Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
internet ဖုန်း call ကိုViber နဲ့အခမဲ့ပြောကြမယ်
Viber account ရှိသူအချင်းချင်း ဖုန်းအင်တာနက် call ကို free ခေါ်လို့ရသလို Message လည်း free ပို့လို့ရပါတယ် ။ သူက ဖုန်းနံပါတ်ကို တိုက်ရိုက်နှိပ်ပြီးခေါ်လို့ရပါတယ်။ အောက်မှာရယူနိုင်ပါတယ်။
iber v2.1.6.632 မှာဓာတ်ပုံလည်း ပို့လို့ရပါတယ်။ ကိုယ်နဲ့ဖုန်းပြောနေတဲ့တစ်ယောက်ရဲ့ နေရာ location တွေကိုပါသိနိုင်ပါတယ်။
Viber for Android အားရယူရန်
သို့မဟုက်
Viber for Android အားရယူပါ
သို့မဟုက်
Viber v2.1.6.632 for Android အားရယူရန်
မူရင်းဆိုဒ်
သက်နိုင်စိုး
Internet WiFi  ရှိတဲ့ဘယ်နေရာ ကမဆို၊ ဒါမှမဟုတ်   Phone ထဲက   3G နဲ့ ပဲ ပြောပြော၊ပြည်တွင်း၊   ပြည်ပ ကြိုက်တဲ့နေရာခေါ် ပိုက်ဆံ လုံးဝမကုန်ဘူးနော်။  3G နဲ့ ဆိုရင်တော့၊တစ်မိနစ် ၄ကျပ်လောက်တော့ ကုန်မှာပေါ့။ စိတ်ဝင်စား သွားပြီမဟုတ်လား။       Softwareကလည်း လုံးဝ free ပဲ။     “ဒါပေမယ့်တစ်ခုသတိထားရမှာကတော့ ပြောမယ့်    Phone၂ လုံး စလုံးမှာ Viber ရှိရပါမယ်၊ Internet Connection (WiFi / 3G) ရှိရပါမယ်။
စအသုံးပြုမဲ့   Mobile Phone  နံပါတ်    နဲ့     Active  ၁ခါ လုပ်ပေးရပါတယ်။           ဥပမာ -
စစခြင်းမှာ      Phone number တောင်းပါတယ်။       အဲဒီနေရာမှာမိမိတို့Phonenumberကိုထည့်ပေးရပါမယ်။      Myanmar       ကိုရွေး ပြီးရင် ကိုယ့် Phone no. က 0973175758ဆိုပါတော့ဗျာ၊  +95    973175758 ဆိုပြီးထည့်ပေးပါ။ အဲဒီ Phone ကို SMS ပို့ပါလိမ့်မယ်။ပြီးရင်   အဲဒီ SMS ထဲက Number ၄လုံးနဲ့ Activite လုပ်ပါ။ SMS  မရခဲ့လျှင် နောက်တနည်း
က Phone ခေါ်ဆိုပြီး Number ၄လုံးပြောပါလိမ့်မည်။ သေသေချာချာ မှတ်ထားပါ။ ပြီးရင် အဲဒီ Number ၄လုံးနဲ့ Activite လုပ်ပါ။ အဲဒါဆို ပြောလိုရပါပြီ။ တစ်မိနစ်၅၀ရနေတဲ့MPTကတော့ကျွန်တော့ကို ဒေါ်သထွက်နေမှာ မြင်ယောင်မိတယ်ဗျာ။  ကျွန်တော်လည်း Singaporeကနေ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျွန်တော့ချစ်သူကို ဒီ Software လေး ပေးပြီးမှပဲ အဆင်ပြေသွား
တော့တယ်ဗျာ။(ဖုန်းခက ဈေးကြီးတာကို)  အားလုံးလည်း အဆင်ပြေနိုင်ကြပါစေဗျာ။ ၀မ်းနည်းစရာကောင်းတာ တစ်ခုက ဒီ Software က iPhone နဲ့ Android မှာပဲ အသုံးပြုနိုင်တာပါ။
Example : 0973175758ကိုခေါ်မယ်ဆိုပါတော့၊သူလည်းInternetချိတ်ဆက်ထားတယ်ကိုယ်လည်းချိတ်ထားတယ်။ ပြီးရင် Viber ဖွင့်ပြီးခေါ်ဆိုတဲ့နေရာ(Keypad)မှာ 0 ကိုကြာကြာလေးနှိပ်ထားလိုက်ရင် + ပေါ်လာပါတယ်။ ပြီးရင် (Area Code) 959   နောက်က  ခေါ်ဆိုမဲ့    Number73175758 ဆိုတော့ဗျာ +959 73175758  ပြီးရင်ခေါ်ပါတော့ဗျာ။ အဲဒါဆိုရပါပြီဗျာ။      Area Codeနေရာမှာခေါ်ဆိုမယ့် နိုင်ငံရဲ့ Code ကိုထည့်ပြီး ပြည်ပသို့လည်းခေါ်ဆိုနိုင်ပါကြတယ် ခင်ဗျာ။
ဒီ Link ကို Viber မရှိသေးတဲ့ သူငယ်ချင်ဆီကို Share ပေးလိုက်ကြပေါ့ဗျာ။
ဒီနေရာမှာ Download လုပ်ပါ၊
“ပြောမယ့် Phone ၂ လုံး စလုံးမှာ Viber Account ရှိရပါမယ်၊Phone ၂ လုံး စလုံးမှာ Viber ရှိရပါမယ်၊
Internet Connection (WiFi / 3G) ရှိရပါမယ်။
Phone ၂ လုံးမှာ Internet ချိတ်ထားရန် လိုပါတယ်။
Example : 0973175758 ကိုခေါ်မယ်ဆို ပါတော့၊ သူလည်း Internet ချိတ်ဆက်ထားတယ် ကိုလည်းချိတ်ထားတယ်။ ပြီးရင် Viber ဖွင့်ပြီးခေါ်ဆိုတဲ့နေရာ(Keypad)မှာ 0 ကိုကြာကြာလေးနှိပ်ထားလိုက်ရင် + ပေါ်လာပါတယ်။ ပြီးရင် (Area Code) 959 နောက်ကခေါ်ဆိုမဲ့ Number 73175758 ဆိုတော့ဗျာ +959 73175758 ပြီးရင်ခေါ်ပါတော့ဗျာ။ အဲဒါဆိုရပါပြီဗျာ။
ဖုန်း free ခေါ်ဆိုမယ်
မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်
ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။
ပို့စ်ရေးသားသူအမည်: မိုးသား ဖြူ  (http://www.myanmarmobileapp.com)
ကဲကျနော်သူငယ်ချင်းများစမ်းကြည့်ကျရအောင်
ကျနော်တော့စမ်းပြီးပြီး အိုကေ တယ်ဗျာ။
Viber ....( Free Call & Free SMS)
ကျွန်တော်တို့ ဆီမှာလည်းအခက်အခဲတွေအများကြီးကြားထဲကနေအင်တာနက်သုံးကြရတာ
အရင်တုန်းက gtalk တွေပြောလို့ ၇တယ်.....ဆိုတော့ gtalk တွေသုံးကြရပါတယ်...နောက်ပိုင်း
တော့သုံးတဲ့သူတွေများသလို bandwidth တွေကလည်းတစ်ဖြည်းဖြည်းနဲ့ ကျလာတော့ gtalk
ထက်ကို media ring talk တို့ ..Pfingo တို့ တစ်ခေတ်ဖြစ်လာပြန်ပါတယ်..ခုတော့သူတို့ တွေ
က free period တွေပိတ်လိုက်လို့ ကျွန်တော်တို့ တွေလည်းသုံးရတာအခက်အခဲဖြစ်လာခဲ့သလို
နဂိုကျပ်နေတဲ့ လိုင်းတွေနဲ့ ပဲ နဂို gtalk တို့ pfingon(အခငွေပေးသုံး) တွေနဲ့ သုံးကြရတာ...အဆင်
တော့ပြေလှတယ်မဟုတ်ပါ....သူတို့ တွေ Pfingo ကိုထုတ်တဲ့သူတွေကတော့ပြောမှာပဲ... software
တွေ free ပေးသုံးတုံးကတော့ဗမာပြည်ကလူတွေကအခမဲ့သုံးကြတယ်....ခုပိုက်ဆံကောက်တော့မသုံး
ကြတော့ဖူးလို့ ထင်မှာတော့အမှန်ပါ....ကိုယ့်အခြေအနေကိုယ်သိ၇တာကတော့ဗျာ....ကိုယ်တွေမှာ
online paid account (paypal,American Express,...) မရှိတော့ free ရတာတွေကိုပဲသုံးရတာပေါ့ဗျာ....
ကဲ...ခုတော့ Viber လေးနဲ့ မိတ်ဆက်လိုက်ပါတယ်....သူကတော့ ကိုယ့် ဖုန်း၇ယ်...ဟိုဘက်ကဖုန်း၇ယ်
ထဲမှာ Viber ရှိရပါ့မယ်...ပြီးတော့အဲဒီ Viber နှစ်ကောင်ကိုက်ဖို့ အတွက် အင်တာနက်ကွန်နက်ရှင်
ရှိရပါ့မယ်...(အဲလေ...) ကိုယ့်ဖုန်းနဲ့ သူ့ ဖုန်းနဲ့ ချိတ်ဆက်ဖို့ အတွက် အင်တာနက်လိုပါတယ်....
ပြီးရင်တော့ အင်တာနက်ကိုသုံးပြီးတော့ free sms, free call ခေါ်လို့ ရပါပြီ......နည်းနည်းလေးခက်
install လုပ်ပြီး software activate လုပ်ဖို့ အတွက်သူ့ ထဲကနေ code pending လုပ်ခိုင်းတယ်...
အဲဒီမှာကိုယ့်နိုင်ငံနဲ့ ကိုယ့်ဖုန်းနံပါတ်(hand phone) ထည့်ပေးလိုက်ပါ..... Viber ကနေ အချက်အလက်
ရရှိကြောင်းဖုန်းလာပါလိမ့်မယ်.....နားထောင်လိုက်ပါ...အင်္ဂလိပ်လိုပြောပါလိ့်မ်မယ်......အဲဒီထဲမှာ code
နံပါတ်ပါပါလိမ့်မယ်.....အဲဒီ code ကို မှတ်ပြီး ကိုယ့် viber ထဲမှထည့်လိုက်တာနဲ့ software ကရသွားပါပြီ...
ကဲ..စမ်းကြည့်ကြစို့ နော်....
Android, IOS(Iphone), Windows Phone, Black Berry အားလုံးမှာ run ပါတယ်...
သူလည်းနောက်ပိုင်းမှာပိုက်ဆံတောင်းမလားတော့မပြောတတ်ပါဖူး...ဒါပေမဲ့လောလောဆယ်မှာတော့အဆင်
ပြေနေသေးတော့လည်းသုံးကြ..ကလိကြတာပေါ့ဗျာ...
အားလုံးပဲအဆင်ပြေကြပါစေဗျာ....
(http://alanster.blogspot.com/)
 iPhone to iPhone ခေါ်ဆိုတဲ့အခါအလွန် အဆင်ပြေချောမွေ့တာကိုတွေ့ရပြီး iPhone toAnroid ခေါ်တဲ့အခါတစ်ဘက်ကပြောတာကိုကြားရပြီး ပြန်ပြောလို့မရတာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းခေါ်တဲ့အခါ တစ်ဘက်က ကွန်နက်ရှင်မရှိရင် calling လို့ပြပြီး ကွန်နက်ရှင်ရှိနေလို့ သွားမြည်နေရင် Ringing လို့ပြပါတယ်။Viber ခေါ်ချင်၇င်နှစ်ဖက်စလုံးက ဆော့ဖ်ဝဲ ရှိရပါမယ်…Connection လဲ နှစ်ဖက်လုံးမှာရှိရပါမယ်…3gnetwork မရှိ၇င် viber call လို့မရနိုင်ပါဘူး
Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်
PCပေါ်ဒေါင်းလုပ် 
သို့မဟုက်
ဒေါင်းရန် 
သို့မဟုက်
Download
သို့မဟုက်
Download
 သို့မဟုက်
Download
 Viber ရဲ့အားသာချက်လေးတွေ
၁။ Viber ဟာ တခြား App များထက် Viber အသုံးပြုသူများကို Free Phone Call ခြင်း ၊ SMS Message များ ပို့လွှတ်ခြင်း နဲ့ Sound Quality သာလွန်ကောင်းမွန်ခြင်းများကြောင့် Viber ချစ်သူ အရေအတွက် ပိုမိုများလာနေပါတယ်။
၂။ Viber ကို သင် နှင့် သင့်ရဲ့ သူငယ်ချင်း Phone ထဲမှာ တစ်ကြိမ် Install လုပ်ထားယုံနဲ့ သင်တို့ ဆန္ဒရှိသလောက် Phone Call ခြင်း နဲ့ SMS Message ပို့လွှတ်ခြင်းများကို Free အသုံးပြုနိုင်ပါတယ်။
၃။ Viber ကို Iphone , I Pad , Android , BlackBerry စတဲ့ Phone & Tablet များမှာ အသုံးပြုနိုင်ပါတယ်။
၎။ Viber ကို Register လုပ်စရာမလိုပါဘူး။ ( Key ထည့်စရာမလိုပါ ) ။  သင် နှင့် သင့်မိတ်ဆွေများမှ ဖုံးနံပါတ် အချင်း ချိတ်ဆက်လိုက်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်ခြင်း။ သို့သော် Viber အသုံးပြုတော့မယ်ဆိုရင်တော့ သင်ဟာ ဖုံးပိုင်ရှင် ဟုတ် မဟုတ် Viber မှ Access Code တောင်းပါလိမ့်မယ်။ Viber မှ ပေးပို့သော Access Code ကိုတော့ ထည့်ပေးဖို့ လိုအပ်ပါတယ်။
၅။ Viber က သင့်ရဲ့ Phone Address Book ထဲမှာ ရှိသော Viber အသုံးပြုနေတဲ့ သင့်ရဲ့ သူငယ်ချင်းများကို အလိုလျှောက် Contact လုပ်ပေးပါလိမ့်မယ်။ Phone Address Book မှာ မရှိသေးတဲ့ သူငယ်ချင်းများကိုလဲ ဖုံးနံပါတ်ရိုက်ထည့်ပြီးတော့လဲ Contact လုပ်လဲ ရပါတယ်။
၆။ Viber ကို 3G Internet Connection နဲ့ တခြားသော Via Wifi များနဲ့လဲ အသုံးပြုနိုင်ပါတယ်။
၇။ Viber နဲ့ မည်သည့်နိုင်ငံမဆို Free Phone Call နဲ့ SMS Message ပို့လွှတ်ခြင်းများကို အသုံးနိုင်ပါတယ်။
Video ကြည့်ချင်ရင်
No comments:
Post a Comment