Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

Applications များကို Android Phone & Tablet ဖုံးထဲသို့ PC မှ တိုက်ရိုက် Install လုပ်နည်း

 
နေ့စဉ် ကျနော်တို့အသုံးပြုံးနေတဲ့ Android Phone & Tablet ထဲကို လိုချင်တဲ့ App များကို နည်းအမျိုးမျိုးနဲ့ ထည့်သွင်း ယူကြတယ်ဆိုတာ မိတ်ဆွေများ သိပြီးသားဖြစ်ပါတယ်။ အခု ကျနော် ပြောမဲ့ နည်းကတော့ တစ်ခါတည်းနဲ့ အလုပ် ၂ခုပြီးတဲ့ နည်းလမ်းလေးပါ။ Android Phone & Tablet ကို PC နဲ့ USB Cable အသုံးပြုပြီး ချိတ်လိုက်တဲ့အခါမှာ မိမိရဲ့ Android Phone & Tablet ကို Charge သွင်းပြီးသားဖြစ်သလို ၊ မိမိလိုချင်တဲ့ App များကို Android Phone & Tablet ကို Google Play ဆိုက်ကနေ တပြိုင်နက် ထည့်သွင်းယူလိုလဲပါတယ်။



App ထည့်သွင်းနည်းက အောက်မှာပြထားတဲ့အတိုင်းဖြစ်ပါတယ်။

၁။ အရင်ဆုံး မိမိရဲ့ Android Phone & Tablet ကို USB Cable နဲ့ ကွန်ပျူတာကို ချိတ်ပါ။ USB connected ဖြစ်ရမယ်။

၂။ https://play.google.com/store ကို သွားပါ။ 



၃။ မိမိလိုချင်တဲ့ App ပုံပေါ် Install ကို ကလစ်နှိပ်ပါ။ ဈေးနှုန်းပြထားတဲ့ App ကို ကလစ်မလုပ်နဲ့ Free မရဘူး။ ပိုက်ပိုက်ပေးရတယ် :P


၎။ မိမိလိုချင်တဲ့ App က Install ကို ကလစ်နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း Google account ၀င်ရန် Sing in box လေး ကျလာပါလိမ့်မယ်။ Google အကောင့် ၀င်လိုက်ပါ။ ဒီနေရာမှာ သတိထားရမှာက မိမိဝင်မဲ့အကောင့်က Android Phone & Tablet မှာ အသုံးပြုနေတဲ့အကောင့်ဖြစ်ရပါမယ်။ အကောင့် တစ်ခုတည်းဖြစ်ရပါမယ်။

၅။ Sign in ၀င်လိုက်တဲ့အခါ အောက်က ပုံအတိုင်းဖြစ်သွားတယ်။ အကောင့်ဝင်ပြီးပုံကို ကြည့်ပါ။ နောက်ပြီး Send to မှာ PC နဲ့ ချိတ်ဆက်ထားတဲ့ မိမိရဲ့ Android Phone & Tablet အမျိုးစားကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ချိတ်ဆက်ထားတဲ့ မိမိရဲ့ Android Phone & Tablet အမျိုးစား မပေါ်ဘူး ဆိုရင် ဘေးနားက အောက်စိုက်နေတဲ့ မြှားလေးကို ကလစ်ပေးပြီး မိမိရဲ့ Android Phone & Tablet အမျိုးအစားကို ရှာပေးပါ။ ပြီးရင် Install ကို ကလစ်လိုက်ပါ။

၆။ မိမိ Install လုပ်တဲ့ App က Android Phone & Tablet မှာ ဒေါင်းလွတ်ဆွဲပီး Auto Install လုပ်ပေးပါလိမ့်မယ်။ Download လုပ်ပြီးရင် Ok ကို ကလစ်ပါ။

၇။ Ok ပြီးရင် အောက်ကပုံအတိုင်း မိမိ ဒေါင်းလွတ်ယူထားတဲ့ App ဟာ မိမိရဲ့ Android Phone & Tablet ကို Installed လုပ်ပြီးကြောင်း App ရဲ့ အောက်ခြေမှာ ပြပေးပါလိမ့်မယ်။ 
ဒီလောက်ဆိုရင် သဘောပေါက်မယ်လို့ထင်ပါတယ်။ လွယ်ပါတယ်။ မခက်ပါဘူး။ မိမိရဲ့ Android Phone & Tablet ကို Charge လဲသွင်းရင် လိုချင်တဲ့ App များကိုလဲ တပြိုင်နက် ထည့်သွင်းရတာ ပျော်စရာလဲကောင်း အဆင်လဲပြေပါတယ်။ မရှင်းတာရှိရင် ကွန်မန့်ပေးပြီး မေးနိုင်ပါတယ်။ အဆင်ပြေပါစေ....။


စာချစ်သူ

No comments:

Post a Comment