Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Google က Android app အရွယ်အစားကို 4GB အထိတိုးမြှင့်ပေးခဲ့

Google ကုမ္ပဏီက Android app ၏ အများဆုံးအရွယ်အစားပမာဏကို 50MB မှ 4GB သို့တိုးမြှင့်ပေးခဲ့ကြောင်း Android Developers blog တွင်ဖော်ပြခဲ့သည်။
မူလက Android application များ၏အရွယ်အစားကို အများဆုံး 50MB အထိသာ ကန့်သတ်ထားခဲ့ကြောင်း၊ ၎င်းသည် app အများစုအတွက်အဆင်ပြေကြောင်း၊
အရွယ်အစားသေးငယ်ခြင်းအတွက် အသုံးပြုသူများ download ပြုလုပ်ရာတွင် အဆင်ပြေစေသော်လည်း အရည်အသွေးမြင့် 3D interactive ဂိမ်းကဲ့သို့သော app များအတွက် ရင်းမြစ်များလိုအပ်သောကြောင့် အရွယ်အစားပမာဏကို 4GB သို့တိုးမြှင့်ရခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲဖန်တီးသူ Tim Bray ကအထက်ပါ blog တွင်ရေးသားဖော်ပြခဲ့သည်။
Android Market Crosses 100,000 Apps Milestone, Continues To Grow
ထို့အတွက် app အရွယ်အစားသည် 4GB အထိရှိလာမည်ဖြစ်ပြီး APK ဟုခေါ်သော Android Package ဖိုင်များကိုမူ 50MB အထိသာ ဆက်လက်ကန့်သတ်ထားမည်ဖြစ်ကြောင်း၊ အဆိုပါ APK ကို expasion ဖိုင်များနှင့်ချိတ်ဆက်ထားပြီး app တစ်ခုချင်းစီတွင် 2GB ပမာဏအရွယ်ရှိ expansion ဖိုင်နှစ်ခုပါဝင်မည်ဖြစ်ကြောင်း Google မှပြောကြားခဲ့သည်။ အထက်ပါ 4GB ပမာဏအရွယ်အထိ တိုးမြှင့်သတ်မှတ်ခြင်းသည် developer များအတွက် အထောက်အကူပေးသော်လည်း Android ထုတ်ကုန်ထုတ်လုပ်သူများအနေဖြင့် onboard သိုလှောင်မှုပမာဏကို တိုးမြှင့်ထုတ်လုပ်ရဖွယ်ရှိသည်ဟု သိရသည်။

ရေးသားသူ -နောင်နောင်
Ref: PCMag
 

No comments:

Post a Comment