Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Google Android Get free study အကြောင်း သိကောင်းစရာ google android application

Google က ၂၀၀၅ တွင် Android Project ကို မျိုးစေ့ချခဲ့သည်။ ရည်ရွယ်ချက်က Mobile Operating System (OS) platform တခုကို အကျိုးအမြတ် အဓိကမထားဘဲ မည်သူမဆို သုံးစွဲ နိုင်အောင်ဖြစ်သည်။ Google က အချိန်အား ငွေအားများ အကုန်ကျခံကာ Android Project ကိုဆက်လက် ပျိုးထောင်ခဲ့ရာ အံ့ဩစရာ ကောင်းလောက်အောင်ပင် အောင်မြင်လာခဲ့သည်။ ဂျူလိုင် ၂၀၁၀ မှစ၍ ၁၆၀၀၀၀ သော Android platform သုံး ဖုန်းများ နေ့စဉ်လိုလို အလျို အလျိုပေါ်ထွက်လာသည်။ Android platform ကို မိုဘိုင်း ဖုန်းများတွင် စတင်သုံးစွဲသည် မှာ ၂၀၀၈ အောက်တိုဘာ တွင်ဖြစ်ရာ ၂ နှစ်အတွင်း တွင်ကျယ်စွာ လူသုံးများလာသည့် Android platform ၏ အောင်မြင်မှုမှာ အားရစရာပင်ဖြစ်သည်။

ဒီနေရာတွင် စိတ်ဝင်စားစရာ တခုကို တင်ပြချင်သည်။ လူတော်တော်များများမသိကြသော Android ၏ သမိုင်းအစမှာ Android Project ကို ခြေဖ၀ါး လက်ဖ၀ါးမှ စတင်ပြုစုခဲ့သူသည် အများထင်သလို Google မဟုတ် ဟူ၏။ Android၏ မူလပိုင်ရှင်မှာ Silicon Valley မှ Android Inc., အမည်ရှိ ကုမ္ပဏီငယ်လေးဖြစ်သည်။ Google က ၂၀၀၅ ဂျူလိုင်တွင် အပြီးဝယ်ယူခဲ့ပြီး Android Inc.,ကို Google Team တွင် အတူတကွ ပါဝင်စေကာ Android  Mobile Operating System (OS) platform အဖြစ် အသက်ဝင်လာအောင် ကြိုးစား ခဲ့သည်။
Android  platform ဤမျှမြန်မြန်ဆန်ဆန် လူကြိုက်များ လာရခြင်း၏ နောက်အကြောင်းရင်းတခုမှာ Google က Android ကို “open platform” အဖြစ် မိုဘိုင်းဖုန်းထုတ်လုပ်သူများ ကို မိတ်ဆက်ပေးခဲ့သည်။ “open platform” ဆိုသည်မှာ Android ၏ သုံးစွဲမှု ဆိုင်ရာလွတ်လပ်ခွင့် အကန့်အသတ်မထား။ မည်သည့် မိုဘိုင်းဖုန်းထုတ်လုပ်သူ မဆိုသုံးစွဲခွင့်ရှိသလို Android Source Code ကိုပင် http://source.android.com တွင် ရယူနိုင်သည့် အပြင် လိုသလို ပြုပြင် သုံးစွဲခွင့်လည်းပေးထားသေးသည်။ ဤသို့ developer များစိတ်ကြိုက် ရက်ရက်ရောရော သုံးစွဲခွင့်ပေးထားခြင်းကပင် Android  platform တဟုန်ထိုး အောင်မြင်လာ ရခြင်း၏ သော့ချက်ဖြစ်သည်။ မိုဘိုင်းဖုန်းထုတ်လုပ်သူများ အနေနှင့် Android Source Code ကို အခြေပြု၍ မိမိတို့ နည်းပညာစွမ်းအားရှိသလောက်  ပြုပြင်တိုးချဲ့ ကာ မိုဘိုင်းဖုန်း သုံးစွဲသူများ သည်းခြေကြိုက် features အမျိုးမျိုးတီထွင် ထုတ်လုပ်နိုင်သည်။ ဒါက မိုဘိုင်းဖုန်းထုတ်လုပ်သူများကို Android open platform ကပေးထားသည့် အကျိုးအမြတ်များဖြစ်သည်။
Software Developer များဘက်ကို ကြည့်ပါဦး။ ဒီထက်ကောင်း သော Developing field အခွင့်အရေး မျိုးတခါမှ မကြုံဖူးခဲ့ကြ။ Software Developer တဦးအနေနှင့် သင်စိတ်ကြိုက်ရေးပြီးသော Applications ကို Test လုပ်ပြီးသည် နှင့် သင့်တာဝန်ကုန်ပြီ။ သုံးစွဲသူ၏ လက်ထဲရောက်အောင် Android Market ကတာဝန်ယူပါလိမ့်မည်။ Smart Mobile Phone များတွင်တွင် ကျယ်ကျယ်သုံးစွဲလာသည် နှင့်အမျှ မိမိရေးလိုက်သော Application ကို သုံးစွဲမည့် ဦးရေကလည်းများပြားလာသည်။ Software Developer တို့အတွက် ရွှေခေတ်ကို Android ကကူညီဖန်တီးပေးနေသည် ဆိုလည်းမမှား။ ဒါ့အပြင် Android က Developer များအတွက် API ဟုခေါ်သော Application Programming Interfaces ကိုလည်းဖန်းတီးပေးထားသေးသည်။ API အကူအညီဖြင့် Application ကို အချိန်တိုအတွင်း Develop လုပ်နိုင်သည်။ ပြီးပြီဆိုလျှင် တော့ သင့် Application ကို Android Market မှာ တင်လို့ရပါပြီ။ Android Market တွင် Approval Process မရှိပါ။ သင်ရေးသော Application ကိုသင့်ဘာသာ သင့်တော်မတော်ချင့်ချိန်ပါ။ နောက်ပြီး Google က ထုတ်ပြန်ထားသော Terms and conditions များကို အသေအချာဖတ်သင့်ကြောင်း အကြံပြုပါရစေ။ Android သုံးစွဲသူများက Google၏ ဂုဏ်သိက္ခာကို ယုံကြည်ကြသည်။ Google ကလည်းသင့် ကိုယုံကြည်ထားသည်။ နှစ်ဦး နှစ်ဖက် ယုံကြည်မှုဖြင့် အလုပ်လုပ်သော Android OS သည် သုံးစွဲသူများကို မည်မျှစိတ်ချမ်းသာမှုပေးစွမ်းနိုင်သည်ကို အားပေးရင်း စောင့်မျှော်ကြည့်ကြပါစို့။

No comments:

Post a Comment