Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Root လုပ်တယ် ဆိုတာ

http://dailymobile.se/wp-content/uploads/2012/03/Android-_Root.jpg           
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။

             ” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
            အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။

               ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
               အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။(http://www.monetine.net)

ဆက်ပီးလေ့လာချင်ရင်ဒီမှာနှိပ်လိုက်ပါ။


root ဆိုတာ ဘာလဲ

Android မှာ root လုပ်တယ်ဆိုတာ သင့်ဖုန်းရဲ့  နဂို OS ကို ကိုယ်တိုင်လုပ်ချင်ရာလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးတာပဲဖြစ်ပါတယ်။ ဆိုလိုတာက သင့်ဖုန်းကို မူလကဖုန်းထုတ်တဲ့သူတွေ ကန့်သတ်ထားတဲ့ အရာတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ OS ရဲ့ system ဖိုင်တွေ အကုန်လုံးကို သင့်စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ ဒါမှမဟုတ်ရင် သူများတွေပြုပြင်ထားတဲ့ ROM တွေကိုသွင်းလို့ရပါတယ်။
Root ဆိုတဲ့နာမည်က Linux မှာသုံးတာပါ။ သူက system တစ်ခုလုံးမှာ လုပ်ချင်ရာလုပ်လို့ရနိုင်တဲ့လူပေါ့။(Windows မှာတော့ Administrator လို့ခေါ်ပါတယ်။)
Root လုပ်ရင် Superuser ဆိုတဲ့ app လေးသွင်းပေးပါတယ်။ သူက ကျန်တဲ့ root ဝင်ခွင့်လိုတဲ့ app တွေကို ထိန်းချုပ်ပေးပါတယ်။ ခွင့်တောင်းသမျှ app တွေကို လက်ခံ/မခံ ခလုပ်လေးနှိပ်လိုက်ရမှာဖြစ်ပါတယ်။
Photo by http://androider.info/

ကဲ..ဟုတ်ပြီ။ root လုပ်ရင်ဘာရမလဲ?

ကျန်တဲ့ဟာတွေတော့ များများစားစားမပြောတော့ပါဘူး။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ တစ်ချက်ကတော့ root လုပ်ရင် ဇော်ဂျီဖောင့်သွင်းလို့ရပါတယ်။ (root မလုပ်ဘဲနဲ့တော့ ဘယ်လိုမှ သွင်းလို့မရနိုင်ပါဘူး။ သူက system ရဲ့ ဖောင့်နေရာမှာ ဇော်ဂျီကို အစားထိုးမှ မြင်ရမှာ ဖြစ်ပါတယ်။)
နောက်ထပ် Titanium backup … သူက သင့်ဖုန်းတစ်လုံးလုံးကို backup လုပ်ပေးပါလိမ့်မယ်။ တစ်လုံးလုံး ဆိုတဲ့အတွက် system ဖိုင်တွေက အစ ပါ ပါတယ်။ ဒါကြောင့် သူကလည်း root လုပ်မှ သုံးလို့ရပါတယ်။

ဆိုးကျိုးတွေကရော…?

တစ်ခုဖြစ်နိုင်ပါတယ်။ သင့်ဖုန်းက ဘာမှ မလုပ်တော့ဘဲနေပါလိမ့်မယ်။ ဒါကို brick ဖြစ်တယ်လို့ခေါ်ပါတယ်။ အမည်းရောင် မျက်နှာပြင်ကြီးပေါ်နေပြီး ဘာဆိုဘာမှ နှိပ်လို့မရတော့တာပါ။

root လုပ်ချင်တယ်…

Google မှာ သင့်ဖုန်းနာမည်နဲ့ အနောက်က root ဆိုပြီး ရှာလိုက်ပါ။ (ဥပမာ HTC Desire HD root )
တချို့ဖုန်းတွေက ဖုန်းထဲမှာတင်ပဲ z4root လို app တွေနဲ့ root လုပ်လို့ရပါတယ်။ တချို့က ကွန်ပျူတာနဲ့ချိတ်ပြီး Super One-Click Android root လို ကွန်ပျူတာ  software တွေနဲ့ root လုပ်မှရပါတယ်။ ကံဆိုးသူတချို့ဖုန်းတွေက ကိုယ်တိုင်လုပ်မှရပါတယ်။
ဆက်ပါဦးမယ်..
(ကိုးကား – http://goo.gl/b95C)
http://www.myanmartutorials.com/

 

No comments:

Post a Comment