွယ်ကူအောင် keyboard အသစ် ထည့်သွင်းထားပါတယ် - စာလုံးစုတွေကို select ပြုလုပ်ခြင်း copy / paste ပြုလုပ်ခြင်းကို အလွယ်ကူဆုံးဖြစ်အောင် ပြောင်းလဲထားပါတယ် - Near Field Communication (NFC) စံနစ်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ (NFC ဆိုတာကတော့ NFC Tag ထည့်သွင်းထားတဲ့ ကြော်ငြာများ ဒါမှမဟုတ် ပြတိုက်မှာချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်များ ကို မိမိရဲ့ Mobile Device က Reader ကနေဖတ်ရှုပြီး ပိုမိုပြည့်စုံတဲ့ သတင်း အချက်အလက် တွေ ရယူနိုင်တာမျိုး ပြီးတော့ Mobile Device ကနေငွေပေးချေတာမျိုး စတာတွေ ပြုလုပ်နိုင်တဲ့ စံနစ်တစ်မျိုး ဖြစ်ပါတယ်) - ပြီးတော့ SIP Account ရှိသူတွေအတွက် အသုံးပြုနိုင်မယ့် Internet Calling စံနစ် ထည့်သွင်းထားပါတယ်။
Android 3.0 (Honeycomb) ကို 2011 May လမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ဒီ Version ဟာ တစ်ကယ်တော့ Device အားလုံးအတွက်မဟုတ်ဘဲ Tablet တွေအတွက်သာ သီးသန့် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ Key Features တွေထဲက အချို့ကတော့ - Tablet တွေရဲ့ ကြီးမားတဲ့ Screen တွေနဲ့ကိုက်ညီအောင် UI ကို ပြင်ဆင်ထားပါတယ် - Multitasking ကို ပိုမိုချောမွေ့အောင် မွမ်းမံထားပါတယ် - Notification တွေ Wedget တွေ ပိုပြီးများပြား စုံလင်လာပါတယ် - Internet Connection ကို Bluetooth နဲ့ပါ မျှဝေသုံးစွဲနိုင်မယ့် Bluetooth Tethering ပါဝင်လာပါတယ် - Media/Picture file တွေကို USB ကနေတစ်ဆင့် ချိတ်ဆက် ထားတဲ့ ကင်မရာ ဒါမှမဟုတ် Computer နဲ့ တိုက်ရိုက်ချိတ်ဆက် ကူးယူနိုင်တဲ့ လုပ်ဆောင်ချက် ပါရှိလာပါတယ်။ ဒီ Honeycomb မှာတစ်ကယ်တော့ Full Keyboard ကို USB နဲ့ ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ဆက် အသုံးပြုနိုင်တာမျိုးလို သဘောကျစရာ Function တွေလည်း တော်တော်ပါရှိတာကို တွေ့နိုင်ပါသေးတယ်။
Android 4.0 (Icecream Sandwich) ကို 2011 October မှာစတင်ဖြန်ချိခဲ့ပြီး Andoid 2x Series တွေနဲ့  Android Honeycomb က အကောင်းဆုံး  Features တွေ ကို အချိုးကျကျ ပေါင်းစပ်ထားပြီး ထွက်ပြီးသမျှ Android တွေထဲက လူတွေသဘောအကျဆုံး အရာတွေကို စုစည်းထားတယ်လို့ဆိုပါတယ်။ ဒီ Version ကိုတော့ Mobile Phones တွေရော Tablet တွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Key Features တွေ ကို အတိုချုပ် ပြောရရင်တော့ - Roboto လို့ခေါ်တဲ့ Typeface အသစ်ပါလာပါတယ်။ - အသုံးပြုသူမျက်နှာကို မှတ်သားထားပြီး  Device ကို Unlock လုပ်ပေးတဲ့ Face Unlock လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ - Android Bump လို့ခေါ်တဲ့ NFC (Near Field Communication) Chip ထည့်သွင်းထားတဲ့ Devices တွေအတွက် Content Sharing Platform ပါလာပါတယ်။ (Device နှစ်ခုကို အနီးအနားမှာ အတူတူရှိရုံနဲ့ Websites Link တွေ Map တွေ ဒါမှမဟုတ် ဂိမ်းဆော့တာတွေ စတဲ့ Data Exchange မျိုးတွေလုပ်နိုင်မယ် လို့ဆိုပါတယ်) - လိုသလို အစီအစဉ်ပြောင်းနိုင်တဲ့ Home Screen Icon Folder , ကြိုက်နှစ်သက်ရာတွေ စုစည်းထားနိုင်တဲ့ Favourate Tray စတာတွေ အပြင် ကင်မရာ UI ကိုပုံစံ အနည်းငယ်ပြင်ဆင်ထားတာတွေ တစ်ချက် Swipe လုပ်လိုက်ရုံနဲ့ Notification တွေကို Dismiss ပြုလုပ်နိုင်တာမျိုးတွေ ပါလာပါတယ်။
ခြုံငုံသုံးသပ်ကြည့်ရရင်တော့ ၂၀၀၈ ခု နှစ်ကုန်လောက်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီ Android OS ဟာ ၃ နှစ်သက်တမ်း အတွင်း ဈေးကွက်ထဲက ယှဉ်ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကို ရောက်လာ- နိုင်ခဲ့တာဟာ သူ့ရဲ့ ဆွဲဆောင်ရည်မြင့်မားတဲ့ အဆင့်မြင့်တီထွင်ဆန်းသစ်နိုင်မှု Mobile Device အတော်များများမှာ အသုံးပြုနိုင်အောင် ချိန်ညှိပေးနိုင်မှုနဲ့ အသုံးပြုသူများ အဆင်ပြေလွယ်ကူချောမွေ့ စေရန် ပြုလုပ်ပေးနိုင်မှုများကြောင့် လို့ပြောရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
"Android : Enchant me, Simplify My Life, and Make Me Awesome."
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer  တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System)  တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux  ဟာလဲ Free and Open Source ဖြစ်ပါတယ်။  ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile  ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း  Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code  တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါ
တယ်။
နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့   ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Android မှာ Linux ကဲ့သို့ ပင် Mobile devices (ေ၇ွ့ လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်
မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာမျာ
းအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။
ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်
တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ  GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေေ
စရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။  Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features  များကိုရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။
Android Stack
Android ဟာ ၄င်းရဲ့  တကယ့် core system services တွေဖြစ်တဲ့  လုံခြုံမှု (security)၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိမ်းချုပ် စီမံခန့် ခွဲမှု (Memory management)၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စီမံခန့် ခွဲမှု (Power Management)၊ လုပ်ငန်းဆောင်တာ စီမံခန့် ခွဲမှု (process management)၊ ကွန်ယက်ချိတ်ဆက်မှုဆုdင်ရာ (nework stack)၊ hardware များ နိုးကြွားလုပ်ဆောင်နိုင်ေ
Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း  apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။
ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။  အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ  စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries  တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာ
ကိုသိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။
SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။
Surface Manager
WebKit- modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။
Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။
FreeType-bitmap and vector font rendering
Surface Manager- Application  ပေါင်းစုံက  ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries ဖြစ်သည်။
Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format  တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။
SSL -Secure Socket Layer  လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။
အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။ ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန်  စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic  ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။
နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။
Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။
Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။
Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။
Z4root
Compatible with Permanent Root Option
Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1
( Reference by xda-developers.com )
အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။
Download:
Z4root 1.3.0.apk
1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။
2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။
3. Z4root Application ကို အသုံးပြုကြည့်ပါမယ်။ Menu ထဲတွင်Z4root ကို ရှာပါ။ ဝင်ပါ။ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။
4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။
Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။
ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။
Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။
No comments:
Post a Comment