Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

၂၀၁၂ ခုနှစ်မှာ ရှိနေမယ့် Android


ကမ္ဘာ့ကွန်ရက်ကြီးထဲကနေ နှိုက်ထုတ် ရှာဖွေဖို့ အတွက် ဖန်တီးဆောင်ရွက်ပေးရာမှာ နံပါတ် (၁) အဆင့်လို့ ပြောနိုင်လောက်အောင် ကြိုးစား ဆောင်ရွက်လာတဲ့ Google က  မိုဘိုင်းကွန်ပျူတာ နောက်ကွယ် Android Operating System လို့ ခေါ်တဲ့ လည်ပတ်စနစ်ကိုလည်း ဖန်တီးပေးခဲ့တယ်။ Android ကို စတင် မိတ်ဆက်ရာကနေ စွမ်းဆောင်ချက်တွေ၊ အရည်အချင်းတွေနဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ အစဉ်တစိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးရင်း မကြာသေးတဲ့ လပိုင်းအတွင်းကစပြီး version 4.0 ကို ထပ်မံ မိတ်ဆက် လာခဲ့တယ်။ Android OS ထဲမှာတော့ အမြင့်ဆုံး ပုံစံနဲ့ နောက်ဆုံး ထုတ်ပေးခဲ့တာ ဖြစ်တယ်။ ၂၀၁၂ ခုနှစ်အတွက် Android version လို့ပဲ ဆိုရလေမလား။ နောက်ထပ် အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိသေးလားတော့ မမှန်းဆနိုင်ပါ။ သေချာတာကတော့ ၂၀၁၂ ခုနှစ်မှာ Android အခြေပြု ကိရိယာတွေ အတွက် ထူးခြားတဲ့ ခံစားခွင့်တွေ ပေးမှာတော့ အသေအချာဖြစ်တယ်။ အထူးသဖြင့် ပြိုင်ဘက် iOS ကို ကျော်လွှားနိုင်ဖို့နဲ့ အန္တရာယ်ပေးနိုင်တဲ့ Windows ကို ဆီးကာထားနိုင်ဖို့ အရည်အချင်းတွေ ထုတ်သုံးပေးရပါလိမ့်မယ်။
 gartner-091008
Andorid 4.0 ဆိုတဲ့ နောက်ဆုံးထုတ် version ကို Ice Cream Sandwich လို့ အမည်ပေးထားတယ်။ ICS လို့လည်း ခေါ်ကြတယ်။ မကြာမီ ဈေးကွက် ရောက်လာမယ့် Samsung Galaxy Nexus နဲ့အတူ အသုံးပြုသူတွေရဲ့ လက်ထဲရောက်၍ လာလိမ့်မယ်။ Apple ရဲ့ iOS မှာ ထူးထူးခြားခြား Siri ကို ထည့်ပေးလိုက်မယ်။ Siri က နှုတ်နဲ့ အမိန့်ပေးရတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးတယ်။ ဒီအခါမှာ Android ကရော voice command နဲ့ပတ်သက်ပြီး ဘယ်လိုယှဉ်ပြိုင်နိုင်မလဲလို့ မေးစရာရှိလာတယ်။ ICS မှာလည်း ချက်ချင်း Speech ကနေ text ကို ပြောင်းပေးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ တကယ်တော့ voice commands ကို Android 2.0 ထဲက အစပျိုးထားခဲ့ပြီးသား ဖြစ်တယ်။ ဒါပေမဲ့ Apple က voice-activated virtual asistant ဆိုတာလေးနဲ့ ပိုပြီးသားသားနားနား ရှိနေစေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Google အနေနဲ့ သူ့ရဲ့  apps  တွေထဲမှာ  voice function နဲ့ ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်လာမှာ အသေအချာဖြစ်တယ်။ Google Translate app သကဲ့သို့ နမူနာတစ်ခုအနေနဲ့ နားလည်လိုက်နိုင်ပါတယ်။

convansation mode တစ်ခုပါပြီး ပြောဆိုတဲ့စကားနဲ့ ပတ်သက်ပြီး ဘာသာပြန်ပေးနိုင်စွမ်း ရှိစေမှာ ဖြစ်တယ်။ ဒီအတွက် ဘာသာစကား ၅၀ ကျော် အသုံးပြုခွင့် ရပါလိမ့မ်မယ်။ ဒါပေမဲ့လည်း ပိုမိုပြည့်စုံတဲ့ အရည်အချင်းနဲ့တော့ မှတ်ယူထားလို့ မရပါ။ စိတ်ကူးအနေနဲ့ ကတော့ ချီးကျူးကြိုဆိုစရာ ဖြစ်စေတယ်မိုဘိုင်းကင်မရာတွေနဲ့ ပတ်သက်ပြီး Android Camera Software အတွက် ပုံကြီးချဲ့ပြောစရာ သိပ်ရှိလှတယ်တော့ မရှိခဲ့ပါ။ Basic setting လောက်ပဲ လုပ်ကိုင်ခွင့်ရကြတယ်။ ဒါပေမဲ့ Ice Cream Sandwich မှာတော့ အခွင့်အလမ်း ပိုရလာတယ်။ Panonamic photos နဲ့ ရိုက်ချက်တွေအကြား zew lap ထားရှိနိုင်တဲ့ အင်္ဂါရပ်တွေ ရှိနေတယ်။ နောင်အခါ Android update တွေမှာ face detection အရည်အချင်းနဲ့ shutter ups တွေအတွက် advanced ထက် တက်ဘလက်မှာ တပ်ဆင်ထားတဲ့ ကင်မရာအတွက် ပိုပြီးကောင်းလာပါလိမ့်မယ်။ ဆုံတာချိန်နိုင်တဲ့ အခွင့်အလမ်းတွေ ကောင်းပြီး ဗီဒီယိုအရည်အသွေး ပြည့်ပြည့်ဝဝနဲ့ video chat ပြုလုပ်ရာမှာ အသုံးချနိုင်တယ်။ 4G နဲ့ LTE netwoks များအပေါ်မှာ လည်ပတ်ရင် Android tablet တွေရဲ့ အရည်အသွေး တိုးမြှင့်လာပုံကို စတွေ့လာရမှာ ဖြစ်တယ်။ အဆင့်မြင့် ကင်မရာ တစ်လုံးနီးပါး အသုံးချနိုင်စေဖို့ Android phone တွေအတွက် apps 9 ခု ရှိထားပြီး ဖြစ်ပါတယ်။ Android OS အနေနဲ့ ဟာ့ဒ်ဝဲများကို ဆွဲတင်လာစရာ အကြောင်းရှိတယ်။ အသုံးချ ဆော့ဖ်ဝဲများကို အရည်အချင်း မြှင့်တင်ရင်း ဟာ့ဒ်ဝဲကို တောင်းခံလာစေမယ့်ပုံစံလို့ ပြောနိုင်တယ်။

Ice Cream Sandwich ကစပြီး default နဲ့ လုပ်ကိုင်နိုင်စေဖို့ ဟာ့ဒ်ဝဲရဲ့ အရှိန်ကို စတင်မြှင့်တင်လာ စေတယ်။ ဂိမ်းကစားတဲ့အခါ ပိုပြီး ချောမောပြေပြစ်စေမယ့် လုပ်ငန်းစဉ်လည်း ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာသေးတဲ့ လပိုင်းက ထုတ်လုပ်တဲ့ ဖုန်းတွေမှာ dual-core processor တွေ သုံးလာတာကို မြင်တွေ့ကြရတယ်။ Single-core ကနေ dual-core ပြောင်းလာပြီ ဆိုကတည်းက စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်မှုက သိသာလှပါတယ်။ အခုချိန်မှာ Android OS ဆိုတာ ဘက်စုံသုံး ဖြစ်လာနေတာကို တဖြည်းဖြည်း မြင်တွေ့နေကြရတယ်။ USB drive ကနေ robotic bartendus ထိ Android OS ကို ထည့်သုံးလာကြပါပြီ။ ၂၀၁၁ ခုနှစ် နှစ်ပတ်လည် ညီလာခံမှာ Gooble က Andorid @ Home စီမံကိန်းတစ်ခုကို စလုပ်ခဲ့တယ်။ စမတ်ဟောက်စ်ဆိုတဲ့ အလိုအလျောက် စနစ်တွေနဲ့ လုပ်ကိုင်နိုင်မယ့် အိမ်မှုကိစ္စအတွက် အသုံးချနိုင်အောင် Andorid စနစ်ကို ဖန်တီးယူမယ့် အစီအစဉ်ဖြစ်တယ်။ Android ပါဝါ ထည့်ထားတဲ့ ကိရိယာတွေကို ပူးတွဲဆက်သွယ်ပြီး အိမ်တွင်းနေထိုင်သူတွေ အတွက် ထည့်တဲ့ ကိရိယာတွေကို ပူးတွဲဆက်သွယ်ပြီး အိမ်တွင်း နေထိုင်သူတွေ အတွက် သက်သောင့်သက်သာ လွယ်လွယ်ကူကူ အသုံးချနိုင် သွားစေလိမ့်မယ်။



မော်တော်ကား ထုတ်လုပ်သူတချို့က ဆိုရင် သူတို့ ထုတ်လုပ်တဲ့ ကားတွေထဲမှာ Android ပါဝါသုံး media consoles တွေ ထည့်သွင်း တပ်ဆင်ဖို့ အစီအစဉ်တွေ ပြုလုပ်နေကြတယ်။ ဖုန်းကနေ ကားအထိ မီဒီယာမျှဝေ သုံးစွဲခွင့်တွေ ပေးပါလိမ့်မယ်။ ထပ်ဆင့်လွှမ်းခြုံပြီး ထည့်သွင်း ယူနိုင်ခွင့်တွေလည်း ပေးလာနိုင်တယ်။ Android overlays ပုံစံ Honeycomb tablets တွေမှာ တွေ့ခဲ့ကြရတယ်။ ဖုန်းအနေနဲ့ overlays ကိစ္စ အခက်အခဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Ice Cream Sandwich မှာ အလွန် အသုံးဝင်စေမယ့် အင်္ဂါရပ်တွေ တစ်ပုံတစ်ပင် ပါလာပြီး ဖြစ်တာကို HTC နဲ့ Samsung ထုတ်ပစ္စည်းတွေမှာ မြင်နေရတဲ့ အတွက် overlays ကိစ္စကိုတော့ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်း ဖြစ်လာနိုင်တယ်လို့ ပြောရပါလိမ့်မယ်။ အကောင်းဆုံး ဥပမာအနေနဲ့ Motorola ရဲ့ MotoBlur overlay ကို ပြောရမှာ ဖြစ်တယ်။ UI အပေါ် သိသိသာသာကြီး အမြင်ပိုင်းဆိုင်ရာ ပိုကဲလာတဲ့အခါ Android UI နဲ့ ဆက်နွယ်ပြီး သမလုပ်ကိုင်ရတဲ့ Light weight skin မှာ လျော့နည်းသွားစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ မီဒီယာပိုင်းမှာ iOS က ဘုရင်တစ်ဆူ ဖြစ်နေမှာ အမှန်ဖြစ်တယ်။ iTunes အနေနဲ့ apps တွေနဲ့ မြူးဇစ်တွေ သာမကဘဲ ရုပ်ရှင်တွေ ရုပ်မြင်သံကြား ပြကွက်တွေနဲ့ ကီးဘုတ်တွေ မျိုးစုံလို့ ရှိနေတယ်။ ဒီလိုအထာကို သိရှိပြီး Google Music ကို စတင်လုပ်ကိုင်ပြီး Google က Android အတွက် အလားတူ ဂေဟစနစ်ကို ဖန်တီးဖို့ ကြိုးစားလာတယ်လို့ ပြောနိုင်ပါလိမ့်မယ်။

၂၀၁၂ ခုနှစ်အတွက် အနည်းဆုံး updates နှစ်ခု Andorid အတွက် ထုတ်ပေးလာလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ အနီးကပ် လေ့လာသူတွေရဲ့ သတင်းစကားအရ Ice Cream Sandwich ကို လွှမ်းမိုးပြီး အသင့်သယ်ယူလာမယ့် Jelly Bean ထွက်လာ လိမ့်မယ်လို့ သိရှိရပါကြောင်း ၂၀၁၂ ခုနှစ်မှာရှိနေမယ့် Android ကို တစေ့တစောင်း တင်ပြလိုက်ရပါတယ်။
http://www.teashoptalk.com/

No comments:

Post a Comment