Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android

လူတိုင်းပြောနေကြတဲ့ Android


အခုဆိုရင် Smart Phone တွေကလည်း အရမ်းများလာပြီဆိုတော့ Android ဆိုတာကို မသိ့တဲ့ နည်းပညာသမား မရှိတော့ သလောက်ဖြစ်သွားခဲ့ပါပြီ။ ဟိုလူလည်း Android ဒီလူလည်း Android ဆိုတော့ ကျွန်တော်လည်း Android နဲ့ပတ်သက်ပြီး လေ့လာမိသလောက် ရေးချင်စိတ်ဖြစ်လာတာနဲ့ ဒီ Post လေးကို ရေးလိုက်တာပါ။ ကျွန်တော်က Android ဆိုတာ ဘယ်လိုမျိုး ၊ Android OS ကိုဘယ်လို တင်ရတယ်။ OS ကို ဘယ်လို Backup လုပ်ရတယ်။ ဘယ်လို Restore ပြန်လုပ်ရမယ်။ ဘယ်လို အသုံးပြုရတယ်။ ဘယ် Application တွေက ကောင်းတယ်။ အဲဒါတွေ ရေးမှာတော့ မဟုတ်ပါဘူး။ Android ကိုလေ့လာမဲ့ လူတစ်ယောက်အတွက် ဒီ Android ကဘယ်ကနေ ဘယ်လို စလာခဲ့တယ် ဆိုတာကို စလေ့လာမယ် နည်းပညာသမားတစ်ယောက်အတွက် သိ့သင့်တယ်ထင်လို့ ကျွန်တော် လေ့လာမိခဲ့တာလေးကို အတိုချုန်းပြီး ပြန်ချရေးပြလိုက်ခြင်းမျိုးသက်သက်ပါ။ ကြီးကျယ် ခန်းနားတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ 
Android ဆိုတာ Mobile Device တွေ Tablet တွေမှာ အသုံးပြုတဲ့ Operating System တစ်ခုလို့ ပြောရင် ဘယ်သူမှ ငြင်းမယ်မထင်ဘူး။ သူက Linux Kernel ကိုအသုံးပြုထားတဲ့ Open Source Platform တစ်ခုပေါ့။ အဲဒီ Android Inc. ကို Andy Rubin , Rich Miner , Nick Sears , Chris White ဆိုတဲ့ လူလေးယောက် ကနေ အမေရိကန်နိုင်ငံ Palo Altro, California ပြည်နယ်မှာ 2003 ခုနှစ်ရဲ့ October လထဲမှာ စတင် တည်ထောင်ခဲ့ပါ တယ်။ အဲဒီထဲကမှ Founder လုပ်သူကတော့ Andy Rubin ပေါ့။ သူတို့ (၄) ဦးရဲ့ အစရည်ရွယ်ချက်က ရှင်းပါတယ်။Smart Phone တွေနဲ့ဆိုင်တဲ့ နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ဖို့အတွက်ပါတဲ့။ ဒါပေမဲ့ သူတို့ ဒီလုပ်ငန်းကို ရေရှည် မလည်ပတ်နိုင် ခဲ့ကြဘူး။ ငွေးကြေးပိုင်း ဆိုင်ရာတွေ ၊ တစ်ခြား ပြဿတွေကြောင့် အဆင်မပြေဖြစ်လာခဲ့တယ်။ အဲဒီလိုဖြစ်နေတဲ့ Android Inc ကို 2005 ခုနှစ် ၊ သြဂုတ်လ (၁၇) ရက်နေ့မှာ Google Company က ၀ယ်ယူလိုက်ပါတယ်။ နောက်တော့ Google က သူရဲ့ လက်အောက်ငယ်ဖြစ်သွားတဲ့ Android Inc ကို သူ့ရဲ့ မူရင်း တည်ထောင်သူ (၄) ဦးကိုပဲ ၀န်ထမ်းများအဖြစ် ပြန်လည် ခန့်ထားခဲ့ပါတယ်။ Google က Android Inc ကို ၀ယ်ယူခဲ့ပြီး 2007 ခုနှစ် ၊နိုဝင်ဘာ (၅) ရက်နေ့ အရောက်မှာ OHA လို့ခေါ်တဲ့ Open Handset Alliance ကိုစတည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Mobile နဲ့ပတ်သက်တဲ့ နည်းပညာတွေကို စပြီးလုပ်ဆောင်ဖို့အတွက်ပါပဲ။2005 ခုနှစ်နဲ့ 2007 ခုနှစ် (၂) နှစ်တာ ကာလအတွင်းမှာ လူတွေက Google ကိုဘာတွေများလုပ်မလဲ ဆိုပြီး စောင့်ကြည့်နေခဲ့တဲ့အချိန်ပေါ့။ တစ်ချို့ လဲ Google Phone တွေထွက်လာတော့မယ်ပေါ့။ အဲဒီလို 2 နှစ်တိတိ ငြိမ်နေခဲ့ပြီးမှ Google က 2005 ခုနှစ်မှာ Palo Altro, Andy Rubin , Rich Miner , Chris White တို့ဆီက ၀ယ်ယူထားတဲ့ Android Inc ရဲ့ နည်းပညာတွေကို Open Source ဆိုပြီး စကြေငြာလိုက်ပါတယ်။ တနည်းအားဖြင့် မည်သူမဆို လွတ်လပ်စွာ ရယူသုံးစွဲနိုင်တယ်လို့ ကြေငြာလိုက်တာပါ။ အဲဒီလို OHA (Open Handset Alliance) ကိုကြေငြာတဲ့ နေ့မှာပဲ Linux Kernel Vs 2.6 ကိုအခြေခံထားတဲ့ Android OS ကိုစတင် ဖြန့်ဝေ ပေးခဲ့ပါတယ်။ အဲလိုနဲ့ Google ဦးဆောင်တဲ့ OHA(Open Handset Allicance) အဖွဲ့အစည်းဟာ နည်းပညာ ကုမ္မဏီ တော်တော်များများ ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် 2008 ခုနှစ်မှာ Android SDK ( Software Development Kit) Version 1.0 ကို စတင်ဖြန့်ချီပေးလာခဲ့ပြန်ပါတယ်။ အဲလိုနဲ့စခဲ့တဲ့ Google ရဲ့ Android က အခုဆိုရင် တနေ့ကို Android Device ပေါင်း 850000 ကျော်တောင် တနေ့တနေ့ကို Activate လုပ်နေကြပြီလို့ Google ရဲ့ 2012 ခုနှစ် စစ်တမ်းကောက်ယူချက်မှာ ဖေါ်ပြထားပါတယ်။
အဲလောက်ဆိုရင်တော့ Android စလေ့လာမဲ့သူတွေ Android ဘယ်လိုအစပြုလာတယ် ဆိုတာ အနည်းအကျဉ်းပဲ ဖြစ်ဖြစ် သိ့လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီထက် ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာလို တယ် ဆိုရင်တော့ .. ဒီလင့်လေးမှာ သွားကြည့်လိုက်ပါဗျာ …..
Google ရဲ့ Android နဲ့ပတ်သက်တဲ့ အကြောင်းတွေ ဆွေးနွေးလိုတယ် ။ လေ့လာချင်တယ် ဆိုရင်တော့ ဒီမှာလေ့လာနိုင်ပါတယ်။
Android Developer တွေအတွက်ကတော့ http://developer.android.com/index.html ကနေပြီး SDK Free Download ရယူနိုင်ပါတယ်။
နောက်တစ်ခု Android Software တွေကို Download လုပ်ယူချင်တယ်ဆိုရင်တော့ http://download.pandaapp.com/ နဲ့ http://www.1mobile.com/ မှာ download ရယူနိုင်ပါတယ်ဗျာ။ အဲဒီ site နှစ်ခုကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ။ တစ်ခြား site တွေလဲ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ခုဆိုရင်ကို ခင်ဗျားတို့ တော်တော်ပြည့်စုံနေပါပြီ။
10.6.2012 (Sunday)   

www.tramyanmar.co.cc to www.tramyanmar.net

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ... လေးစားစွာဖြင့် .. သူရ

No comments:

Post a Comment